NEWS

ဆန်ကိုသတ်မှတ်ဈေးနှုန်းထက်၇၀ ရာခိုင်နှုန်းအထိအမြတ်တင်ရောင်းချခဲ့တဲ့နာမည်ကြီးဈေး၀ယ်စင်တာ ၄ ခုအပါအ၀င် ဆန်ကုန်သည်များကိုစစ်ကောင်စီအရေးယူ

CoverLogo
436 Views

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက် ၅၁ ရာခိုင်နှုန်းမှ  ၇၀ ရာခိုင်နှုန်းအထိအမြတ်တင်ရောင်းချခဲ့တဲ့ နာမည်ကြီးဈေး၀ယ်စင်တာကြီး၄ခုအပါအ၀င် ဆန်ကုသည်များကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ- ၅ အရ အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီကသတင်းထုတ်ပြန်လိုက်ပါတယ်။ 

သင့်တင့်မျှတသောဈေးကွက် ဈေးနှုန်းထက်အကျိုးအမြတ်များစွာတင်၍ရောင်းချခဲ့တဲ့စတိုးဆိုင်၃၀ကိုစစ်ဆေးခဲ့ရာ သတ်မှတ်ဈေးနှုန်းထက် ၂၁ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိရောင်းချခဲ့တဲ့  အကျိုးအမြတ်များအပေါ် ဒဏ်ကြေးနှင့်အခွန် ထပ်မံစည်းကြပ်သွားမည်ဖြစ်ပြီး ဆန်ဈေးနှုန်းသတ်မှတ်ဈေးနှုန်းထက် ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမို၍ အကျိုးအမြတ်များစွာ ရယူရောင်းချခဲ့တဲ့ ဈေးဝယ်စင်တာ ၂၂ ဆိုင်မှ တာဝန်ရှိသူ လေးဦးဖြစ်တဲ့ One Stop Mart ဒါရိုက်တာ ဦးမျိုးသန့်၊ City Mart Holding ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးဖြိုးမင်းကျော်၊ Sein Gay Har Trading ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်မောင်ဝင်း၊ Aeon Orange ဒါရိုက္တာ Mr. Kasamatsu Hiroshi တို့အား ၂၀၁၂ ခုနှစ်၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ- ၅ အရ အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့  စစ်ကောင်စီကထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။ 
 
ဒါ့အပြင် နေပြည်တော်အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ မြို့ကြီးများရှိ ဈေးဝယ်စင်တာနှင့် စတိုးဆိုင်ကြီးများတွင် အလေးချိန်အမျိုးမျိုးဖြင့် အသင့်ထုပ်ပိုးထားသည့်ဆန်အိတ်များ (Consumer Package)ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက် ပိုမိုအမြတ်တင်ရောင်းချမှုရှိမရှိကို  ဈေးဝယ်စင်တာနှင့်စတိုးဆိုင်ကြီး ၅၃ ဆိုင်ကို  ဝင်ရောက်စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများကို ထိန်းသိမ်းစစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။ 

စစ်ဆေးတွေ့ရှိချက်အရ အထက်ပါ ဈေးဝယ်စင်တာနှင့်စတိုးဆိုင်ကြီးများသည် အလေးချိန်အမျိုးမျိုးဖြင့် အသင့်ထုပ်ပိုးထားသည့်ဆန်အိတ်များ (Consumer Package)ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်အစွန်းရယူကာ ရောင်းချလျက်ရှိတဲ့ စတိုးဆိုင် တစ်ဆိုင်၊ ၂၁ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချလျက်ရှိတဲ့  ဈေးဝယ်စင်တာနှင့် စတိုးဆိုင် ၃၀ ဆိုင်၊ ၅၁ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ပိုမိုအမြတ်တင်ရောင်းချလျက်ရှိတဲ့ဈေးဝယ်စင်တာ ၂၂ ဆိုင်အပြင် ဈေးဝယ်စင်တာနှင့် စတိုးဆိုင်အချို့ဟာ  ၎င်းတို့ကုမ္ပဏီဝန်ထမ်းစရိတ်၊ အရောင်းမြင့်တင့်ရေးစရိတ်များကိုပါ အကျိုးအမြတ်ရယူရောင်းချသည့်နှုန်းများတွင်ထည့်သွင်းရောင်းချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။  

ထိုသို့ ဆန်ဈေးနှုန်းများ မြှင့်တင်ရောင်းချမှုများကြောင့် အခြေခံပြည်သူများဟာ ဆန်ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူစားသုံးရလျက်ရှိသည့်အပြင် နိုင်ငံတော်၏စီးပွားရေးဈေးကွက် တည်ငြိမ်မှုကိုလည်း အနှောက်အယှက်ဖြစ်စေခဲ့သဖြင့် ၎င်းတို့အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်သလို ပြည်တွင်းဆန်ဈေးကွက်အတွင်း၌ ဆန်ဈေးနှုန်းများကို သင့်တင့်မျှတသော ဈေးနှုန်းထက် ပိုမိုရောင်းချဆောင်ရွက်နေသူများကိုလည်း စိစစ်ဖော်ထုတ်ကာ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်တယ်လို့ ထည့်သွင်းထုတ်ပြန်ထားပါတယ်။

 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026