NEWS

ဆေးကုသမှုမခံယူပါက အသက်အန္တရာယ်ရှိနေလို့ အကူအညီတောင်းခံ

CoverLogo
556 Views
 
အိုမန်မှပေးစာ_၆
 
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဇီးချိုင်ကျေးရွာတွင် နေထိုင်သူ မှတ်ပုံတင်အမှတ် ၁၄/ဟ ကက(နိုင်)၀၄၅၈၁၄ ကိုင်ဆောင်သူ ကျွန်မ မဟေမာန် သည် တစ်ရွာထဲ နေသူ အသိမှ အိုမန်သို့အလုပ်လုပ်ကိုင်ရန် ဆက်သွယ်ပေးမှု့ဖြင့် အလုပ်လုပ်ကိုင်ရန် အိုမန်သို့ရောက်ရှိလာခြင်းဖြစ်ပါတယ်။
 
ရန်ကုန်မှ ၆လပိုင်း ၉ရက်နေ့ ၂၀၂၅တွင်ထွက်လာခဲ့ပြီး အိုမန်ကို ၆လ ပိုင်း၂၈ ရက်၂၀၂၅ခုနစ်ကရောက်ရှိပါတယ်။
အိုမန်ကအိမ်ရှင်အိမ်ကို ၇လပိုင်း၂၂ရက်နေ့မှာ အလုပ်စဝင်တာဖြစ်ပြီး ၎င်းအိမ်တွင်ဂတ်စ်အိုးကို "မ" လိုက်ပါတယ်။ ထိုသို့ဂတ်စ်အိုး "မ"အပြီးတွင် နောက်ရက်တွင်သွေးတွေ မတရားဆင်းလာပါတယ်။
 
အိမ်ရှင်ကိုအ ကျိုးကြောင်းပြောပြသည့်အခါ အိမ်ရှင်မှဆေးခန်းပြပေးပါတယ်။ ဆေးခန်းပြတာလည်း နှစ်ခါရှိပြီးဆေး သောက်တာလည်းမသက်သာဘဲ ယခုချိန်ထိသွေးကမရပ်တမ်း ပိုပိုဆင်းတာများလာပြီး သားအိမ်ကပါ အောင့်လာပြန်ပါတယ်။
 
ကျွန်မက မြန်မာနိုင်ငံမှာ ခွဲစိတ်မှုကို ခလေးမွေးတုန်းကတစ်ခါ သားအိမ်လက်တံဖြတ် တုန်းကနှစ်ခါလုပ်ထားခံထားရပါတယ်။ အခုလည်းသွေးက မနားတမ်းဆင်းနေသည့်အတွက် မြန်မာပြည်က ခွဲစိတ်ပေးဘူးသော ဆရာဝန်ကိုလှမ်းမေးတော့ ဒီလိုလက္ခဏာဖြစ်နေရင် ဆေးရုံတက်ပြီး ဆေးကုသမှုခံယူရမယ်လို့ ပြောပါတယ်။
 
ဆေးကုသမှုမခံယူဘဲ အလုပ်ဆက်လုပ်နေမယ်ဆိုရင် ဒီထက်အခြေအနေဆိုးလာပြီး သားအိမ်ထုတ် ရတဲ့အခြေအနေရောက်သွားနိုင်တယ်လို့ ဆရာဝန်ကအကြံပြုချက်ပေးပါတယ်၊ အခုလည်း ကျွန်မက သွေးဆင်းတာ လုံးဝမရပ်ဘဲဖြစ်နေပြီး လုံးဝအလုပ်မလုပ်နိုင်လို့ အိမ်ရှင်ဘက်ကလည်း အိုမန်ရုံးကိုပြန်ပို့ထားပါတယ်။
 
အိုမန်ရုံးကိုရောက်တော့ စကားပြန်ကိုဖြစ်ကြောင်းကုန်စင် ကျိုးကြောင်းပြောလိုက်ပြီး အခုလည်းအလုပ် မလုပ်နိုင်တော့ဘဲ မြန်မာပြည်ကိုပြန်ပြီး ဆေးကုသရမယ် အမြန်ပြန်ရမယ်ဆိုတာကို ပြောလိုက်တော့စကားပြန်ကပြန်ချင်ရင် လျော်ကြေးသိန်း ၁၂၀ကျပ် လျော်ကြေးပေးရမယ်လို့ ပြောပါတယ်၊ အိမ်နဲ့ခြံရောင်းပြီးပေးမယ် သိန်း၅၀လောက်ဘဲရမှာ သိန်း၅၀လျော်လို့ရမလားမေးတော့ သိန်း၁၂၀ကျပ်အတိအကျ လျော်ကြေးပေးမှ ပြန်လို့ရကြောင်းပြောပါတယ်။
ကျွန်မရောဂါအခြေအနေ ပိုဆိုးလာရင် ဘယ်လိုလုပ်မလဲမေးတော့ ပိုက်ဆံ လျော်ပြီးပြန်မှရမယ်တဲ့ ရောဂါပိုဆိုးလာရင်လည်း အမကိစ္စပဲတဲ့ တာဝန်မယူပေးနိုင်ကြောင်းပြောပါတယ်။
 
ကျွန်မလည်းသွေးအရမ်းဆင်းပြီး လူကအားပျော့လာပြီးနေထိုင်ရတာ အဆင်မပြေဖြစ်ခြင်းကြောင့် လျော်စ ရာပိုက်ဆံမရှိသည့်အတွက် အကူအညီတောင်းခံခြင်းဖြစ်ပါတယ်။လက်ရှိမှာ ခရမ်းသီး အပုပ်တွေပဲစားရပြီး ဆေးလည်း သောက်စရာမရှိတော့ပါဘူး။ လူက အားနည်းလာပြီး စိတ်တွေလည်း နေလို့မကောင်းဖြစ်နေပါတယ်။ အသက်အန္တရာယ်ရှိတာကြောင့် အမြန်ဆုံးဆေးကုသဖို့ ဆုတောင်းနေရပါတယ်။ မျက်လုံးတဖက်လည်း အောက်က ညိုလာပါတယ်။
ကျွန်မအတော်ကိုအဆင်မပြေနေခြင်း ကြောင့်မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ထံမှတဆင့် အကူအညီတောင်းခံအပ်ပါတယ်။
 
၁။ ကျွန်မ မဟေမာန်သည် ကျန်းမာရေးမကောင်းသည့်အတွက် မြန်မာပြည်ပြန်လိုပါတယ်။
၂။ အိုမန်ရုံးကတောင်းသည့် မြန်မာငွေ သိန်း၁၂၀ကျပ်ကိုတောင်းခံနေခြင်းကို မပေးနိုင်ခြင်းကြောင့် အခက်အခဲဖြစ်နေရပါတယ်။
အကူအညီတောင်းခံသူ

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026