ရန်ကုန်တိုင်း တွံ့တေးမြို့နယ်ထဲက ကျေးရွာအချို့မှာ စစ်မှုထမ်းရန် မဲပေါက်သူတွေ တိမ်းရှောင်သွားလို့ ငွေကြေးတောင်းခံမှုတွေပြုလုပ်တာကြောင့် ကျေးရွာနေ ပြည်သူတွေအနေနဲ့ အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်နေ့မှာတော့ တိုင်းနဲ့ပြည်နယ် အသီးသီးက လူငယ်တွေကို စစ်မှုထမ်း အပတ်စဉ် ၁ အနေနဲ့ ရက်ကွက် သို့မဟုတ် ကျေးရွာအုပ်စု တစုလျင် လူငယ် ၂ ယောက်နှုန်း စစ်ကောင်စီက စစ်မှုထမ်းရန်ဆင့်ခေါ်ခဲ့တာဖြစ်ပြီး တွံ့တေးမြို့နယ်ထဲက ကျေးရွာတွေမှာလည်း အလားတူ အသက် ၂၄ နှစ်ကနေ ၃၀ နှစ်ကြားရှိ လူငယ်တွေကို မဲနှိုက်ခေါ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်မှုထမ်းရန် မဲနှိုက်ခေါ်ယူမှုမှာ ခြိမ်းခြောက်မှုတွေကြောင့် အသာတကြည်လိုက်ပါခဲ့ရတဲ့ လူငယ်တွေရှိသလို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့လူငယ်တွေလည်းရှိတာကြောင့် အဆိုပါရွာတွေမှာရှိတဲ့ အိမ်ထောင်စုတိုင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ ငွေကြေးကောက်ခံမှုတွေပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
"တွံ့တေးမြို့နယ် မင်းဖုန်း ကျေးရွာ အုပ်စုမှာဆိုရင် ၃ ရွာရှိတယ် တရွာတယောက်မဲနှိုက်ပြီးတော့ ထွက်ပြေးသွားလို့ ဆိုပြီး မင်းဖုန်းကျေးရွာမှာ နာမည်ပါတဲ့ အိမ်ထောင်စုဆိုရင် တယောက် ၅၀၀၀၀ အိမ်ထောင်စုတစုတည်းမှာ နာမည်ပါတာ ၃ ယောက်ဆို ၁၅၀၀၀၀ ပေးရတယ် နာမည်မပါတဲ့ အိမ်ထောင်စုဆိုရင် တအိမ်ထောင်ကို ၂၀၀၀၀ ပေးရတယ်"လို့ အမည်မဖော်လိုတဲ့ သတင်းပေးပို့သူကပြောပါတယ်။
အဆိုပါ တွံ့တေးမြို့နယ် မင်းဖုန်းအုပ်စုမှာ မင်းဖုန်းကျေးရွာ ကလီထော်ကျေးရွာနဲ့ သဘွတ်ခရားရေကျော်ကျေးရွာ တွေရှိပြီး
မင်းဖုန်းကျေးရွာ မှာတော့ စစ်မှုထမ်းစာရင်းအမည်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ငွေကြေးပေးရပြီး
ကလီထော်ကျေးရွာ မှာတော့ အမည်စာရင်းပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အိမ်ထောင်စုတစုလျင် ၃၀၀၀၀ ကျပ် ကောက်ခံပြီး
သဘွတ်ခရားရေကျော်ကျေးရွာ မှာတော့ တအိမ်ထောင်ကို ငွေကျပ် ၁၀၀၀၀ ကျပ်ပေးရပြီး လိုငွေကိုတော့ စစ်မှုထမ်းမဲ ပေါက်တဲ့ မိသားစုက ဖြည့်တင်းပေးရတာဖြစ်တယ်လို့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။
ငွေကြေးကောက်ခံမှုတွေကို စစ်မှုထမ်းဖို့ မဲနှိုက်ရွေးချယ်လို့ အပြီးမှာပဲ စတင်ကောက်ယူတာလို့ ပြောပါတယ်။
အခုလို ငွေကြေးပေးဆောင်ရတာဟာ ရွာထဲက အိမ်ထောင်စုတိုင်းပေးရတာဖြစ်ပြီး အိမ်ထောင်စုထဲက အသက် ၂၄ ကနေ ၃၀ အတွင်းရှိလူငယ်တိုင်း နာမည်စာရင်းပါနေတာဖြစ်လို့ တယောက်ချင်းစီ ငွေပေးချေရကာ လက်ရှိမှာ လုပ်ကိုင်စားသောက်ရတာ ခက်ခဲနေပေမဲ့ ခြိမ်းခြောက်မှုတွေကြောင့် မဖြစ်မနေပေးခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။
ထပ်မံပြီးတော့ တွံ့တေးမြို့နယ် ကံရွာအုပ်စု အိုင်ကြီးကျေးရွာမှာ လူငယ် ၂ ဦးစစ်မှုထမ်းခိုင်းရာမှာ ထွက်ပြေးတိမ်းရှောင်သွားသည့်အတွက် ကံရွာအုပ်ချုပ်ရေးမှူး ဦး- အိုင်ကြီးကျေးရွာမှ တာဝန်ခံဦး- အိုင်ကြီးအနောက်ဘက်ခြမ်း ဆယ်အိမ်မှူး ဦး- နှင့် ဇနီးတို့မှ ကောက်ခံပြီး နာမည်စာရင်းပါသူကို တစ်ယောက် ၆၀၀၀၀ ကျပ် တအိမ်ထဲ နာမည်စာရင်းပါသူ ၃ ဦးရှိပါက ၁၈၀၀၀၀ ကျပ်ပေးရတာဖြစ်ပြီး နာမည်စာရင်းမပါသော အိမ်ထောင်စုက ၃၀၀၀၀ ကျပ် ပေးရတယ်လို့ ဆိုပါတယ်။
အခုလို ငွေကြေးကောက်ခံမှုတွေရှိနေတဲ့အပေါ် အလုပ်အကိုင်ရှားပါးမှုနဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့် အခက်အခဲကြုံနေရပြီး ခြိမ်းခြောက်မှုတွေကြောင့် မဖြစ်မနေပေးလိုက်တာလို့ ဒေသခံတွေကပြောကြားပါတယ်။
