NEWS

ဇူလိုင် ၁ ရက်ကစပြီး တစ်ဦးချင်းအလိုက် ဗီဇာလျှောက်ထားသူတွေကို အွန်လိုင်းဘိုကင်စနစ် နဲ့ ဆောင်ရွက်ပေးမယ်လို့ ဂျပန်သံရုံးကြေညာ

CoverLogo
305 Views

ဂျပန်နိုင်ငံ ကို သွားရောက်ဖို့ အတွက် ရန်ကုန်ရှိ ဂျပန်သံရုံး မှာ ဗီဇာလျှောက်ထား ရာ မှာ တစ်ဦးချင်း အလိုက် ဗီဇာလျှောက်ထားတဲ့ သူတွေ ကို ဇူလိုင် ၁ရက် က စပြီး အွန်လိုင်းဘိုကင်စနစ် နဲ့ ဆောင်ရွက်ပေးတော့မယ်လို့ ဂျပန်သံရုံး က ကြေညာလိုက်ပါတယ်။

ဗီဇာလျှောက်ထားရာ မှာ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင် ဖို့  လျှောက်ထားသူ တွေ အားလုံးထံမှ ပူးပေါင်းကူညီမှုကို ရရှိပေမယ့် လျှောက်ထားသူအ‌ရေအတွက်ဟာ ပိုမိုများပြားလာတဲ့ အတွက် ဇူလိုင်လ (၁) ရက်နေ့မှစတင်ပြီး အွန်လိုင်းဘိုကင်စနစ်ကို အသုံးပြုရတာဖြစ်တယ်လို့ဆိုပါတယ်။

အဖွဲ့အလိုက်မဟုတ်တဲ့  တစ်ဦးချင်းစီအလိုက် ဗီဇာလျှောက်ထားမယ့် သူတွေဟာ  ဇူလိုင်လ (၁) ရက်နေ့မှစတင် ပြီး  Facebook၊ Telegram နှင့် ဂျပန်သံရုံးအင်တာနက်စာမျက်နှာတွင် ဖော်ပြပေးမည့် URL ကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

ခရီးသွားကုမ္ပဏီတွေ  အလုပ်သမားအေဂျင်စီ တွေ နဲ့  ဂျပန်စာသင်တန်းကျောင်းများစတဲ့ အဖွဲ့လိုက်လျှောက်ထားခြင်းများနှင့် ပတ်သက်၍လည်း ဇူလိုင်လ အလယ်ပိုင်း မှာ  အွန်လိုင်းဘိုကင်လက်ခံခြင်းကို စတင်မယ့်ရက် အတည်ပြုပြီးပါက ထပ်မံအသိပေးကြေညာမယ်လို့ ဂျပန်သံရုံးက အသိပေးထားပါတယ်။

ကြိုတင်ဘိုကင်နှင့်ပတ်သက်ပြီး  မေးမြန်းစုံစမ်းရန် အတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးတယ်လီဖုန်း 95-1-549644~8အီးမေးလ် ryoji@yn.mofa.go.jp တို့ကနေစုံစမ်းနိုင်တယ်လို့ ကြောညာချက်မှာ ဖေါ်ပြထားပါတယ်။


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026