ပြီးခဲ့တဲ့ ဇွန်လ ၁ရက် က ထွက်ရှိတဲ့ ထိုင်းထီအမြင့်ဆုံးဆုကြီး ထိုင်းဘတ်သိန်း ၆၀ ကံထူးရှင် အဖြစ် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားလူငယ်တစ်ဦး ဆွတ်ခူးခဲ့တယ်လို့ AAC-မဟာမိတ်အဖွဲ့ ထံက သိရပါတယ်။
အဆိုပါ မြန်မာအလုပ်သမား ဟာ ထိုင်းနိုင်ငံ တောင်ပိုင်း ကဘီမြို့နယ်မှာ အလုပ် လုပ်နေတဲ့ အလုပ်သမားတစ်ဦး ဖြစ်တယ်လို့ဆိုပါတယ်။
ထိုင်းထီ ထိုးစဉ်က နှစ်စောင်ထိုးခဲ့ပေမယ့် တစ်စောင်ကိုတော့ အလုပ်ရှင် ကို ထီမထွက် ခင်က ပြန်ရောင်းခဲ့တယ်လို့ သိရပါတယ်။
ရရှိတဲ့ ဆုကြေးငွေကို ထုတ်ယူရန် အတွက် ထိုင်းအလုပ်ရှင်မှ ကူညီပေးမည် ပြောသော်လည်း အဆိုပါ ကံထူးရှင် လူငယ်လေးမှ မြန်မာအလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေတဲ့ AAC-မဟာမိတ်အဖွဲ့ ထံကိုသာ ဆုငွေထုတ်ပေးရန် အကူညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ မှာ ဆုကြေးငွေ များ ကို အခက်ခဲမရှိ ထုတ်ယူပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းထီအမြင့်ဆုံးဆုကြီးဖြစ်တဲ့ ထိုင်းဘတ်သိန်း၆၀ ကံထူးသော မြန်မာအလုပ်သမား တွေ ကို AAC-မဟာမိတ်အဖွဲ့မှ ဆုကြေးငွေများ ထုတ်ပေးခဲ့ရာ ယခု လူငယ်လေးမှာ ၄၆ ဦးမြောက် ဖြစ်ကြောင်း သိရပါတယ်။