NEWS

ဆိုင်ကယ် စီးလာသည့် မြန်မာလုပ်သား ၂ဦး ကို လမ်းကြောင်းမှားဝင်လာသည့် ကားမှ ဝင်တိုက် ၁ ဦးသေဆုံး

CoverLogo
236 Views
 
ထိုင်းနိုင်ငံ ၊ စမူစာခွန်ခရိုင် ကထွန်းဘင်မြို့နယ် တွင် နေထိုင်ပြီး ပေါင်မုန့် စက်ရုံ တွင် အလုပ် လုပ်နေတဲ့ မြန်မာလုပ်သား ၂ဦး စီးလာတဲ့ ဆိုင်ကယ် ကို တစ်ဖက် လမ်းကြောင်း ကနေ လမ်းကြောင်းမှားဝင်လာတဲ့ကား မှ ဝင်တိုက်တာကြောင့် မြန်မာ လုပ်သား ၁ဦးသေဆုံးပြီး ၁ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ၄အမှု့ကို ကူညီပေးနေတဲ့ WAGအလုပ်သမားမဟာမိတ်အဖွဲ့ထံမှ သိရပါတယ်။
 
၂၀၂၅ခုနှစ် ဒီဇင်ဘာ ၂၄ရက် ညပိုင်းမှာ မြန်မာလုပ်သား ၂ ဦးဟာ ဆိုင်ကယ်ဖြင့် ဈေးဝယ်ပြီး ပြန်လာရာ လမ်းတွင် တစ်ဖက်ယာဉ်ကြောမှ ကား က လမ်းကြောင်းမှား ပြီး အရှိန်ဖြင့် ဝင်တိုက်မိကာ မြန်မာလုပ်သား ဖြစ်သူအသက်၃၂နှစ်အရွယ် ကိုသန့်ဇင်ဖြိုးဟာ အခင်းဖြစ်ရာမှာပင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ဆိုင်ကယ်နောက်မှာလိုက်ပါလာတဲ့ မရွှေစင်ဝင်းဟာလည်း ယာဉ်တိုက်မိမှုကြောင့် ထိခိုက်ဒဏ်ရာအပြင်းအထန်ရရှိကာ ကထွန်းဘင်ဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
 
သေဆုံးခဲ့တဲ့ ကိုသန့်ဇင်ဖြိုးဟာ ရန်ကုန်တိုင်းဒေသကြီး၊သင်္ဃန်းကျွန်းမြို့နယ်၊ငမိုးရိပ်ရပ်ကွက်၊ငမိုးရိပ် (၂)လမ်း ၊ အပိုင်း(၃)တွင်နေထိုင်ပြီး ဇနီးနှင့် ၇ နှစ်အရွယ် သမီးတစ်ယောက်ကျန်ခဲ့ကြောင်း လက်ရှိတွင် သေဆုံးသူရဲ့ ဇနီးမှာ မြန်မာနိုင်ငံမှာ နေထိုင်နေတာကြောင့် အမျိုးသား သေဆုံးမှုနဲ့ပက်သက်ပြီး တရားမျှတ မှု နဲ့နစ်နာကြေး ပြန်လည် ရရှိရန် အတွက် ကူညီပေးဖို့ WAG မဟာ မိတ်အဖွဲ့ထံ ဆက်သွယ် အကူညီတောင်းခံခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိပြီး ဆေးရုံ တတ် နေရတဲ့ မရွှေဇင်ဝင်း ရဲ့ မောင်ဖြစ်သူ ကလည်း အစ်မဖြစ်သူရဲ့ ထိခိုက်နစ်နာမှု အတွက် ရသင့်ရထိုက်တဲ့ နစ်နာကြေးရရှိဖို့ပါ WAGအဖွဲ့ ထံ အကူညီ တောင်းခံထားကြောင်း သိရပါတယ်။
 
၎င်းတို့ရဲ့ အကူညီတောင်းခံမှု အပေါ် WAG မဟာမိတ်အဖွဲ့ ထံမှ ၂၀၂၆ခုနှစ် ဇန်နဝါရီ ၄ရက်မှာ အမှုလက်ခံ ခဲ့တယ်လို့ သိရပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026