NEWS

စာရွက်စာတမ်းအတုဖြင့် အေဂျင်စီ များထံ အချက်အလက် တောင်းယူမှုရှိနေဟုဆို

CoverLogo
451 Views
 
စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အသွင်ဖြင့် စာရွက်စာတမ်း အတု ပြုလုပ်ကာ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေ ထံ စာရွက်စာတမ်းအတု ကို Email ကတစ်ဆင့် ပို့ဆောင်တာတွေ ရှိနေတယ်လို့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန မှ သိရပါတယ်။
 
ဇွန်လ ၂၃ရက် ရက်စွဲ ဖြင့် Migrant Workers Information System စနစ် ချိတ်ဆက် အသုံးပြုနိုင်ဖို့ ဆိုကာ ဝက်ဆိုက်ဘ်လင့် တင်ပြရန် ဆိုပြီး အကြောင်းကြား ဖို့ ထိုင်း လိုင်စင်ရအေဂျင်စီ အချို့ ထံ ပေးပို့တာတွေရှိတယ်လို့ သိရပါတယ်။
 
စာရွက်ထဲမှာတော့ မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်၊ ပြည်ပအလုပ်အကိုင်အကျိုးဆောင် ထိုင်း လိုင်စင်ရအေဂျင်စီ တွေအနေနဲ့ အေဂျင်စီ ရဲ့ဝက်ဆိုက်ဘ်လင့်ခ့် ကို ဇွန်လ ၂၇ ရက်မှာ နောက်ဆုံးတင်ပြဖို့ ရေးသားထားပါတယ်။
 
""လိုင်စင်ရ အေဂျင်စီ အချို့စီ ကို mail လိပ်စာအသစ်နဲ့ အလုပ်သမားဝန်ကြီးဌာနက ပေးပို့တဲ့ ပုံစံ နဲ့ ပို့တာ ပထမ တခါ ကလည်း gmail လိပ်စာ ကို ဆင်တူရိုးမား လုပ်ပြီး ပို့သေးတယ် Migrant Workers Information System ကလည်း အခုမှ ဝန်ကြီးဌာနဘက်က လုပ်နေဆဲရှိသေးတာ သူ့စနစ်က လုပ်သားစေလွှတ် ဖို့ ဌာနဆိုင်ရာကို တင်ပြတဲ့အခါ အွန်လ်ိုင်းကပဲ လုပ်လို့ရမယ့်စနစ် အဲ့ အတွက် လည်း အေဂျင်စီက အလုပ်သမား တစ်ဦးကို ၃၀၀၀ ကျပ် နှုန်း နဲ့ ဝန်ကြီးဌာနကို ပေးရမယ် ဒါကို လိမ်လည်မယ့်သူက အသုံးချပြီး အေဂျင်စီ တွေ ဆီပို့တာ အေဂျင်စီတွေ အနေနဲ့ ဆုံးရှုံးနစ်နာတာတွေ မဖြစ် ဖို့ သတိတော့ထားရတယ်""လို့ လိုင်စင်ရအေဂျင်စီ တစ်ခုမှ တာဝန်ရှိသူက ပြောပါတယ်။
 
အခုလို စာရွက်စာတမ်းအတု နဲ့ အေဂျင်စီ တွေ ထံ ပို့ဆောင်တာတွေဟာ အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန တွေရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ အပေါ် အထင်မြင်လွဲမှားစေဖို့ ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တယ်လို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက ဆိုပါတယ်။
ဒါကြောင် ဦးစီးဌာန အနေနဲ့ လိုင်စင်ရအေဂျင်စီိ ထံ အချက်အလက် တွေ တောင်းခံရန်ရှိပါက တရားဝင်အသုံးပြုနေတဲ့ Email ကတစ်ဆင့် အကြောင်းကြားစာ တရားဝင် ထုတ်ပြန်ပေးနေပြီး မရှင်းလင်းပါက ဦးစီးဌာန ကိုသာ ဆက်သွယ်မေးမြန်းဆောင်ရွက်ဖို့ အသိပေးထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026