NEWS

တစ်ရှိန်ထိုးမြင့်တက်လာတဲ့ရွှေဈေးကိုထိန်းချုပ်ဖို့ ရွှေဒင်္ဂါးထုတ်ရောင်းမဲ့စစ်ကောင်စီအစီစဉ် ဈေးကွက်ထိန်းချုပ်မှု မအောင်မြင်နိုင်

CoverLogo
5.4K Views

ပြည်တွင်းရွှေဈေးနှုန်းတွေ စံချိန်တင်အထိတစ်ရှိန်ထိုးမြင့်တက်လာတာကြောင့် ရွှေဒင်္ဂါးပြားတွေကို ရောင်းချပေးဖို့ စီစဉ်နေတာဟာ  ရွှေဈေးမြင့်တက်မှုကိုအတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ဖို့ မအောင်မြင်နိုင်ဘူးလို့ သုံးသပ်မှုတွေရှိနေပါတယ်။

"ရွှေဈေးထိန်းချုပ်ဖို့အတွက်သူတို့လုပ်နေတာ။ အကယ်ဒမီရွှေနဲ့ဒေါ်လာကိုပါလာအောင်လုပ်တာ။  နားမလည်တဲ့သူ ညံ့တဲ့သူကတော့ ခံရမှာပဲ။ ရွှေဒဂါးကအရည်အသွေးမမီတာတွေထုတ်မှာ။ ညံ့ရင်ခံအုံးပဲ။ 
ဒင်္ဂါးထုတ်ပြီးငွေကြေးထိန်းတာက ထင်သလောက်တော့မအောင်နိုင်ဘူး။ ဒေါ်လာဈေးကတော့ ခုညအထိ ၃၀၀၀ နဲ့ ၃၀၀၀ အောက်ကိုဆင်းနေတယ် ဒါပေမဲ့အရောင်းအ၀ယ်မရှိ ငြိမ်နေတယ်။ ၄၀၀၀ အထက်၀ယ်စုပြီး ပိုက်ဘောမိနေကြတာကများမယ်။ ဒါကလည်းခဏပဲလို့ထင်ပါတယ်။  ရေရှည်ထိန်းနိုင်မယ်မထင်ပါဘူး။ ရွှေဈေးကလည်းမနေ့ကကျတယ် ဒီနေ့တော့ သိန်း၃၀တန်းကိုပြန်ရောက်တာပါပဲ ရောင်းအေး၀ယ်အေးပေါ့"လို့  ရွှေဈေးကွက်မှ  လုပ်ငန်းရှင်တစ်ဦးကဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ တစ်ကျပ်သား၊ ငါးမူးသားနဲ့ တစ်မတ်သား အလေးချိန်ရှိတဲ့ ရွှေဒင်္ဂါးပြားတွေကိုကမ္ဘာ့ပေါက်ဈေးအတိုင်း စစ်ကောင်စီက မကြာခင်မှာ ရောင်းချပေးပါတော့မယ်။

အဆိုပါ ရွှေဒင်္ဂါးပြားတွေ ရောင်းချပေးမှုကို ကိုဗစ်ကာလကတည်းက ပိတ်ထားခဲ့တာဖြစ်ပြီး အခုလ စက်တင်ဘာလမှာ ပထမဆုံးအကြိမ် ကမ္ဘာ့ပေါက်ဈေးအတိုင်း သက်သာတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးမယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၁ ရက်က ကြေညာလိုက်တာဖြစ်ပါတယ်။

ဒါဟာ ဝန်ကြီးဌာနအောက် သတ္တုတွင်းတွေ ရွှေလုပ်ကွက်တွေကနေ ရရှိတဲ့အခွန်တွေကနေပဲ လုပ်ဆောင်တာဖြစ်ပြီး  ရွှေဈေးတက်တာတွေကို ထိန်းနိုင်ဖို့မျှော်လင့်ထားတယ်လို့ဆိုထားပြီး ရွှေဒင်္ဂါးပြားတွေကို ဘယ်နေ့ဘယ်ရက်မှာ ဘယ်ဈေးနှုန်းနဲ့ ဘယ်လိုရောင်းချမယ်ဆိုတာကိုတော့ အသေးစိတ်ကြေညာသွားတာမရှိပါဘူး။

လက်ရှိမြန်မာ့ရွှေဈေးဟာ ကမ္ဘာ့ရွှေဈေးထက် မြင့်တက်နေတာဖြစ်ပါတယ်။ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းရဲ့ စက်တင်ဘာ ၂ ရက်နေ့ အကယ်ဒမီ မီးလင်းရွှေဈေးက တစ်ကျပ်သားကို မြန်မာငွေ ကျပ် ၁၉ သိန်း ကိုးသောင်းကျော် (၁,၉၉၈,၀၀၀) သာရှိပြီး ပြင်ပ ပေါက်ဈေးက သိန်း ၃၀ ကျော်နဲ့  ဈေးပိတ်ခဲ့ပါတယ်။ ကိုယ်တိုင် ရွှေတုံးပြန်လည်ရောင်းချခဲ့သူကတော့  ကျပ် ၂၇ သိန်းသာရရှိခဲ့တယ်လို့ ပြောပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက်မှာတော့ ငါးမူးသားရွှေဒင်္ဂါးကို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုပ်ပုံပါတဲ့ ပုံစံအသစ်နဲ့ ပြောင်းလဲထုတ်လုပ်ရောင်းချခဲ့ပါသေးတယ်။

MyanmarLabourNews


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026