NEWS

ဆောက်လုပ်ရေးလုပ်ငန်းမှမြန်မာအလုပ်သမား ၃၀ ဦး လုပ်အားခပုံမှန်မရသဖြင့် တိုင်ကြား

CoverLogo
340 Views
 
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ နခွန်ချိုင်စီ က (ဆောက်လုပ်ရေးလုပ်ငန်း)မှာ အလုပ်လုပ်နေတဲ့ မြန်မာ (MOU/CI/ဘတ်မဲ့) အလုပ်သမား ၃၀ ဦးမှာလုပ်အားခပုံမှန်မရတာကြောင့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံလာတာဖြစ်ပါတယ်။
 
အလုပ်သမားတွေ အနေနဲ့ အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်သက်အများဆုံးသက်တမ်း၂နှစ်ရှိကြပြီး အလုပ်ရှင်အနေနဲ့ လုပ်အားခပုံမှန်မထုတ်ပေးခြင်း၊ လုပ်အားခအပြည့်အဝမပေးခြင်း ၊ရက်ပေါင် ၃၀ ရက်ယူခြင်း၊ အလုပ်သမားရဲ့ စာရွက်စာတမ်းများသိမ်းထားခြင်း၊ ဘတ်မရှိသောသူများကိုဘတ်ရိုက်ပေးမည်ဟုဆိုကာ ဘတ်နှစ်သောင်းကျော် ဖြတ်ထားကာ ဘတ်မလုပ်ပေးခြင်းတို့ ကြုံတွေ့နေရတာဖြစ်ပါတယ်။
 
"ဒီနေ့ ၁၅ ရက်နေ့ပိုက်ဆံထွက်တာစောင့်နေတာ။ဒီနေ့တကယ်လို့ပိုက်ဆံမထွက်ပေးဘူး ဘာတွေကျန် ညာတွေကျန် ဆိုတာမှ အဲ့ဒါတွေနဲ့ပါရောပြီးကျွန်တော်တို့အမှုကိုနယ်မြေခံ ဆာဝါဒီကန်ရုံးကိုတိုင်သွားမှာဖြစ်ပါတယ်” လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ခေါင်းဆောင်ကိုမုန်တိုင်းကပြောပါတယ်။
 
အလုပ်သမား တွေရဲ့ အခွင့်အရေးချိုးဖောက်ခံနေရမှုနှင့်ပတ်သက်ပြီး ကူညီဖြေရှင်းပေးပါရန် WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူညီတောင်းခံလာသဖြင့် အမှုကိုလက်ခံခဲ့ကြောင်း သိရပါတယ်။

Related posts

Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026