NEWS

တတိယနိုင်ငံကို အမြန်သွားရမည်ဟုပြောဆို လိမ်လည်မှုများကို မယုံကြည်ဖို့ (UNHCR) သတိပေး

CoverLogo
396 Views

အမေရိကန် အစိုးရရဲ့ ပြည်ပမှ ဒုက္ခသည်များခေါ်ယူမှု အစီစဉ်နဲ့ပက်သက်ပြီး အမေရိကန် အစိုးရရဲ့  ညွှန်ကြားချက် ကို စောင့်ဆိုင်းနေရတဲ့ ကာလအတွင်း မလေးရှားနိုင်ငံကနေ တတိယနိုင်ငံကို အမြန်သွားရဖို့ ကူညီပေးမယ်ဆိုပြီး လိမ်လည်တာတွေကို မယုံကြဖို့ မလေးရှားနိုင်ငံက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က ဖေဖော်ဝါရီ ၅ ရက်မှာ သတိပေးလိုက်ပါတယ်။ 

အမေရိကန် အစိုးရက ဒုက္ခသည်များ ကို လက်ခံခြင်းအစီစဉ်(USRAP)ကိုဆိုင်းငံ့ထားကြောင်း တရားဝင်ကြေညာခဲ့တဲ့ အတွက် UNHCR အနေဖြင့် ဒုက္ခသည်များ ကို အမေရိကန် နိုင်ငံ သို့ပို့ဆောင် ရန် အမေရိကန် အစိုးရရဲ့ ညွှန်ကြားချက်ကိုသာ စောင့်ဆိုင်းနေရတယ်လို့ဆိုပါတယ်။ 

ဆိုင်းငံမှုကြောင့် မိသားစုခေါ်ယူခြင်းနဲ့ Welcome corps အစီစဉ် တွေ အကျိုးသက်ရောက်မှု ဖြစ်စေကာ စောင့်ဆိုင်းနေရတဲ့ ကာလ အတွင်း တတိယ နိုင်ငံ သို့ အမြန်သွားရမည် ကူညီပေးနိုင်တယ်ဆိုတဲ့ လိမ်လည်တာတွေရှိလာနိုင်တဲ့ အတွက် အခုလို ပြောဆို တာတွေ ကို မယုံကြည်ဖို့ လေးရှားနိုင်ငံက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က  သတိပေးထားပါတယ်။ 

ဒါ့အပြင် စောင့်ဆိုင်းနေတဲ့ ကာလအတွင်း တတိယနိုင်ငံ ကို ထွက်ခွာတော့မယ့် မျှော်လင့်ချက်ဖြင့် အလုပ်မှထွက်ခြင်း ကလေးငယ်များကို ကျောင်းမှ အနားပေးခြင်း၊ မိမိပိုင်ပစ္စည်းများ ကို ရောင်းချခြင်းစတဲ့အပြောင်းလဲများ မပြုလုပ်ဖို့အသိပေးထားပါတယ်။ 

USRAP ဆိုင်းငံခြင်း ဟာဒုက္ခသည် အားလုံး အတွက် ဖြစ်တာကြောင့် မလေးရှားနိုင်ငံ မှ တတိယနိုင်ငံကို အမြန်ဆုံး ထွက်ခွာရန်ကူညီပေးမယ်ဆိုတာမျိုး တွေ မယုံကြည်ဖို့နဲ့ ၎င်းသတင်းများ သိရှိပါက UNHCRကို ဦးစွာ တိုင်ပင် အသိပေးရန် နဲ့ တိုင်ကြားရန် ကိုလည်း တိုက်တွန်းထားပါတယ်။ 

ဒုက္ခသည်ခေါ်ယူမှု နဲ့ ပက်သက်ပြီး အပြောင်းအလဲ များရှိလာပါက လည်း UNHCR အနေနဲ့ Refugee Malaysia Website မှာ ပြန်လည်အသိပေးကြေညာသွားမယ်လို့  ထုတ်ပြန်ထားပါတယ်။ 

Myanmar Labour News ရဲ့ နောက်ဆုံးရအလုပ်သမားရေးရာ သတင်းတွေကို  
အပလီကေးရှင်း  - https://bit.ly/3oNDLga
ဝက်ဘ်ဆိုက် - https://www.myanmarlabournews.com
တယ်လီဂရမ် - https://t.me/myanmarlabournews တွေမှာလည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ 

#HTH
#MyanmarLabourNews


Related posts

Cover
ထိုင်းတောင်ပိုင်း ဟက်ယိုင်မြို့ရေဆက်ကြီးနေပြီး မြန်မာအလုပ်သမားများအကူအညီလိုအပ်နေ
Nov 30, 2025
Cover
ဖော့ကျိတ်စက် ကြိတ်မိသေဆုံးသွားသောမြန်မာလုပ်သားအတွက် နစ်နာကြေးရရှိရေးညှိနှိုင်းနေ
Nov 30, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift) ပိမိပြီး သေဆုံး
Nov 22, 2025
Cover
မလေးရှားတွင်အထောက် အထားမရှိသည့် မြန်မာလုပ်သား ၂၀၀ ခန့် အဖမ်းခံရ
Nov 21, 2025
Cover
ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
Nov 21, 2025
Cover
အကြောင်းအမျိုးမျိုးဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ နေရပ်ပြန်ပို့ရေး မြန်မာ-တရုတ် နှစ်နိုင်ငံ MOU ရေးထိုး
Nov 21, 2025
Cover
ပြည်ပအလုပ်အကိုင်အတွက် EC စာချုပ် ချုပ်ပြီး တစ်နှစ်နီးပါးအထိ ထွက်ခွာခွင့်မရတဲ့အလုပ်သမားတွေ အခက်ကြုံနေ
Nov 21, 2025
Cover
ဘန်ကောက်တွင် အလုပ်လုပ်ရန် နယ်စပ် ဖြတ်ကျော်သည့် မြန်မာလုပ်သား ၃၆ ဦး အဖမ်းခံရ
Nov 21, 2025