"ကံရွာ အုပ်စု အိုင်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူးအဖွဲ့ဆို စစ်တပ်ခေါ်ပြီးပေါ်တာဆွဲခိုင်းတာတွေပါ လုပ်ပါတယ် စစ်တပ် လာမယ်ဆိုတာတောင် ရွာကို ကြိုအသိမပေးဘူး ထွက်ပြေးသွားမှာစိုးလို့ သူတို့ပြောပြလိုက်ရင် ရွာသားတွေ ထွက်ပြေးသွားမှာစိုးလို့ ဆိုပြီး အိုင်ကြီးရွာ တာဝန်ခံ ဦးကိုကို ကိုယ်တိုင်ပြောတာ"လို့ သတင်းရင်းမြစ်ကပြောဆိုပါတယ်။
အခုလို ငွေကြေးကောက်ခံလို့အပြီးမှာတော့ နောက်ထပ်တကြိမ်ကောက်ခံမှာကို ရွာသူရွာသားတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
"ကြားရတဲ့သတင်းတွေအရဆို နောက်ခေါ်မဲ့အသုတ်မှာ အသက် ၁၈ ကနေ ၃၅ အထိလို့ ကြားရသလို အမျိုးသမီးတွေကိုပါခေါ်မယ်လို့ ကြားရပါတယ် ကံရွာအုပ်စုထဲက အိုင်ကြီးအရှေ့ရွာ အိုင်ကြီးအနောက်ရွာမှာ မိန်းကလေး စာရင်းတွေ ကြိုတင်စုဆောင်းနေပါတယ် မိန်းကလေးတွေကျရင် ၁၀ ယောက်တတွဲပို့မယ်လို့လဲကြားတယ်"လို့ ဒေသခံကပြောပါတယ်။
အခုလို ငွေကြေးကောက်ခံတာ စာရင်းကောက်ခံတာတွေကို ကြည်ကြည်ဖြူဖြူမပေးတဲ့ တယောက်ချင်းစီတိုင်းကို စစ်တပ်ထံသတင်းပို့မယ်လို့ လည်း ရွာတာဝန်ခံ ဦးကိုကိုက ခြိမ်းခြောက်ထားတယ်လို့ ပြောပါတယ်။
"ရန်ကုန်တိုင်း တွံ့တေးမြို့နယ်မှာ စစ်တပ်က အုပ်ချုပ်ရေးမှူး ရာအိမ်မှူး ဆယ်အိမ်မှူးတွေကို ဆင့်ခေါ်စာတွေနဲ့ စာရေးတွေလွှတ်ပြီး အသက် ၂၄ နှစ်ကနေ ၃၀ ကြား လူငယ်တွေကို မဲနှိုက်ခိုင်းပြီး နံပတ် ၁ နဲ့ ၂ ကျသူတွေကို အရင်လိုက်ရမယ်ဆိုပြီး ၃ လပိုင်း ၁၅ ရက်နဲ့ ၁၆ ရက်မှာ မဲနှိုက်ကြရပြီး ၂၉ ရက်နေ့မှာ ခေါ်သွားတဲ့ တွံ့တေးမြို့နယ်က လူ ၁၀၀ ကျော် ကို ၃၁ ရက်နေ့မှာတော့ ရှမ်းပြည် စစ်စခန်းပို့လိုက်ပြီလို့သိရပါတယ် ခရမ်းကြီးရွာမှာတော့ စစ်တပ်ကို သိန်း ၅၀ ပေးလိုက်ရပါတယ် တမာတကောကျေးရွာမှာတော့ တယောက်ကို ၇၅ သိန်းစီနဲ့ ငှားလိုက်ပါတယ် တချို့ရွာတွေမှာဆို ငွေ သိန်း ၅၀ ကနေ ၂၀၀ အထိ ပေးပြီး ပြီးတဲ့ရွာတွေလည်းရှိပါတယ်"လို့ နောက်ထပ် ဒေသခံတဦးကပြောဆိုပါတယ်။
စစ်မှုထမ်းဥပဒေကို စစ်ကောင်စီခေါင်းဆောင်မှ ဖေဖော်ဝါရီ ၁၀ ရက်မှာ အတည်ပြုလက်မှတ်ရေးထိုးလိုက်ပြီး နောက်ပိုင်း မတ်လ ၂၉ ရက်မှာ အပတ်စဉ် ၁ အနေနဲ့ အရွယ်ရောက်လူငယ်တွေကို ဆင့်ခေါ်ခဲ့ပါတယ်။
အခုလို စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကို အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို ဆင့်ခေါ်မယ်လို့ အသိပေးထားပြီး သင်္ကြန်ကာလအပြီးမှာခေါ်ယူမယ်လို့ အသိပေးခဲ့ပေမယ့် တလကြိုတင်ခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။
အခုလို စစ်မှုထမ်းဖို့ လူငယ်အမျိုးသားတွေကို ဆင့်ခေါ်ရာမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ ရက်ကွက် ကျေးရွာအုပ်စုအလိုက် ကျေးရွာအုပ်စုတခု သို့မဟုတ် ရက်ကွက်တခုလျင် လူငယ် ၂ ဦးစီဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။
အောက်ခြေအဆင့်မှာတော့ စစ်မှုထမ်းဖို့ လာရောက်စာရင်းပေးသူမရှိတာကြောင့် မဲနှိုက်ရွေးချယ်တာနဲ့ အတင်းအဓမ္ဓခေါ်ဆောင်မှုတွေ ငွေကြေးတောင်းခံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ဓါတ်ပုံ- ၂၀၂၁ မတ်လ ၁၃ ရက်နေ့က တွံ့တေးမြို့မှာ ဆန္ဒပြသူတွေကို ပစ်ခတ်နေတဲ့ စစ်သားနှင့်ရဲအချို့။
NEWS
စစ်မှုထမ်းရန်မဲပေါက်သူတွေ ထွက်ပြေးတိမ်းရှောင်သွားလို့ ကျေးရွာတွေထံငွေကြေးအဓမ္မကောက်ခံဟုဆို


