NEWS

ဆန်နှင့်စပါး သိုလှောင်ရုံများ မှတ်ပုံတင်ရန်ပျက်ကွက်ပါက အရေးယူမည်ဟုဆို

CoverLogo
907 Views

ဆန်တန်ချိန် (၅၀) (သို့မဟုတ်) စပါးတင်း (၅၀၀၀) နဲ့ အထက် သိုလှောင်တဲ့  ဆန်စပါးသိုလှောင်ရုံ ပိုင်ဆိုင်သူတွေ အနေနဲ့  ဇူလိုင်လ ၇ ရက် နောက်ဆုံးထား  ပြီး မှတ်ပုံတင်ရန်ပျက်ကွက်ပါက ထိရောက်စွာ အရေးယူမှာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ကြေညာချက်အမှတ် (၀၆/ ၂၀၂၄) ဖြင့် ဇူလိုင် ၃ရက် နေ့မှာ အသိပေးကြေညာထားပါတယ်။ 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လည်း  စီးပွားရေးလုပ်ငန်းအလို့ငှာ ဆန်တန်ချိန် (၅၀) (သို့မဟုတ်) စပါးတင်း (၅၀၀၀) နှင့်အထက် သိုလှောင်တဲ့ ဆန်စပါးသိုလှောင်ရုံ ပိုင်ဆိုင်သူတွေ အနေနဲ့ မိမိတို့၏ ဆန်သိုလှောင်ရုံများကို မဖြစ်မနေမှတ်ပုံတင် ဆောင်ရွက်ပေးကြဖို့  အသိပေး ကြေညာထားပါတယ်။ 

"ဆန်သိုလှောင် ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ စိစစ်ရေးလုပ်ငန်းအဖွဲ့”  တွေ ကို တိုင်းဒေသကြီး/ ပြည်နယ်တွေ  မှာ ဖွဲ့စည်းထားပြီးဖြစ်တဲ့ အတွက်  အထက်ပါ ဆောင်ရွက်ရန်အချက်တွေ ကို ပျက်ကွက်လျှင်ဖြစ်စေ၊ မြေပြင်ကွင်းဆင်း စိစစ်စစ်ဆေးရာမှာ တင်ပြချက်များနဲ့  ကိုက်ညီမှု မရှိလျှင်ဖြစ်စေ ထိရောက်စွာ အရေးယူဆောင်ရွက်နေခြင်းကို ကြိုတင်အသိပေးအပ်တယ်လို့ ဆိုပါတယ်။ 

အဆိုပါ MyRO စနစ်တွင် သိုလှောင်ရုံမှတ်ပုံတင်ခြင်း ဆောင်ရွက်ထားရှိပြီးဖြစ် တဲ့ သိုလှောင်ရုံ ပိုင်ရှင် တွေ  အနေ နဲ့ လည်း ကုန်ရ/ကုန်ထုတ်/ ကုန်လက်ကျန် လချုပ် Update စာရင်းရေးသွင်းခြင်းကို လစဉ် လကုန်ပြီး (၇)ရက်အတွင်း နောက်ဆုံးထားပြီး  (မပျက်မကွက်) တိကျစွာ တင်ပြဆောင်ရွက်ပေးကြရန်ဖို့  ဖုန်း SMS များနဲ့ ပေးပို့အကြောင်းကြားထားပြီးဖြစ်တယ်လို့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။ 

အထူးသဖြင့် ပြည်တွင်းစားသုံးတဲ့ ဆန်တွေ ဖြစ်တဲ့ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းများ၊ ဧရာမင်း၊ ရက် ၉၀၊ ဧရာပဒေသာ၊ အညာသား၊ ပခန်း၊ ဖန်သီးသုခ စသည့် စပါး/ ဆန်တွေ ကို စီးပွားရေးအဖြစ် ရောင်းဝယ်ရန် သိုလှောင်ထားရှိပါက အဆိုပါ သိုလှောင်ရုံများအတွက် MyRO စနစ်တွင် သိုလှောင်ရုံ မှတ်ပုံတင်ခြင်းကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၇ ရက် နောက်ဆုံးထား အလေးအနက်ပြု ဆောင်ရွက်ပေးကြရန်နဲ့  MyRO တွင် မှတ်ပုံတင်ရန် အချိန်မီ ဆောင်ရွက်နိုင်ခြင်း မရှိသေးပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သို့ သိုလှောင်ထားရှိမှု အခြေအနေများကို စာရင်းကြိုတင် ပေးပို့ထားရှိဖို့  ဆိုထားတာပါ။ 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026