NEWS

ဇီဝဇိုးငှက်အိမ်ဆောက်လုပ် မွေးမြူတဲ့ လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံသူများပြီး လုပ်သားလိုအပ်ချက်ရှိလာ

CoverLogo
901 Views
 
ဇီဝဇိုး ငှက် တွေ ကို ငှက်အိမ် ဆောက် လုပ်ပေးပြီး ငှက်သိုက် ခွာယူရတဲ့ လုပ်ငန်း ဟာ ဈေးကွက် အလားလာ ကောင်းလာတဲ့ အတွက် သိန်းထောင်ချီ ရင်းနှီးမြုပ်နှံသူ တွေ ရှိလာတယ်လို့ ဇီဝဇိုး ငှက်သိုက်မွေးမြူထုတ်လုပ်သူတွေ ထံ က သိရပါတယ်။
ယခင်က တနိုင်တပိုင် မွေးမြူသူတွေ အပြင် စီးပွားဖြစ်မွေးမြူသူတွေ မှာ ငှက်အိမ် တစ်လုံး နှစ်လုံး ခန့်သာ မွေးမြူ လာရာမှ လက်တလော မှာ ငှက်အိမ်တွေ များစွာ တိုးချဲ့မွေးမြူ လာတယ်လို့ ဆိုပါတယ်။
"အခုအခြေနေမှာက တခြား လုပ်ငန်းတွေ မှာ အဆင်မပြေကြတာ များတယ် လေ အဲ့တော့ ဇီဝဇိုး ငှက်သိုက် ဈေးကွက်က အလားလာ ကောင်းတော့ ဒီဘက်မှာ လာပြီး ရင်းနှီးမြုပ်နှံကျတာ အရင်က ငှက်အိမ် တစ်လုံးဆို အများဆုံး အကုန်ကျခံ သိန်းရာဂဏန်းပဲ အခုဆို ငှက်အိမ်တစ်လုံး ထဲ ကို သိန်းထောင်ချီ အကုန်ခံ ဆောက်လာကြတယ်၊ အရင်ကဆို လူတစ်ယောက်ကို ငှက်အိမ် တစ်လုံး နှစ်လုံးပဲ ရှိတာ အခုဆို တစ်ယောက်ထဲ တင် ၁၀လုံးလောက်ထိ တိုးချဲ့လာတွေ များတယ်"လို့ ဇီဝဇိုး ငှက်သိုက်မွေးမြူထုတ်လုပ်သူ တစ်ဦးကပြောပါတယ်။
ဇီဝဇိုး ငှက်သိုက် ကို တရုတ်နိုင်ငံ သို့
အဓိထား တင်ပို့ ပြီး ဝယ်လိုအားကောင်းကာ ငှက်သိုက်တစ်ပိဿာ ကို အရည်သွေး အလိုက် တစ်ပိသာ ကို ကျပ်သိန်း၃၀ ဝန်းကျင်မှ သိန်း၅၀ကျော် အထိ ရရှိတယ်လို့ သိရပါတယ်။
အခုလို ငှက်သိုက် ဝယ်လိုအား ကောင်း နေတဲ့ အတွက် ငှက်သိုက်သန့်စင် လုပ်ငန်း တွေမှာ လုပ်သား လိုအပ်ချက် တွေ ရှိလာတယ်လို့ သိရပါတယ်။
"ပြည်တွင်းမှာ ငှက်အိမ်ဆောက်လုပ်လာတာများတော့ ငှက်သိုက်သန့်စင် လုပ်ငန်း တွေ မှာ လုပ်သား လိုအပ်ချက်တွေ ရှိလာတယ် ရန်ကုန် မှာ ကို လုပ်သား ၁၀၀ လောက် ကို လိုတယ် ငှက်သိုက်သန့်စင်ဖို့က သင်တန်းတော့ ပေးရတယ် ဒီတိုင်း လုပ်လို့တော့မရဘူး သန့်စင်တဲ့ နည်းစနစ် လေးတွေရှိတဲ့ အတွက် လုပ်မယ့် လုပ်သမား ကိုသင်တန်းပေးရတယ်"လို့ ဇီဝဇိုး ငှက်သိုက်မွေးမြူထုတ်လုပ်သူ တစ်ဦးကပြောပါတယ်။
ယခုနှစ် အတွင်း ဇီဝဇိုး ငှက်အိမ် တွေ တိုးချဲ့ ဆောက် လုပ် မှု များ လာကာ ရန်ကုန်တိုင်းဒေသကြီး အတွင်း မှာတင် ဆောက်လုပ်ထားတဲ့ ငှက်အိမ် အလုံးရေ ၄၀၀ ဝန်းကျင်အထိ ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။

Related posts

Cover
နိုင်ငံရေးမတည်ငြိမ်မှုများကြား ရုန်းကန်နေရဆဲ မြန်မာ့အထည်ချုပ်လုပ်ငန်း
Jan 02, 2026
Cover
ပေါ်တာဆွဲသည့်သတင်းများကြောင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များ အခက်တွေ့နေ
Dec 18, 2024
Cover
ဒေါ်လာဈေးကွက် ရက်ပိုင်းအတွင်း အရောင်းအ၀ယ်မြင့်နေ
Sep 13, 2024
Cover
ဒေါ်လာဈေးပြန်လည်ကျဆင်းလာ၊ ကုန်ဈေးနှုန်းတွေဆက်လက်မြင့်တက်
Aug 30, 2024
Cover
ဆန်ဈေးတင်ရောင်းလို့ဆိုကာ အဖမ်းခံရတဲ့ဂျပန်နိုင်ငံသား ပြစ်ဒဏ်ချမှတ်ပြီး နာရီပိုင်းအတွင်း ပြန်လည်လွတ်မြောက်
Aug 13, 2024
Cover
မြင်းခြံသံမဏိစက်ရုံအနီးက သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံယာယီပိတ်သိမ်း
Aug 13, 2024
Cover
လုပ်ငန်းမှတ်ပုံတင်လက်မှတ်မရှိတဲ့ အွန်လိုင်းဈေးရောင်းသူတွေကို အရေးယူမယ်ဟုဆို
Aug 12, 2024
Cover
ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ကျပ် ၆၀၀၀ ကျော်ထိဈေးမြင့်တက်လာ
Aug 09, 2024