NEWS

ဆန္ဒပြအလုပ်သမားအချို့ ဖမ်းဆီးစစ်ဆေးခံရမှု ပြန်လွှတ်ပေးခြင်းမရှိသေး

CoverLogo
628 Views
 
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရင်ကျန်မြို့၊စက်မှုဇုန် ၄ မှာ အလုပ်သမား ၁၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ Shangcheng Garment(ရှန်ချိန်) စက်ရုံမှာ ဆန္ဒပြအလုပ်သမားအချို့ကို ဖမ်းဆီးစစ်ဆေးနေပြီး ယနေ့အချိန်ထိ ပြန်လွှတ်ပေးတာမရှိသေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်မှာ လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေအတွက် ကျွေးတဲ့ အစားအသောက်တွေ မသန့်ရှင်းတာကြောင့် အလုပ်သမားတွေ ဆန္ဒဖော်ထုတ်ခဲ့တာပါ။
 
ဆန္ဒပြရာမှာ ဦးဆောင်သူ ၁၃ ဦး နဲ့ အလုပ်သမား စုစုပေါင်း ၂၅ ဦးခန့်ကို ရဲဌာနမှ လာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး တချို့ကို ပြန်လွှဝ်ပေးပေမယ့် ဦးဆောင်တဲ့ အလုပ်သမားအချို့ ယနေ့အချိန်ထိ ပြန်လွတ်မလာသေးဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
"ဖမ်းသွားတုန်းက စစ်ဆေးဖို့ ဆိုပြီးခေါ်သွားတာ၊ ပြန်မလာသေးလို့ မေးကြည့်တော့ ဆေးစစ်ချက်အဖြေမရသေးလို့ ဆိုပြီး ပြောတယ် သူတို့ဘက်က ဘာမှကို အတိတအကျပြောတာမရှိဘူး တာဝန်ခံတာလဲမရှိဘူး အလုပ်သမားတယောက်ချင်းကို ဖုန်းတွေ ယူပြီး စစ်တယ် ဆန္ဒပြတုန်းက ရိုက်တဲ့ ဗီဒီယိုတွေကို အကုန်ဖျက်ပစ်တယ်"လို့ အလုပ်သမားကပြောပါတယ်။
 
အဆိုပါ လုပ်ငန်းခွင်မှာ Snowflying တံဆိပ် ဘဲမွှေးအင်္ကျီတွေချုပ်လုပ်နေတာဖြစ်ပြီး အထည်စံချိန် အလွန်အကျွံတောင်းခံတာ ၊ စံချိန်တောင်းရာမှာ ချုပ်လုပ််နိုင်တာရဲ့ ၂ ဆ နီးပါးတောင်းခံတာ ၊ မပြည့်ပါက ည ၁၂ နာရီအထိ ပြည့်အောင်ချုပ်ပေးရတာတွေ ကြောင့် အခက်အခဲဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေက မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် IWFM ကို အကူအညီတောင်းခံထားပါတယ်။
 
အခုလို ည ၁၂ နာရီ လုပ်ကိုင်ရပေမယ့် အချိန်ပိုကြေးအတွက် လုပ်အားခမပေးဘူးလို့ ပြောပါတယ်။
"တောင်းတဲ့ စံချိန်ပြည့်သွားလို့ အချိန်ပိုကြေးပေးရင်လည်း သူတို့သတ်မှတ်ထားတဲ့ ၅ ယွမ်မပေးဘူး၊ ပေးချင်တဲ့အချိန်ကျမှ ပေးတာ"လို့ အလုပ်သမားကပြောပါတယ်။
 
အလုပ်ချိန်အနေနဲ့ နံနက် ၈ နာရီက နေ ညနေ ၈ နာရီခွဲအထိပုံမှန်ဆင်းရပြီး ၁၀ မိနစ် စောမရောက်ပါက ငွေကြေးဖြတ်တောက်ခံရပြီး မြန်မာပြည်ပြန်ပါက ဝတ်စုံဖိုး ၃၀ ဖြတ်မယ်လို့ အသိပေးကြောင်း အလုပ်သမားကပြောပါတယ်။
"အလုပ်လုပ်ရင်း တခုခုထိခိုက်မိရင် အလုပ်ရှင်ဘက်က တာဝန်မယူပေးဘူး စက်ရုံထဲမှာရှိတဲ့ ဆေးခန်းကိုပြရင်လည်း ကိုယ့်ပိုက်ဆံနဲ့ ကိုပြရတာပါ။ နေမကောင်းလို့ ၆ ရက်အထိ အလုပ်မလုပ်နိုင်ရင် လစာလုံးဝမရတဲ့အပြင်နောက်လထဲကပါ ဖြတ်ခံရပါတယ်"လို့ အလုပ်သမားကပြောပါတယ်။
 
အခုလို အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာနဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့ အလုပ်သမားတွေက လိုလားနေကြပါတယ်။
 
အလုပ်သမားတောင်းဆိုချက်အနေနဲ့
၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော အထည်စံချိန်ကိုသာတောင်းခံရန်။
၂။ အလုပ်ရှင်ဘက်မှ ၇နာရီ၅၁နောက်ဆုံးအလုပ်ဝင်းခိုင်းပြီး အလုပ်တက်ချိန်မရောက်သေးဘဲ ပိုက်ဆံဖြတ် တောက်ခြင်းမပြုလုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ အလုပ်လုပ်ရင် ထိခိုက်မှုရှိလျင်တာဝန်ယူပေးရန်။
၄။ အလုပ်ရှင်ဘက်မှ အလုပ်သမားများ နေထိုင်မကောင်းလျင် ခွင့်ရက်ပေးရန်။
၅။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အချိန်ပိုအိုတီအလကားဆင်းခိုင်းခြင်းမပြုလုပ်ရန်၊
၆။ အလုပ်ရှင်ဘက် အလုပ်သမားများခံစားခွင့်ရှိသော ခွင့်ရက်များကိုခံစားခွင့်ပေးရန် Shangcheng Garment (ရှန်ချိန်) အလုပ်သမားတွေကတောင်းဆိုထားတာဖြစ်ပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026