NEWS

တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့   မြန်မာ ၁၅ဦး အဖမ်းခံရ

CoverLogo
378 Views

ထိုင်းနိုင်ငံ  အတွင်းသို့ တရားမဝင် ဝင်ရောက်ဖို့   ဓါတ်မြေဩဇာ အိတ်များ သယ်ဆောင်လာတဲ့ ကား အတွင်း ပုန်းအောင်လိုက်ပါလာတဲ့ မြန်မာအလုပ်သမား ၁၅ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းဒေသတွင်းသတင်းတွေအရသိရပါတယ်။ 

 

ဖေဖေါ်ဝါရီ ၁၈ရက် နံနက်ပိုင်း မှာ ကန်ကျနဘူရီခရိုင် အတွင်းရှိ  စစ်ဆေးရေးဂိတ်မှာ ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက် ရေနံ(စက်သုံးဆီ) တင်ပို့မှု ရှိမရှိ ဖြတ်သန်းသွားလာတဲ့ယာဉ်တွေ ကို စစ်ဆေးမှု တွေ ပြုလုပ်နေစဉ် မှာ ကုန်တင်ယာဉ် အဖြူရောင် ရဲ့ နောက် တွင် ဓါတ်မြေဩဇာအိတ်များနဲ့ ဖုံးကွယ်ထားကာ လိုက်ပါလာတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား ၁၅ဦး ကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

 

အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၅ဦးတို့မှာ  ၎င်းကားအနောက်မှာ ပုန်းအောင်းလိုက်ပါလာတယ်လို့ သိရပါတယ်။ 

 

မြန်မာအလုပ်သမား ၁၅ဦးနဲ့ ကားသမား တို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးလဝကဥပဒေ ဖြင့် အရေးယူ ရန် sangkhlaburi ရဲစခန်း ကို ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

 

၂၀၂၅ခုနှစ် နှစ်စ မှ စပြီး လက်ရှိအချိန်ထိ ထိုင်းနိုင်ငံ ဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော်လာတဲ့ မြန်မာအလုပ်သမားတွေ မှာ နေ့စဉ် နီးပါး ဖမ်းဆီးခံရတာတွေ ဖြစ်ပေါ်နေပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026