NEWS

စစ်တပ်ရဲ့ ရွေးကောက်ပွဲကို နယူးဇီလန် အသိအမှတ်မပြု

CoverLogo
448 Views
 
မြန်မာ အာဏာသိမ်း စစ်တပ်က ကျင်းပမယ့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို နယူးဇီလန်အစိုးရက လက်ခံအသိအမှတ်ပြုသွားမည် မဟုတ်ကြောင်း သိရပါတယ်။
ယနေ့(နိုဝင်ဘာ ၅) နယူးဇီလန် လွှတ်တော်ထဲတွင် Brother Phil Twyford - Labour Party က စစ်တပ်ရွေးကောက်ပွဲကို လက်မခံကြောင်း အဆိုတင်သွင်းခဲ့ရာ ကန့်ကွက်သူမရှိဘဲ ဆုံးဖြတ်ချက်ချမှတ်လိုက်ကြောင်း သိရပါတယ်။
 
မြန်မာစစ်အုပ်စု၏ ရွေးကောက်ပွဲများဟာ လွတ်လပ်ပြီး တရားမျှတမှာ မဟုတ်ဘဲ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဆီသို့ ဦးတည်နိုင်မည်လည်း မဟုတ်တဲ့အတွက် အလွန်အမင်းစိုးရိမ်ကြောင်း နယူးဇီလန် လွှတ်တော်တွင် ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
 
စစ်မှန်သော အတိုက်အခံပါတီတွေ မရှိသော ရွေးကောက်ပွဲအပေါ် အများပြည်သူက ဝေဖန်မှုပြုတာကိုပင် ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ဖိနှိပ်ချုပ်ချယ်သော ဥပဒေတွေကို အတည်ပြုထားခြင်းကလည်း စစ်တပ်ရဲ့ရွေးကောက်ပွဲ အစီအစဉ်တွေသာ သိသိသာသာ ချို့ယွင်းနေတာကို ဖော်ပြနေတယ်လို့ နယူးဇီလန် လွှတ်တော်အမတ်တွေက ပြောဆိုကြပါတယ်။
 
ဒါ့အပြင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန်၊ လေကြောင်းတိုက်ခိုက်မှု နဲ့ အခြားစစ်ရေးလုပ်ဆောင်မှုတွေကို ရပ်တန့်ရန်၊ အကျိုးတူပါဝင်သူအားလုံးနဲ့ စစ်မှန်သော ပါဝင်ဆွေးနွေးမှုကို ဖွင့်လှစ်ရန် နဲ့ မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဒုက္ခများကို သက်သာစေရန် မြန်မာစစ်အုပ်စု ကို နယူးဇီလန် လွှတ်တော် က တောင်းဆိုလိုက်ပါတယ်။
 
ယခု စစ်တပ်က စီစဉ်ထားသော ရွေးကောက်ပွဲဖြင့် တိုးတက်ကောင်းမွန်လာမည်မဟုတ်သော မြန်မာနိုင်ငံသားတွေရဲ့ ဝမ်းနည်းဖွယ်အခြေအနေကို မျက်ခြည်မပြတ်ကြစေဖို့ နယူးဇီလန်အစိုးရ နှင့် နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း တောင်းဆိုထားပါသေးတယ်။
 
ဒါ့အပြင် မြန်မာနိုင်ငံသားတွေ နဲ့ ၎င်းတို့၏နိုင်ငံတွင် ပါဝင်မှုရှိပြီး စစ်မှန်သော ကိုယ်စားပြုဒီမိုကရေစီစနစ်အတွက် ၎င်းတို့၏ဆန္ဒနှင့်အတူ စည်းလုံးညီညွတ်စွာ ဆက်လက်ရပ်တည်သွားမှာဖြစ်တယ်လို့ နယူးဇီလန်လွှတ်တော်အမတ်က ပြောဆိုလိုက်ပါတယ်။
 
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ကလည်း မြန်မာစစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲဟာ ယုံကြည်စိတ်ချရသော ရလဒ်ဖြစ်ရေး နဲ့ ပြည်သူ့ဆန္ဒထင်ဟပ်ရေးအတွက် သက်ဆိုင်သူများ အားလုံးပါဝင်မှုကို အခြေခံရမည်ဖြစ်တယ်လို့ ယနေ့ စင်ကာပူလွှတ်တော်အတွင်း မေးမြန်မှုအပေါ် ပြန်လည်ဖြေကြားခဲ့ပါတယ်။
 
စစ်မှန်ခိုင်မာတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရဲ့ အဓိကပါဝင်သူအားလုံး တွေ့ဆုံဆွေးနွေးမှုများကသာ ဖြေရှင်းဆောင်ရွက်နိုင်မယ်လို့ သူက ပြောပါတယ်။
 
ချက်ချင်းဦးစားပေးအနေနဲ့ အကြမ်းဖက်မှုများ လျော့ကျလာစေရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ များဝင်ရောက်ခွင့် လွယ်ကူချောမွေ့စေရေး နဲ့ တွေ့ဆုံဆွေးနွေးမှုများအတွက် အထောက်အကူဖြစ်စေမယ့်အခြေအနေတွေ ဖန်းတီးဖို့ လိုအပ်မယ်ဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်က ဆိုပါသေးတယ်။
 
အာဏာသိမ်းစစ်တပ်က လာမည့် ဒီဇင်ဘာ နှင့် ဇန်နဝါရီလတို့တွင် ရွေးကောက်ပွဲ အပိုင်း (၁) နဲ့ အပိုင်း (၂) တို့ကို ကျင်းပသွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ရေး နိုင်ငံတကာ ဖိအားပေးရန် အဖွဲ့အစည်း ၅၈ ဖွဲ့တောင်းဆို
Apr 21, 2026