NEWS

စိုက်ပျိုးရေး၊ ကုန်စည်ထုတ်လုပ်ရေးနှင့်ဝန်ဆောင်မှုကဏ္ဍအသီးသီးတွင် တိုးတက်မှုမရှိဘဲဆက်လက်ကျဆင်းလာနိုင်ကြောင်း ကမ္ဘာ့ ဘဏ်ခန့်မှန်း

CoverLogo
398 Views

လာမယ့်(၂၀၂၅)ခုနှစ်ထဲမှာလည်းကုန်ကြမ်းပြတ်လပ်တာ၊ လျှပ်စစ်ဓာတ်အားပြတ်တောက်တာတွေ ဆက်လက်ဖြစ်ပေါ်နေပြီး ပြည်တွင်းဝယ်လိုအားနည်းတာတွေကြောင့်စိုက်ပျိုးရေး၊ ကုန်စည်ထုတ်လုပ်ရေးနဲ့ဝန်ဆောင်မှုကဏ္ဍသီးသီးမှာတိုးတက်မှုမရှိဘဲဆက်လက်ကျဆင်းလာနိုင်တယ်လို့ဒီဇင်ဘာလ(၁၁)ရက်မှာကမ္ဘာ့ဘဏ်ကထုတ်ပြန်ပါ တယ်။

ပြည်တွင်းမှာဖြစ်ပွားနေတဲ့ပဋိပက္ခ၊ သဘာဝဘေးနဲ့အခြေခံကုန်စည်ရှားပါးတာတွေကြောင့်လည်းလာမယ့်(၂၀၂၅)ခုနှစ်မှာလည်းမြန်မာ့စီးပွားရေးမျှော်မှန်းချက်ဟာအားရစရာမရှိဘူးလို့လည်းဆိုပါတယ်။

မြန်မာ့နိုင်ငံရဲ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာအရတော့လက်ရှိဘဏ္ဍာရေးနှစ်အတွင်း၂၀၂၅ခုနှစ်မတ်လအတွက်စီးပွားရေးခန့်မှန်းချက်ဟာအနုတ်တစ်ရာခိုင်နှုန်းဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။

“မြန်မာနိုင်ငံရဲ့စီးပွားရေးအပေါ်မှာ လတ်တလောရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့သဘာဝဘေးအန္တရာယ်တွေနဲ့ပဋိပက္ခအခြေအနေတွေကကြီးကြီးမားမားသက်ရောက်မှုဖြစ်ပေါ်ခဲ့တာကြောင့်အိမ်ထောင်စုတွေကကုန်ဈေးနှုန်းတက်တဲ့ဒဏ်နဲ့လုပ်သားဈေးကွက်အားနည်းမှုဒဏ်တွေကိုခါးစည်းခံနေရပါတယ်”လို့ကမ္ဘာ့ဘဏ်ရဲ့ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံဆိုင်ရာဌာနေညွှန်ကြားရေးမှူးမာလင်ဒါဂွတ်ဒ်ကပြောပါတယ်။

မြန်မာနိုင်ငံတွင်ကမြို့နယ်စုစုပေါင်းရဲ့ထက်ဝက်ခန့်က ပဋိပက္ခအခြေအနေတွေန့ရင်ဆိုင်နေရပြီးဒီအချက်ကကုန်စည်ထုတ်လုပ်မှူထောက်ပံ့ရေးကွင်းဆက်တစ်ခုလုံးနဲ့နယ်စပ်ကုန်စည်ကူးသန်းရောင်းဝယ်ရေးကိုဆက်လက်အကျိုးသက်ရောက်နေပြီးလာမယ့် ခြောက်လအတွင်းမေခရိုစီးပွားရေးမငြိမ်သက်မှုဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့လည်းဖော်ပြထားပါတယ်။

“အရောင်းအဝယ်ကအေးတယ်။ဒါပေမယ့်အရင်းတွေကတက်နေတယ်။အခုကလုပ်နေတဲ့စီးပွားရေးကိုရပ်ပစ်ပြီးရှိတာလေးကိုထိန်းစားမလား။လူအဝယ်များလာအောင်ပဲအရင်းထပ်ထည့်ပြီးဆက်လုပ်မလားတွေးနေရတယ်။သေချာတာတော့အရောင်းအဝယ်လေးထဲကအမြတ်ပဲစားရတဲ့သူတွေတော့လုပ်ငန်းတွေရပ်ကုန်တော့မယ်”လို့အသေးစားလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

လက်ရှိမှာမြန်မာပြည်တွင်းမှာနေထိုင်သူတွေဟာဝင်ငွေနဲ့ထွက်ငွေမမျှတဲ့ဒဏ်ကိုခံနေရပြီး ဝယ်လိုနှုန်းဟာသိသိသာသာကျဆင်းလာတယ်လို့လက်လီအရောင်းဆိုင်ရှင်တွေကပြောဆိုကြပါတယ်။

ဒါ့အပြင်အုပ်ချုပ်ရေးပိုင်ကလည်းအခွန်အခတွေကိုနည်းမျိုးစုံနဲ့တိုးကောက်နေတာကြောင့်လုပ်ငန်းဆက်လက်ရပ်တည်ဖို့ခက်ခဲနေတယ်လို့သိရပါတယ်။

#MyanmarLabourNews


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026