NEWS

ဆောက်လုပ်ရေး လုပ်ငန်းခွင်ရှိ အထောက်အထားမပြည့်စုံတဲ့ မြန်မာလုပ်သား ၁၆ ဦး အဖမ်းခံရ

CoverLogo
286 Views
 
ထိုင်းနိုင်ငံ ပတ္တရားမြို့ ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ အထောက်အထားမပြည့်စုံတဲ့ မြန်မာအလုပ်သမား ၁၆ ဦး ကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖေါ်ပြထားပါတယ်။
မတ်လ ၁၁ ရက်က ဟွေယိုင်ခရိုင် ပတ္တရား ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေ ကို ထိုင်းအာဏာပိုင်တွေက ဝင်ရောက်စစ်ဆေး တာမှာ မြန်မာအလုပ်သမား ၁၆ဦး အပြင် တရုတ် နိုင်ငံသား၉ဦး ကို နေထိုင်အလုပ်လုပ်ခွင့် အထောက်အထားမပြည့်စုံတဲ့ အတွက် ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။
ပတ္တရားနယ်မြေ အတွင်း က တရားမဝင် ဟိုတယ် တွေ ၊ ဗီလာငှားရမ်းနေထိုင်တဲ့ တရုတ်ရင်းနှီး မြုပ်နှံ သူတွေ နဲ့ နိုင်ငံခြားလုပ်ငန်းတွေ ကို စောင့်ကြည့် စစ်ဆေးဖို့ ထိုင်းရဲမှုးကြီး
Man Rotthong က အမိန့်ပေးခဲ့ တဲ့ နောက်မှာ ပတ္တရား နယ်မြေရှိ ဆောက်လုပ်ဆဲ အဆောက်အဦး ၂၀ခန့်ကို မတ်လ ၁၁ရက် က ဝင်ရောက်စစ်ဆေးခဲ့တာလို့ သိရပါတယ်။
အခုစစ်ဆေးမှု မှာ တရုတ် နဲ့ မြန်မာအလုပ်သမား ၄၀ခန့် ကို စစ်ဆေးခဲ့တာမှာ အထောက်အထား ခိုင်လုံစွာမပြနိုင်တဲ့ တရုတ်နဲ့ မြန်မာအလုပ်သမား ၂၅ဦး ကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။
ဖမ်းဆီးခံရ တဲ့ မြန်မာအပါအဝင် ပြည်ပရွှေ့ပြောင်း လုပ်သားတွေ ကို ဥပဒေ နဲ့ အညီ အရေးယူဆောင်ရွက်ပြီး နေရပ်ကို ပြန်ပို့ပေးမယ်လို့ သိရပါတယ်။
Ref-Khasod English

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026