NEWS

တတိယနိုင်ငံကို အမြန်သွားရမည်ဟုပြောဆို လိမ်လည်မှုများကို မယုံကြည်ဖို့ (UNHCR) သတိပေး

CoverLogo
576 Views

အမေရိကန် အစိုးရရဲ့ ပြည်ပမှ ဒုက္ခသည်များခေါ်ယူမှု အစီစဉ်နဲ့ပက်သက်ပြီး အမေရိကန် အစိုးရရဲ့  ညွှန်ကြားချက် ကို စောင့်ဆိုင်းနေရတဲ့ ကာလအတွင်း မလေးရှားနိုင်ငံကနေ တတိယနိုင်ငံကို အမြန်သွားရဖို့ ကူညီပေးမယ်ဆိုပြီး လိမ်လည်တာတွေကို မယုံကြဖို့ မလေးရှားနိုင်ငံက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က ဖေဖော်ဝါရီ ၅ ရက်မှာ သတိပေးလိုက်ပါတယ်။ 

အမေရိကန် အစိုးရက ဒုက္ခသည်များ ကို လက်ခံခြင်းအစီစဉ်(USRAP)ကိုဆိုင်းငံ့ထားကြောင်း တရားဝင်ကြေညာခဲ့တဲ့ အတွက် UNHCR အနေဖြင့် ဒုက္ခသည်များ ကို အမေရိကန် နိုင်ငံ သို့ပို့ဆောင် ရန် အမေရိကန် အစိုးရရဲ့ ညွှန်ကြားချက်ကိုသာ စောင့်ဆိုင်းနေရတယ်လို့ဆိုပါတယ်။ 

ဆိုင်းငံမှုကြောင့် မိသားစုခေါ်ယူခြင်းနဲ့ Welcome corps အစီစဉ် တွေ အကျိုးသက်ရောက်မှု ဖြစ်စေကာ စောင့်ဆိုင်းနေရတဲ့ ကာလ အတွင်း တတိယ နိုင်ငံ သို့ အမြန်သွားရမည် ကူညီပေးနိုင်တယ်ဆိုတဲ့ လိမ်လည်တာတွေရှိလာနိုင်တဲ့ အတွက် အခုလို ပြောဆို တာတွေ ကို မယုံကြည်ဖို့ လေးရှားနိုင်ငံက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က  သတိပေးထားပါတယ်။ 

ဒါ့အပြင် စောင့်ဆိုင်းနေတဲ့ ကာလအတွင်း တတိယနိုင်ငံ ကို ထွက်ခွာတော့မယ့် မျှော်လင့်ချက်ဖြင့် အလုပ်မှထွက်ခြင်း ကလေးငယ်များကို ကျောင်းမှ အနားပေးခြင်း၊ မိမိပိုင်ပစ္စည်းများ ကို ရောင်းချခြင်းစတဲ့အပြောင်းလဲများ မပြုလုပ်ဖို့အသိပေးထားပါတယ်။ 

USRAP ဆိုင်းငံခြင်း ဟာဒုက္ခသည် အားလုံး အတွက် ဖြစ်တာကြောင့် မလေးရှားနိုင်ငံ မှ တတိယနိုင်ငံကို အမြန်ဆုံး ထွက်ခွာရန်ကူညီပေးမယ်ဆိုတာမျိုး တွေ မယုံကြည်ဖို့နဲ့ ၎င်းသတင်းများ သိရှိပါက UNHCRကို ဦးစွာ တိုင်ပင် အသိပေးရန် နဲ့ တိုင်ကြားရန် ကိုလည်း တိုက်တွန်းထားပါတယ်။ 

ဒုက္ခသည်ခေါ်ယူမှု နဲ့ ပက်သက်ပြီး အပြောင်းအလဲ များရှိလာပါက လည်း UNHCR အနေနဲ့ Refugee Malaysia Website မှာ ပြန်လည်အသိပေးကြေညာသွားမယ်လို့  ထုတ်ပြန်ထားပါတယ်။ 

Myanmar Labour News ရဲ့ နောက်ဆုံးရအလုပ်သမားရေးရာ သတင်းတွေကို  
အပလီကေးရှင်း  - https://bit.ly/3oNDLga
ဝက်ဘ်ဆိုက် - https://www.myanmarlabournews.com
တယ်လီဂရမ် - https://t.me/myanmarlabournews တွေမှာလည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။ 

#HTH
#MyanmarLabourNews


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026