NEWS

စစ်မှုထမ်း အကျုံးဝင်တဲ့ ထိုင်းရောက်မြန်မာ အလုပ်သမားတွေကို နည်းမျိုးစုံနဲ့ပြန်လည်ခေါ်ယူ ရေး အလုပ်သမားဝန်ကြီးချစ်ဆွေပြင်းပြင်းထန်ထန် ကြိုးပမ်းနေ

CoverLogo
131 Views

စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးသစ်ဦးချစ်ဆွေက  ထိုင်းရောက်မြန်မာအလုပ်သမားတွေထဲက  အသက် ၁၈နှစ်ကနေ ၃၅နှစ်အတွင်း အရွယ်ရှိ စစ်မှု့ထမ်းဖို့သတ်မှတ်အကျုံး ဝင်ပါက မြန်မာနိုင်ငံသို့ပြန်လည်စစ်မူထမ်းဖို့ သဘောတူညီလက်မှတ်ရေးထိုးစေတဲ့နည်းအပြင် နည်းမျိုးစုံသောဖမ်းဆီးမှုတွေပြုလုပ်ပြီး  ပြန်လည်ခေါ်ယူမှုတွေကို ပြင်းပြင်းထန်ထန်ပြုလုပ်လာတယ်လို့ သိရပါတယ်။ 

 

"ချစ်ဆွေတက်လာမှ ခုလိုအသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ကန့်သတ်ထားတဲ့အကြုံးဝင်သူတွေကို ပြန်ခေါ်ဖို့တွေ ဖြစ်လာတာ။ သူဝန်ကြီးဖြစ်မှထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့စစ်တပ်နဲ့ ဘယ်လို အပေးအယူ တွေလုပ်ပြီး ဘယ်လိုသဘောတူညီထားတယ်တော့မသိဘူး။  သူတက်မှအခြေအနေတွေဆိုးလာတယ်။ အကုန်ဒုက္ခရောက်ရတယ်။ ခုဆိုမြန်မာတွေကို မတရားတွေဖမ်းလွန်းတော့ ခုမြန်မာအလုပ်သမားတွေက အလုပ်မလာကြတာတွေအများကြီးဖြစ်လာတယ်။ အလုပ်ရှင်တွေငြီးငြူလာကြတယ်။  မြန်မာအလုပ်သမား တွေမလာတော့ အလုပ်ရှင်တွေအဆင်မပြေဖြစ်လာတယ်လို့ ထုတ်ဖော်ပြောလာတာတွေတော့ရှိလာပြီ။ ခုက ချစ်ဆွေတက်လာပြီးမှ  ထိုင်း မဘသ နှုတ်းခမ်းမွှေးဆိုလည်း မြန်မာစကားပြန် ၅ ယောက်လောက်အထိ  ကားပေါ် တင်ပြီး ဟိုနေရာမှာဒီနေရာမှာ အသေးစိတ်ကိုလိုက်ဖမ်းတာ။ အရင်ကတည်းက team တစ်ခုလိုကိုစုစည်း ထားတာ။ သူတို့ကတော့ နိုင်ငံခြားသားအလုပ်သမားလို့ခေါင်းစဉ်တပ်တာပဲ  ဒါပေမဲ့မြန်မာတွေကို အဓိကဖမ်းနေတာ။ ဖမ်းပြီးတာနဲ့ စစ်တပ်ကိုသူတို့ပြန်လွှဲတယ်" လို့ အဲ့ဒီနိုင်ငံအခြေစိုက် ထိုင်းရောက်မြန်မာအလုပ်သမားရေး  ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ဆိုပါတယ်။  

 

ယခုလို စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးအပြောင်းအလဲ ပြုလုပ်ပြီးနောက်အသစ်တက်လာပြီးတာဝန်ယူ ဆောင်ရွက်စဉ်မှာ ထိုင်းနိုင်ငံကစက်ရုံအလုပ်ရုံတွေမှာ  ဝင်ရောက်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့  စစ်မှုထမ်းဖို့ဆင့်ခေါ်ခံရပါက ထိုင်းအလုပ်ရှင်ထံမှအလုပ်ရပ်စဲကာ  ပြည်တွင်းသို့ပြန်လည်ဝင်ရောက်ပြီး စစ်မူထမ်းဖို့သဘောတူညီကြောင်း လက်မှတ်ရေးထိုးရတာတွေပြုလုပ်လာတာဖြစ်ပါတယ်။  

 

ဒါ့အပြင် စစ်မှုထမ်း ဖို့ကန့်သတ်ထားတဲ့ အသက်အရွယ်အပိုင်းအခြားအတွင်း အကျုံးဝင်နေတဲ့အလုပ်သမားဖြစ်နေပါက ပြည်တွင်း ပြန်လည်ဝင်ရောက်ဖို့ကိုပါ ဖိအားပေးမှုတွေကို ထိုင်းအလုပ်ရှင်တွေနဲ့ စစ်ကောင်စီရဲ့ထိုင်းရောက်မြန်မာသံရုံးတို့ က  ပူးပေါင်းလုပ်ဆောင်လာတာဖြစ်တယ်လို့ သိရပါတယ်။  

 

