NEWS

တည်ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျမှုကြောင့် မြန်မာအပါအဝင်အလုပ်သမား၁၂ဦး ထိခိုက်ဒဏ်ရာရ

CoverLogo
307 Views
 
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မင်ဘူရီနယ်မြေ၊ နိမစ်မိုင်လမ်းရှိ ရေသိုလှောင်ကန် တည်ဆောက်လုပ်ရေး လုပ်ငန်းခွင် အတွင်း ပြိုကျမှုကြောင့် မြန်မာအပါအဝင် လုပ်သား၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။
 
ဇူလိုင်လ ည ၈နာရီ ခန့်က ဘန်ကောက် မင်းဘူရီုခရိုင်ရှိ မြို့တော်ရေသိုလှောင်ရေး ရေကန်တည်ဆောက်မှု အတွင်း ကွန်ကရစ်လောင်းရန် ပြုလုပ်နေစဉ်စတီးဘောင်များ ပြိုကျမှု ဖြစ်ပေါ်ခဲ့ ပြီး အလုပ်သမား ၁၆၀ ဦး အနက် မှ မြန်မာရွှေ့ပြောင်းလုပ်သား၁၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
ထိခိုက်တဲ့ အလုပ်သမား၁၂ဦး ထဲမှာ အမျိုးသား၉ဦးနဲ့ အမျိုးသမီး ၃ဦးတို့ဖြစ်ပြီး ထိုင်းနိုင်ငံသား၂ဦး၊မြန်မာနိုင်ငံသား ၇ဦးနဲ့ ကမ္ဘောဒီးယားနိုင်ငံသား၃ဦး တို့ ပါဝင်တယ်လို့ ဆိုပါတယ်။
 
ဆောက်လုပ်ရေး လုပ်ငန်းခွင် အတွင်း ပြိုကျမှုကြောင့် အလုပ်သမားတွေရဲ့ လက်နဲ့ခြေထောက်တွေ မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ဒဏ်ရာရရှိသူတွေကို ဆေးရုံမပို့ခင် ကနဦး ကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
 
လက်ရှိမှာ လုပ်ငန်းခွင်အတွင်း ပြိုကျရတဲ့ အကြောင်းအရင်းကိုအာဏာပိုင်တွေက စုံစမ်းနေဆဲဖြစ်ပြီး ဆောက်လုပ်ရေး လုပ်ငန်း လုံခြုံရေး စည်းကမ်း လိုက်နာမှုရှိမရှိကို ဆက်လက် စစ်ဆေးသွားမယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
 
Ref-Khaosod English

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026