NEWS

ဇန်နဝါရီ ၇ ရက်နေ့ ရန်ကုန်နဲ့မန္တလေးမြို့က ဖြစ်စဉ်များစုစည်းမှု

CoverLogo
2.8K Views

ဒီကနေ့ညနေပိုင်းရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်းမြို့နယ်ထဲကစစ်ကောင်စီတပ်တွေရဲ့စစ်လက်နက်ထုတ်လုပ်ရေးအပါအဝင်ရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေပေါ်ကစစ်ကောင်စီတပ်တွေရှိနေတဲ့နေရာတွေမှာဗုံးပေါက်ကွဲမှု့တွေဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သားတွေလဲထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့သိရပါတယ်။

ပန်းဆိုးတန်းအကောက်ခွန်ရုံး

ဒီကနေ့မနက်ပိုင်း၁၂နာရီဝန်းကျင်လောက်မှာပဲ
ရန်ကုန်မြို့လယ်ခေါင် ပန်းဆိုးတန်းနှင့်ကမ်းနားလမ်းအနီး အကောက်ခွန်ရုံးမှာပထမဦးစွာဗုံးတလုံးပေါက်ကွဲခဲ့ပြီးစစ်ကောင်စီတပ်တွေထပ်မံရောက်ရှိလာတဲ့အခါမှာပဲရှေ့ဆင့်နောက်ဆင့်ဆိုသလိုဗုံး၂လုံးပေါက်ကွဲခဲ့တဲ့အတွက်စစ်ကောင်စီတပ်သားတချို့ထိခိုက်သွားတယ်လို့မျက်မြင်တွေ့ရှိရတဲ့ဒေသခံတွေကထုတ်ဖော်ပြောဆိုပါတယ်။

သန်လျင်

ရန်ကုန်တိုင်း၊ သန်လျင်မြို့ ပြည်တော်သာလမ်းရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲလိုင်းခန်းကို ယနေ့မနက် ၆နာရီ၅၀မိနစ် အချိန်တွင် ဗုံးဖောက်ခွဲလိုက်ကြောင်း၊  အဆိုပါပေါက်ကွဲမူကို Urban Phoenix Force အဖွဲ့က အဝေးထိန်းဖြင့်သတိ​ပေးဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယနေ့အချိန်ထိပြည်သူ့ဘက်ရပ်တည်ရန်ကျန်ရှိနေသော ရဲဝန်ထမ်းများနှင့်မိသားစုဝင်များကို ပြည်သူ့ဘက်ကို အမြန်ဆုံးရပ်တည်ရန် သတိပေးဖောက်ခွဲ့မူပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု အဆိုပါအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မဂ်လာတောင်ညွန့်

ယနေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန် မင်္ဂလာတောင်ညွှန့်မြို့နယ်တွင်လည်း ဗုံးများပေါက်ကွဲကြောင်း ဒေသခံများကပြောဆိုခဲ့ပေမယ့်နေရာအတည်တကျနဲ့ထိခိုက်မှု့ကိုသီးခြားအတည်မပြုနိုင်သေးပါဘူး။

မန္တလေးမြဝတီဘဏ်

ဇန်နဝါရီလ  ၇ရက်နေ့နံနက် 9:30 မန္တလေး ၈၁ x ၂၆ x ၂၇ လမ်း၊ စျေးချိုနာရီစင်အနီး စစ်တပ်ပိုင် မြဝတီဘဏ်ကို ဆိုင်ကယ်စီးအမျိုးသား ၂ဦးက လက် ပစ်ဗုံးနှင့်ပစ်ပေါက်တိုက်ခိုက်ရာ ငွေလာထုတ်သူအမျိုးသားအပါ ဘဏ်ဝန်ထမ်း ၂ဦး မစိုးရိမ်ရဒဏ်ရာရရှိကြောင်း သိရှိရပါတယ်။

ယာဥ်ထိန်းရဲရုံး

ဇန်နဝါရီ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်  လမ်း၉၀ ၃၀× ၃၁  ကြားရှိ ယာဥ်ထိန်းရဲရုံးအဆောက်အုံကို လက်လုပ်မိုင်းဖြင့်တိုက်ခိုက်ခံရကြောင်း၊  အလားတူ ၃၆ လမ်း၊ ၈၃ လမ်း၊ ၈၂ လမ်းတွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ကြောင်း သိရှိရပါတယ်။

MIT ကျောင်း

ယနေ့နံနက် ၇ နာရီအချိန် ၇၃ လမ်း၊ ၁၀၇ လမ်း၊ ၁၀၉ လမ်း MIIT ကျောင်းရှေ့ အရှေ့ဘက်တွင် ဗုံးပေါက်ကွဲကြောင်း  ၊အလားတူ ပုသိမ်ကြီးမြို့ နယ် လ.ဝ.က ရုံးတို့တွင် ဗုံးပေါက်ကွဲကြောင်း သိရှိရပါတယ်။

မရမ်းကုန်း ကပစဝန်း

စစ်ကောင်စီတပ်တွေရှိနေတဲ့ရန်ကုန်တိုင်း မရန်းကုန်း ကပစဝန်းထဲမှာဒီကနေ့ညနေပိုင်းကပေါက်ကွဲမှု့ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

"လက်နက်ထုတ်တဲ့ ဝန်း ဆိုလားသေကြပီလား မသိအိမ်ကနေအကျယ်ကြီးကြားရတယ်"လို့ဒေသခံတဦးကပြောပါတယ်။

 

ပုံစာ-မရမ်းကုန်း ကပစဝန်းအတွင်းပေါက်ကွဲမှု့မြင်ကွင်း။

 

KZ - စုစည်းသည်။

 

 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026