NEWS

စစ်အုပ်စုကို ကူညီထောက်ပံ့မှုတွေ ရပ်ဖို့ အရပ်ဖက် အဖွဲ့အစည်း ၃၀၀ ကျာ် Airbus ကုမ္ပဏီ CEO ထံ အိတ်ဖွင့်ပေးစာပေးပို့

CoverLogo
655 Views

အာဏာသိမ်း စစ်အုပ်စုဟာ အရပ်သားတွေကို အဓိကပစ်မှတ်ထားတိုက်ခိုက် တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ် လုပ်ဆောင်လျက်ရှိပြီး  အဆိုပါအကြမ်းဖက် စစ်ဆင်ရေးကို လုပ်ဆောင်နေနိုင်ခြင်းမှာ  စစ်အုပ်စုက တိုက်ခိုက်ရေးလေယာဉ်များနှင့် ဆက်စပ် ထိန်းသိမ်းပြုပြင် မွမ်းမံရေးဆိုင်ရာ နည်းပညာအကူအညီများ အပါအဝင် စစ်လက်နက်များကို ဆက်လက်ရရှိနေခြင်း ကြောင့်သာ ဖြစ်တယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အစီအစဉ်က ထုတ်ပြန်ပါတယ်။

AVIC ကုမ္ပဏီမှ စစ်အုပ်စုအား ကူညီထောက်ပံ့မှုများကိုရပ်တန့်ရန်အတွက် ၎င်းကုမ္ပဏီ၏ ဒုတိယအကြီးဆုံးရှယ်ယာရှင်ဖြစ်ပြီး  နည်းပညာအရ အပြန်အလှန်မှီခိုနေသော ပြင်သစ်နိုင်ငံအခြေစိုက် Airbus ကုမ္ပဏီအားပစ်မှတ်ထားကာ ဖိအားပေးသည့်လှုပ်ရှားမှုများကို သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့နှင့်အတူ ပြည်တွင်း ပြည်ပ မဟာမိတ်အဖွဲ့များပူးပေါင်း၍ လုပ်ဆောင်လျက်ရှိပါတယ်။

Airbus ကုမ္ပဏီ အနေဖြင့် ကုလသမဂ္ဂမှချမှတ်ထားသော စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်များကိုလိုက်နာပြီး   AVIC ကုမ္ပဏီမှ စစ်အုပ်စုလေတပ်အတွက် ကူညီထောက်ပံ့နေသမျှကို ရပ်တန့်ရန်တောင်းဆိုသော အိတ်ဖွင့်ပေးစာ တစ်စောင်ကို Airbus ကုမ္ပဏီ၏ စီအီးအို  ဂီရွန်ဖောဟိ ထံ သွေးစွန်းငွေဖြတ်တောက်ရေးနှင့်အတူ ပြည်တွင်း ပြည်ပမဟာမိတ်အဖွဲ့  (၃၁၁)ဖွဲ့ မှ ပူးပေါင်းပြီး  ဒီဇင်ဘာ (၁၀) ရက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ပေးပို့ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ တောင်းဆိုချက်တွေထဲမှာ မြန်မာစစ်အုပ်စုထံ လေယာဉ်များ စစ်လက်နက်များ နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချမှုနှင့် ရောင်းချရန် စီစဉ်မှုအားလုံးကို ရပ်တန့်စေရန် ၊ မြန်မာလေတပ်၏ လေယာဉ်ပြုပြင်ထိန်းသိမ်း ရေး လေ့ကျင့်သင်ကြားရေးနှင့် နည်းပညာ အကူအညီအားလုံးကို ရပ်ဆိုင်းရန်အတွက် 
AVIC နှင့် ကုမ္ပဏီခွဲများအပေါ် ဩဇာလွှမ်းမိုးမှု အသုံးပြုရန်၊  

AVIC သည် မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းများလုပ်ဆောင်မှုရပ်ဆိုင်းရန် ငြင်းဆန်ပါက AviChina မှ ရင်းနှီးမြုပ်နှံမှုများကို တာဝန်ယူမှုရှိစွာရုတ်သိမ်းပေးပြီး ဆက်ဆံရေးကို အဆုံးသတ်ရန် စတဲ့အချက်တွေ ပါဝင်ပါတယ်။

တရုတ်နိုင်ငံပိုင် Aviation Industry Corporation of China (AVIC) ဟာ  စစ်အုပ်စုအတွက် စစ်လေယာဉ်တွေ အဓိကရောင်းချခြင်းနဲ့  ပြုပြင်ထိန်းသိမ်းရေးများပြုလုပ်ပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

#MyanmarLabourNews


Related posts

Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026