NEWS

ဆောက်လုပ်ဆဲ မိုးပျံတံတား ပြိုကျပြီး မြန်မာအလုပ်သမားများ ထိခိုက်သေဆုံးမှုရှိဟုဆို

CoverLogo
686 Views

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်တွင် ဆောက်လက်စမိုးပျံ တံတား သံတန်းလျား  ပြိုကျမှုကြောင့်  မြန်မာအလုပ်သမား တွေ  ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေးကူညီသူတွေထံက သိရပါတယ်။ 

နိုဝင်ဘာ ၂၉ရက် မနက် ၄နာရီ အချိန် ခန့်က ဖြစ်ပွားခဲ့ ခြင်း ဖြစ်ကာလက်တလောမှာ တံတား သံတန်းလျား ပြိုကျတာကြောင့် မြန်မာအပါအဝင် သေဆုံးသူလေးဦးရှိပြီး မြန်မာအလုပ်သမား တစ်ဦး မှာ အရေးပေါ် အခြေနေ နဲ့ ဆေးကုသ မှု ခံနေရတယ်လို့ ဆိုပါတယ်။ 

"ဦးတို့ ကို ဆက်သွယ်လာတာက မြန်မာအလုပ် သမား တစ်ဦးသေတယ် တစ်ဦးက အရေးပေါ် ကုသနေရတယ် သေဆုံးလေးယောက်ထဲ မှာ တစ်ဦးက ထိုင်းနိုင်ငံသား လို့ သူတို့ဘက်က အတည်ပြုထားတယ် ကျန်တဲ့ ၂ယောက်ကတော့ မသိရသေးဘူး 
အခုသေဆုံးတဲ့ မြန်မာ တစ်ယောက် ရယ် ဆေးကုနေရတဲ့ မြန်မာတစ်ယောက်က မိသားစု ဝင်တွေ  ပဲခူးတိုင်း ဒိုက်ဦးမြို့ ဖအောင်ဝဲ ဒါးပိန်းစု ကျေးရွာက နေ လာလုပ်တာ ညီအစ်ကို သုံးယောက် အကြီးဆုံး က သေသွားတယ် အလတ်က အရေးပေါ်မှာဆေးကုသနေရတယ် အငယ်ဆုံးက သန့်စင်ခန့်းသွားနေလို့ လွတ်သွားတာအသက်ရှင်ကျန်ခဲ့တဲ့ အငယ်ဆုံး ညီ က ဦးတို့စီကို အကူညီတောင်းလာတာ
သူ့အစ်ကို ရဲ့နာရေး ဆေးကုသမှု နဲ့ နစ်နာကြေး စတာတွေ အတွက် ကူညီ လုပ်ဆောင်ပေးဖို့ ပါ ဦးတို့ဘက်က လည်း လုပ်ဆောင်ပေးသွားမှာပါ""လို့
AACမဟာမိတ်အဖွဲ့ မှဒါရိုက်တာဦးခိုင်ကြီးက MLN ကိုပြောပါတယ်။ 

၎င်း တံတားဆောက်လုပ်ရေး ဆိုဒ် မှာ သံတန်းလျား ပြုတ်ကျတဲ့ အချိန် အတွင်း ယင်းနေရာ တစ်ဝိုက် အလုပ်လုပ်နေသူ မှာ ထိုင်းနဲ့ မြန်မာအလုပ်သမား စုစုပေါင်း ၁၃ဦး ခန့်ရှိကာ သေဆုံးသူနဲ့ အရေးပေါ်ကုသနေရသူတွေရှိသလို ထိခိုက်ဒဏ်ရာ ရရှိသူတွေ လည်း ရှိတယ်လို့ သိရပါတယ်။ 

ယခု တံတား စီမံကိန်း အတွင်း ၂၀၂၄ခုနှစ် နှစ်စပိုင်း မှာ လည်း မြန်မာအလုပ်သမား ယာဉ်မောင်းတစ်ဦး လုပ်ငန်းခွင်မတော်တဆ ဖြစ်မှု နဲ့သေဆုံး ခဲ့သေးတယ်လို့ သိရပါတယ်။ 

၎င်းတံတားစီမံကိန်း ကို ၂၀၂၅ခုနှစ် မှာ အပြီး လုပ်ဆောင် ရည်ရွယ်ထားကာ လက်ရှိမှာ ပြိုကျမှု ဖြစ်တဲ့ အပိုင်းကို ပိတ်ထား ပြီး အခြားလမ်းကြောင်း ကို အသုံးပြုဖို့ ထိုင်းအာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ သိရပါတယ်။ 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026