စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်းကလူငယ် အများစု ပြည်ပနိုင်ငံတွေမှာသွားရောက်အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
လက်ရှိမှာစစ်မှုထမ်းဥပဒေကြောင့်ပြည်ပထွက်မယ့်သူတွေကိုလေဆိပ်မှာပိတ်ပင်ခံရမှာ၊ ငွေကြေးခြိမ်းခြောက်တောင်းဆိုခံရတာတွေကိုဖြစ်လာနိုင်မယ်လို့ပြည်သူအချို့ကကထင်မြင် သုံးသပ် ကြပါတယ်။
စစ်ကောင်စီကပြည်သူ့စစ်မှုထမ်းဥပဒေကိုစတင်ကျင့်သုံးတော့မယ်လို့ နိုင်ငံပိုင်သတင်းဌာနကထုတ်ပြန်ကြေညာတာကြောင့်ပြည်ပမှာအလုပ်လုပ်ကိုင်ဖို့ပြင်ဆင်နေသူတွေ အထူးသဖြင့် လူငယ် အရွယ်တွေဟာ စိတ်ပူပန်နေရတယ်လို့ပြောပါတယ်။
စစ်ကောင်စီဟာ၂၀၁၀ခုနှစ်မှာပြဌာန်းခဲ့တဲ့ပြည်သူ့စစ်မှုထမ်းဥပဒေကို၂၀၂၄ ခုနှစ်ဖေဖော်ဝါရီလ(၁၀)ရက်မှာစတင်ကျင့်သုံးမယ်လို့နိုင်ငံပိုင်ရုပ်သံကတစ်ဆင့်ဖော်ပြခဲ့ပါတယ်။
ဒီအခြေအနေမှာစစ်မှုထမ်းဖို့အသက်ပြည့်မီတဲ့လူငယ် တွေကိုပြည်ပမှာသွားရောက်လုပ်ကိုင်ဖို့တားမြစ်တာတွေရှိလာမှာကိုစိုးရိမ်ကြတာလို့ဆိုပါတယ်။
"အခုကဂျပန်သွားဖို့စောင့်နေတာ။နောက်နှစ်လလလောက်ဆိုထွက်ရတော့မှာပါ။အခုကစစ်မှုထမ်းရမယ်ဆိုတော့စိတ်ပူနေတယ်။သတင်းလည်းတွေ့မိတယ်။သူတို့ကနောက်ကိုပြည်ပထွက်တာတွေကိုတားမြစ်မယ်ဆိုတော့ပိုဆိုးတာပေါ့။ဒီနိုင်ငံမှာရတဲ့ဝင်ငွေနဲ့ရေရှည်ရပ်တည်ဖို့လည်းမဖြစ်ဘူး။ပြည်ပထွက်လုပ်ဖို့ပါအပိတ်ခံရမယ်ဆိုရင်တကယ်ကိုအဆင်မပြေဘူး"လို့ဂျပန်နိုင်ငံမှာသွားရောက်လုပ်ကိုင်ဖို့စောင့်ဆိုင်းနေသူတစ်ဦးကပြောပါတယ်။
စစ်မှုထမ်း ဥပေဒအရ အမျိုးသား ရော အမျိုးသမီးပါစစ်မှုထမ်းဖို့သတ်မှတ်ထားပါတယ်။စစ်မှုထမ်းရမယ့်အသက်အရွယ်ကို တော့ အမျိုးသမီးတွေကိုအသက်(၁၈)နှစ်ကနေ(၂၇)နှစ်တွင်း၊ အမျိုးသားတွေကိုအသက်(၁၈)နှစ်ကနေ(၃၅)နှစ်တွင်းသတ်မှတ်ထားတာဖြစ်ပါတယ်။ဒါ့အပြင်ကျွမ်းကျင်သူအမျိုးသားဖြစ်ပါကအသက်(၄၅)နှစ်ထိ၊ အမျိုးသမီးဖြစ်ပါက(၃၅)နှစ်ထိစစ်မှုထမ်းရမှာဖြစ်ပါတယ်။
စစ်မှုထမ်းတာဝန်ကနေကင်းလွတ်ခွင့်မှာတော့သာသနာ့ဝန်ထမ်း၊ အိမ်ထောင်သည်အမျိုးသမီး၊အိမ်ထောင်ပျက်သော်လည်းကလေးရှိသူ၊ကိုယ်လက်အဂ်ါမသန်စွမ်းသူ၊တပ်မတော်ဆေးစစ်ရေးဘုတ်အဖွဲ့ကစစ်မှုထမ်းဖို့မသင့်လျော်သူဖြစ်တယ်လို့သတ်မှတ်ခံရသူနဲ့ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကအမိန့်ထုတ်ပြန်ပြီးကင်းလွတ်ခွင့်ပြုထားသူတွေပါဝင်တာပဲဖြစ်ပါတယ်။
"စိတ်ပူတာ ပေါ့ ။ဒီအတိုင်းတောင်မနေချင်လို့ပြည်ပအထိအလုပ်သွားလုပ်ဖို့လုပ်နေတာအခုကျစစ်ထဲဝင်ရမယ်ဆိုတော့ပိုဆိုးတာပေါ့။ပြောမယ်ဆိုအရင်ကပြည်ပထွက်ဆိုတဲ့လွတ်လမ်းရှိတယ်။အခုကျအဲဒါကိုပါပိတ်ပင်ခံရတော့မလားတွေးပူတယ်"လို့ကိုရီးယားနိုင်ငံမှာသွားရောက်လုပ်ကိုင်ဖို့သင်တန်းတက်ရောက်နေသူတစ်ဦးကပြောပါတယ်။
NEWS
စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ရန်ပြင်ဆင်နေသည့် လူငယ်များ စိတ်ပူပန်နေ

1.1K Views
Related posts

ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026

မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026

၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026

ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026

အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင် တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026

အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့် ကား တိမ်းမှောက်
Jun 24, 2026

တရုတ်နိုင်ငံနယ်စပ်က အထည်ချုပ်လုပ်ငန်းမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အသက်အန္တရာယ်ရှိတဲ့အထိဒုက္ခတွေ့နေ
Jun 23, 2026

ထိုင်းအစိုးရရဲ့ရွှေ့ပြောင်းလုပ်သားစိစစ်ရေးစစ်ဆေးမှုနဲ့ Work permit လုပ်ငန်းစဉ် ကြန့်ကြာလို့ အလုပ်သမားတွေအခက်တွေ့နေ
Jun 07, 2026
