NEWS

စစ်မှုထမ်းပြီးသူများ အလုပ်အကိုင်ရရှိရေး ဟုဆိုကာ စီမံခန့်ခွဲမှုကော်မတီ စစ်ကောင်စီ ဖွဲ့စည်း

CoverLogo
510 Views
 
စစ်ကောင်စီ က စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများကို အလုပ်အကိုင်ရရှိရေးအတွက် ဆိုကာ စီမံခန့်ခွဲမှုကော်မတီ တစ်ရပ်ကို ဇူလိုင် ၈ရက် နေ့ က ဖွဲ့စည်းခဲ့ကြောင်းထုတ်ပြန်ပါ တယ်။
 
၎င်းကော်မတီမှာ ကာကွယ်ရေးဝန်ကြီးဌာန၊အလုပ်သမားဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာ‌ရေး ဝန်ကြီး ဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊လူမှုကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တို့ ပါဝင်တာတွေ့ရပါတယ်။
 
စီမံခန့်ခွဲရေးကော်မတီရဲ့ လုပ်ငန်းတာဝန် တွေ မှာ စစ်မှုထမ်းဆောင်ရင်း မသန်မစွမ်း ဖြစ်သွားတဲ့ သူတွေကို အမြဲတမ်းစစ်မှုထမ်း EAများနည်းတူ ပြန်လည်နေရာချထားပေးဖို့ စစ်မှုထမ်းမှနုတ်ထွက်ချိန် ၎င်းတို့ဆန္ဒပြုတဲ့ သက်မွေးဝမ်းကြောင်း လုပ်ငန်းအလိုက် သင်တန်းတွေပေးဖို့ တွေကို ထုတ်ပြန်ချက်မှာဖေါ်ပြထားတာတွေ့ရပါတယ်။
 
အသက်မွေးသင်တန်းအမျိုးအစားအလိုက် အသိအမှတ်ပြုလက်မှတ် တွေ ကို အစိုးရ အပြင် ပုဂ္ဂလိကလုပ်ငန်း၊ ဌာန တွေက အသိအမှတ်ပြုပြီး အလုပ်နေရာခန့်ထားပေးရမယ်လို့ဆိုပါတယ်။
 
တာဝန်ကျေပွန်စွာထမ်းဆောင်ပြီးတဲ့ ပြည်သူ့စစ်မှုထမ်းတွေကို စစ်မှုမထမ်းမီ တာဝန်ထမ်းဆောင်ခဲ့တဲ့ အစိုးရဝန်ထမ်း ပုဂ္ဂလိကလုပ်ငန်း၊ အဖွဲ့အစည်း၊ကုမ္ပဏီ ဝန်ထမ်း ဖြစ်ပါက စစ်မှုမထမ်းခင်ကာလက ထမ်းဆောင်ခဲ့တဲ့ အလုပ်အကိုင် ရာထူး လုပ်ငန်းနေရာများအလိုက် ပြန်လည်ခန့်ထားပေးဖို့ ပါရှိတာတွေ့ရပါတယ်။
 
"ကြေညာချက်ထဲတော့ စစ်မှုထမ်း သူတွေကို အာမခံချက် အပြည့်ရှိတယ်ပေါ့ တကယ့်အပြင်မှာ သူတို့စစ်သားတွေတိုက်ပွဲမှာ သေဆုံးသွား တာတောင် လစာတွေ ပင်စင်တွေ မရတာတွေအများကြီး၊ ထိခိုက်လို့ မသန်စွမ်းဖြစ်တဲ့သူတွေ အလုပ်ကိုင်မရတာတွေ အများကြီးပဲ အခုကြေညာချက်က ပြည်သူတွေကို စစ်မှုထမ်းရင် ဒီလိုအာမခံချက်တွေ ရှိပါတယ်ဆိုပြီးစွဲဆောင်မှုတစ်ခုလို့ထင်တယ်"လို့ ထုတ်ပြန်ချက် အပေါ်ပြည်သူတစ်ဦးကပြောပါတယ်။
 
စစ်ကောင်စီရဲ့ကာကွယ်ရေးဝန်ကြီးကို ဥက္ကဌအဖြစ်ခန့်ထားတဲ့ ဒီကော်မတီမှာ ဥက္ကဌ ၁ ဦး ဒုဥက္ကဌ ၃ ဦး အဖွဲ့ဝင် ၁၂ ဦး၊ အတွင်းရေးမှူး ၁ ဦးနဲ့ တွဲဖက် အတွင်းရေးမှူး ၁ ဦးတို့ ပါဝင်တာကို တွေ့ရပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026