666 Views
Related posts

၅ နိုင်ငံမှလွဲပြီး ကျန်နိုင်ငံများအတွက် အလုပ်ခေါ်စာ တစ်လကို ၁၀ဦးသာ ခွင့်ပြု
Mar 27, 2025

စကြာမင်းတိုင်းရင်းဆေးစက်ရုံကို ရဲတပ်ဖွဲ့ စစ်ဆေး စက်ရုံမှူးရှေ့မှာ စစ်မေးခဲ့
Mar 27, 2025

မြောက်ဒဂုံ ပင်လုံအလုပ်သမားရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွား
Mar 26, 2025

အမျိုးသမီးအလုပ်သမားတွေ လုံခြည်လှန်ပြီး ဓမ္မတာလာ မလာစစ်ဆေးခံခဲ့ရတဲ့အပေါ် အရေးယူပေးစေလို
Mar 26, 2025

စင်ကာပူနိုင်ငံအတွက် အလုပ်ခေါ်စာတင်ပြခွင့် အေဂျင်စီ တစ်ခုလျင် တစ်လကို လုပ်သား ၅ဦးတိတိ ခွင့်ပြု
Mar 25, 2025

၂ လအတွင်း စပါးတင်းပေါင်းသိန်း ၁၅၀ နှင့်ဧည့်မထ ဆန်အိတ်(၄)သိန်းထိ ဆန်စပါးအသင်းချုပ် ဝယ်ယူမည်ဟုဆို
Mar 23, 2025

ငွေကြေးမသမာမှုနှင့် စစ်မှုထမ်းစုဆောင်းခဲ့ဟု ဒု စစ်ခေါင်းဆောင် ဝန်ခံ
Mar 22, 2025

လုပ်ငန်းခွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် မကျော်ရေး ပြုလုပ်ရန် တိုက်တွန်း
Mar 12, 2025