NEWS

တစ်ဦးလျင် ဘတ် ၂၀၀၀၀ နှုန်း ပေးပြီး အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့ မြန်မာ ၁၄ ဦးအဖမ်းခံရ

CoverLogo
603 Views

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်အတွင်းသို့နယ်စပ်ဖြတ်ကျော်ကာ  တရားမဝင်ဝင်ရောက် လာတဲ့ မြန်မာအလုပ်သမား ၁၄ ဦး ကို မတ်လ ၄ ရက် မနက်ပိုင်းမှာ ဖမ်းမိခဲ့ တယ်လို့ ထိုင်းသတင်းတွေရဲ့ဖေါ်ပြချက်အရသိရပါတယ်။ 

 

မြန်မာနိုင်ငံသား ၁၄ ဦး ကို  ပစ်ကပ်ထရပ်ကားရဲ့ နောက်ခန်း မှာ အနက်ရောင် တာပေါ်လင် စ ဖြင့် ဖုံးအုပ် ထားပြီး ကျပ်သိပ်စွာ ထည့်သွင်း ခေါ်ဆောင်လာချိန်  လမ်းမှာ  ထိုင်းအာဏာပိုင်တွေက စစ်ဆေးဖို့ ဟန့်တားခဲ့တယ်လို့ ဆိုပါတယ်။ 

 

အခုလို ထိုင်းအာဏာပိုင်တွေက စစ်ဆေး ဟန့်တား ရာ မှာ   ယာဉ်မောင်း ဖြစ်သူက ယာဉ်ကိုစွန့်ခွာ ပြီး တောထဲ သို့ ထွက်ပြေး လွတ်မြောက်သွားတယ် လို့ သတင်းမှာဖေါ်ပြထားပါတယ်။ 

 

ဖမ်းဆီးခံရတဲ့ မြန်မာ အလုပ်သမားတွေ ကို ထိုင်းအာဏာပိုင်တွေ က စစ်ဆေးမေးမြန်းရာမှာ ထိုင်းနိုင်ငံအတွင်း ကို လာရောက် ဖို့ အတွကိ  ပွဲစား ဆိုသူ ကို  တစ်ဦး လျှင် ထိုင်းဘတ်ငွေ ၂၀၀၀၀ ( မြန်မာငွေ ၂၅ သိန်း၀န်းကျင်) စီပေးထားရတယ်လို့ ထွက်ဆိုထားပါတယ်။ 

 

ဖမ်းမိတဲ့  မြန်မာနိုင်ငံသား ၁၄ ဦးကိုတော့ ဥပဒေ အတိုင်း အရေးယူဆောင်ရွက် သွားမယ်လို့ သိရပါတယ်။ 

 

ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင် အတွင်း   တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာတဲ့ မြန်မာအလုပ်သမား တွေ  မကြာခဏ  ဖမ်းမိခံရပေမယ့်   ပို့ဆောင်ပေးတဲ့ ပွဲစား နဲ့ ယာဉ်မောင်းတွေ ဖမ်းမိတာ အလွန်နည်းကြောင်း ထိုင်းသတင်းတွေရဲ့ ဖေါ်ပြချက်အရ သိရပါတယ်။ 

 

Ref-Matchion Online 


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026