NEWS

ဆောက်လုပ်ဆဲ မြေအောက်ရထားလမ်း ဥမင်လှိုင်ခေါင်းပြိုကျ မြန်မာအလုပ်သမားတစ်ဦးအပါအဝင် သုံးဦး ပိတ်မိနေ

CoverLogo
310 Views

ထိုင်းနိုင်ငံ နခွန်ရတ်ချာစီးမား​ပြည်နယ် ပါခ်ချောင်ခရိုင်၊ ချနတ်ခရိုင်ခွဲမှာ ဆောက်လုပ်ဆဲ မြေအောက်ရထားဥမင်လိုဏ်ခေါင်းပြိုကျမှုကြောင့် မြန်မာအလုပ်သမားတစ်ဦးအပါအဝင် သုံးဦး ပိတ်မိနေတယ်လို့ ထိုင်းသတင်းဌာနတွေ မှာဖေါ်ပြထားပါတယ်။


ဩဂုတ်လ ၂၅ရက် မနက် ၁နာရီ ခန့် လောက်မှာ ပြိုကျခဲ့တာ ဖြစ်ပြီး ၎င်း ရထားလမ်းပိုင်းဟာ ထိုင်းနဲ့ တရုတ်နိုင်ငံကို ဆက်သွယ်မယ့် မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။


မြေပြိုကျတဲ့ အတွက် မြန်မာအလုပ်သမားတစ်ဦးနဲ့တရုတ်နိုင်ငံသားထရပ်ကားမောင်းသူနှစ်ဦး ပိတ်မိနေကာ လက်ရှိအချိန်ထိ ပြန်မတွေ့သေးဘူးလို့ သိရပါတယ်။


လှိုင်ခေါင်း  အဝင်ပေါက်  ၄ ကီလိုမီတာခန့်အကွာကနေ  ပြိုကျခဲ့တာ ဖြစ်ပြီး ကယ်ဆယ်ရေး အဖွဲ့တွေက မြေတူး စက်တွေ နဲ့ အထဲသို့ ဝင်ရောက်ရန် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


မြေပြိုမှုနဲ့ပတ်သက်ပြီး နခွန်ရက်ချာစီးမားပြည်နယ် အကြီးအကဲ Chaiwat Chuenkosum က ကယ်ဆယ်ရေးလုပ်ငန်းတွေ ချက်ချင်းလုပ်ဆောင်ဖို့ အမိန့်ပေးခဲ့သလို ခရိုင်အတွင်းက ပြိုကျမှုနဲ့စပ်လျဥ်းတဲ့နေရာတွေ စစ်ဆေးဖို့ပါ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာဖေါ်ပြထားပါတယ်။


၎င်းရထားလမ်းစီမံကိန်းဟာ အရှည် ၂၅၁ကီလိုမီတာရှိပြီး ဘန်ကောက်မြို့ကနေ နခွန်ရက်ချာစီးမားပြည်နယ်ကို ဆက်သွယ်ဖို့ ရည်မှန်းထားကာ ၂၀၂၈ခုနှစ် တွင်ပြီးစီးရန်ရည်ရွယ်ထားတယ်လို့ သိရပါတယ်။


Photo-Thenationthailand


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026