NEWS

အလုပ်ရှာနေသည့် လူငယ်များကို ပစ်မှတ်ထားလိမ်လည်ပြီး စစ်မှုထမ်းအတွက် ရောင်းစားမှုများလာ

CoverLogo
508 Views
 
အလုပ်ရှာဖွေနေတဲ့ လူငယ်တွေကို အလုပ်ပေးမယ်ဆိုကာ လိမ်လည်ခေါ်ဆောင်ပြီး စစ်မှုထမ်း ဖို့ အတွက် ရောင်းစားခံရတာတွေ များလာတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ မြို့နယ် မှာရှိတဲ့ ဒေသခံတွေထံ က သိရပါတယ်။
 
စက်မှုဇုန်တွေနဲ့ လူရှင်းတဲ့ လမ်းမတွေမှာ လူရှာရောင်းစားနေတဲ့သူတွေက ကျင်လည်နေပြီး အလုပ်လက်မဲ့ ဖြစ်နေတဲ့ လူငယ်တွေ ကို အဓိက ထား စည်းရုံးခေါ်ဆောင်ကြတယ်လို့ တွေ့ကြုံလာသူတစ်ဦးကပြောပါတယ်။
 
"" ရွှေလင်ဗန်းစက်မှုဇုန်နားက ကျွန်တော်နဲ့သူငယ်ချင်းတစ်ယောက်နဲ့ တပင်ရွှေထီးလမ်းမကြီးအတိုင်းလျှောက်လာတာ လမ်းတဝက်ရောက်တော့ ကျွန်တော်တို့ ဘေးကို ကားတစ်စီးရပ်ပြီး အမျိုးသမီးတစ်ယောက်ဆင်းလာတယ် သူ့အိမ်ဆောက်နေတာ လူလိုနေလို့ တစ်နေ့ ၃ သောင်းပေးပါမယ် လူကြမ်းကို ပန်းရံလုပ်တတ်ရင် ပိုပေးပါမယ် ဆိုပြီးပြောတယ်။ ကားပေါ်မှာလည်း လူငယ်နှစ်ယောက် တော့ တွေ့တယ် အဲ့အမျိုးသမီးပုံစံက မူမမှန်တာနဲ့ မလုပ်ဘူးပြောပြီး ခပ်သွက်သွက်လျှောက်လာတော့ နောက်ကလိုက်လာပြီး လုပ်မယ့်သူရှိရင်ခေါ်ပေးပါ ခေါ်ပေးခ ပေးပါမယ်ဆိုပြီး ထပ်ပြောတယ် ကျွန်တော်လည်း ဒေါသ နဲ့လုပ်မယ့်သူ မရှိဘူး လို့ပြောလိုက်မှ လှည့်ပြန်သွားတယ်""လို့ ကြုံတွေ့ရသူဆောက်လုပ်ရေးလုပ်သားတစ်ဦးကပြောပါတယ်။
 
အခုလို လူငယ်လုပ်သားတွေ ကို စည်းရုံးခေါ်ဆောင်တာမှာ အချင်းချင်းရင်းနှီးမှု ယူပြီး ယုံကြည်မှု ရလာချိန်မှ လိမ်လည်ရောင်းစားတာတွေလည်းရှိတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
 
""ကျွန်တော်တို့ လမ်းထဲကဆို ငါးယောက်တောင် ရောင်းစားခံလိုက်ရတာ သူတို့ကိုခေါ်တဲ့သူက အရင်ကတည်းက ဆောက်လုပ်ရေးဆိုဒ်ရှိရင် အလုပ်သမားခေါ်ပေးနေတဲ့သူပါ။အရင်ဆိုဒ်တွေ တုန်းကလည်း အဆင်ပြေတော့ ပဲခူးဘက်မှာ လုပ်ရမယ်ဆိုတော့ လိုက်သွားကြတာ အဖွဲ့လိုက်ကြီး။ နောက်ရက် လိုက်သွားတဲ့သူတွေ ကို မိသားစုတွေက ဖုန်းဆက်လို့မရတော့မှ တစ်ခုခုဘဲ ဆိုပြီး အလုပ်ရှာပေးတဲ့လူဆီဆက်သွယ်တော့မရဘူး။သူနေတဲ့အဆောင်ကို လိုက်တော့ အဆောင်မှာမနေတော့ဘူး ရောင်းစားခံရတဲ့ အဖွဲ့ထဲက တစ်ယောက်က ထွက်ပြေးလာနိုင်လို့ သူတို့ကို ပဲခူးဘက်က တပ်ထဲ ကိုတစ်ယောက်ကို သိန်း၂၀နဲ့ရောင်းစားသွားတယ်ဆိုတာသိရတာ အဲ့လိုရောင်းစားခံရတဲ့သူတွေတပ်ထဲမှာ အများကြီးလို့ပြောတယ် သူလဲ မနည်းလွတ်အောင်ပြေးခဲ့ရတယ်ပြောတယ်""လို့လှိုင်သာယာ ဒေသခံတစ်ဦးကပြောပါတယ်။
 
အခုလို အလုပ်ရမယ်ဆိုကာ လူငယ်တွေ ကို လိမ်လည်ခေါ်ဆောင် ရောင်းစားတဲ့ ဖြစ်စဉ်တွေဟာ လှိုင်သာယာမြို့နယ် တွင်သာမက ရန်ကုန်တိုင်းရှိအခြားမြို့နယ်တွေမှာလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
 
လှိုင်သာယာမြို့နယ် အတွင်း လူငယ်တွေ ကို အလုပ်ရမယ်ဆိုကာ လိမ်လည်ခေါ်ဆောင်ပြီး စစ်မှုထမ်းအတွက်ခေါ်ဆောင်နေသလို စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက အလုပ်သွား အလုပ်ပြန် ချိန်တွေ မှာ လူငယ်လုပ်သားတွေ ကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တာတွေလည်းရှိတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026