ဒါ့အပြင်ထိုင်းရောက်မြန်မာအလုပ်သမားတွေက်ို  သက်တမ်းပြည့်ပြီးဗီဇာသက်တမ်းတိုးတာတွေကိုလည်း ရပ် တန့်ထားပြီး ယခုဖေဖော်ဝါရီ ၁၃ ရက်နေ့မှာသက်တမ်းပြည့်အလုပ်သမားတွေအနေနဲ့ အခက်အခဲဖြစ်ကာဖမ်း ဆီးခံရတာတွေ စစ်ဆေးခံရတာတွေရှိသလို  ထိုင်းရောက်မြန်မာအလုပ်သမားတွေကို ယခင်ကထက်ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးတာတွေကို ပြင်းပြင်းထန်ထန်ပြုလုပ်လာတာဖြစ်ပါတယ်။ 

 

ဖမ်းဆီးရာမှာ  ထိုင်းရောက်မြန်မာတွေအနက် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဈေးတင်ရောင်းချသူများကိုပါ နေ အိမ်တွေအထိ လိုက်လံဖမ်းဆီးသလို ငွေတိုးပေးလုပ်ငန်းလုပ်ကိုင်တဲ့မြန်မာတွေနဲ့ လမ်းဘေးဈေးရောင်း ချသူတွေ ဆံပင်ညှပ်ဆိုင် အလှပြင်ဆိုင်ဖွင့်လှစ်သူ စသဖြင့်မျိုးစုံဖမ်းခံနေရတာဖြစ်သလို ထိုင်းနိုင်ငံအတွင်း ကုန်တိုက်ကြီးတွေဈေးဝယ်စင်တာတွေထဲအထိပါ လိုက်လံရှာဖွေဖမ်းဆီးနေတာလို့ သိရပါတယ်။ 

 

"ခုက အရင်ကမဖမ်းခဲ့ဖူးတဲ့အမျိုးအစားနဲ့နေရာတွေအထိပါ လိုက်ဖမ်းလာတာ။ မိရင်ပြည်တွင်းစစ်တပ်ကို ပြန်လွှဲတယ်။ ဒါက စစ်မှုထမ်းဖို့သတ်မှတ်အပိုင်းအခြားမှာပါဝင်နေလို့ ရည်ရွယ်ချက်ရှိရှိနဲ့ကို ပြည်တွင်းကိုပြန်ပြီး ခေါ်ယူစုစောင်းနေတာလို့ပဲမြင်တယ်"လို့ ထိုင်းရောက်မြန်မာအလုပ်သမားရေးကူညီဆောင်ရွက်သူက ဆိုပါတယ်။  

 

ယခုလိုမျိုးယခင်က လိုက်လံဖမ်းဆီးတာတွေ မပြုလုပ်ဖူးတဲ့နေရာတွေနဲ့ အမျိုးအစားတွေကိုပါ  လိုက်လံဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒါဟာဝန်ကြီးအပြောင်းအလဲပြုလုပ်ပြီးမှ  ရည်ရွယ်ချက်ရှိရှိနဲ့ စစ်မှုထမ်းလူငယ်တွေကို ပြန်တွင်းမှာပြန်လည်စုဆောင်းမှုတွေပြုလုပ်လာခြင်းဖြစ်တယ်လို့  ထိုင်းရောက်မြန်မာတွေက မှတ်ချက်ပြုပြောဆိုထားပါတယ်။ 

 

ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၄ ရက်နေ့အထိ အဖမ်းခံရတဲ့ မြန်မာအလုပ်သမား ၅၀၀၀ နီးပါးရှိတယ် လို့ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။ 

 


Related posts

Cover
၅ နိုင်ငံမှလွဲပြီး ကျန်နိုင်ငံများအတွက်  အလုပ်ခေါ်စာ တစ်လကို ၁၀ဦးသာ ခွင့်ပြု
Mar 27, 2025
Cover
စကြာမင်းတိုင်းရင်းဆေးစက်ရုံကို ရဲတပ်ဖွဲ့ စစ်ဆေး စက်ရုံမှူးရှေ့မှာ  စစ်မေးခဲ့
Mar 27, 2025
Cover
မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွား
Mar 26, 2025
Cover
မလေးရှားအလုပ်ခေါ်စာ အတွက် အေဂျင်စီတစ်ခုလျင် တစ်လကိုလုပ်သား၂၀ဦးသာခွင့်ပြု
Mar 26, 2025
Cover
အမျိုးသမီးအလုပ်သမားတွေ လုံခြည်လှန်ပြီး ဓမ္မတာလာ  မလာစစ်ဆေးခံခဲ့ရတဲ့အပေါ် အရေးယူပေးစေလို
Mar 26, 2025
Cover
OWIC ကတ် ပြုလုပ်ရန်  စာတိုက်ကတစ်ဆင့်ပေးပို့လျှောက်ထားခိုင်းသော်လည်း လက်ရှိအချိန်ထိပြုလုပ်ခွင့် မချပေးသေးဟုဆို
Mar 25, 2025
Cover
စင်ကာပူနိုင်ငံအတွက် အလုပ်ခေါ်စာတင်ပြခွင့် အေဂျင်စီ တစ်ခုလျင်  တစ်လကို  လုပ်သား ၅ဦးတိတိ ခွင့်ပြု
Mar 25, 2025