NEWS

စစ်မှုထမ်းစုဆောင်းမှုတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မသမာမှုများ ရှိကြောင်း စစ်ကောင်စီ ဝန်ခံ

CoverLogo
453 Views
စစ်မှုထမ်း ဆင့်ခေါ်ရာမှာ ရက်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ မသမာမှုတွေကို ကြပ်မတ်ဆောင်ရွက်ကြဖို့ စစ်ကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်က လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှု ပြောကြားလိုက်ပါတယ်။ အဲ့ဒီ စစ်မှုထမ်းဆင့်ခေါ် ရေး ဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၂ ရက် က နေပြည်တော် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
 
အဲဒီအစည်းအဝေးဟာ စစ်မှုထမ်းသင်တန်းအမှတ် ၄ ဖွင့်လှစ်ဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး ပြည်သူ့ စစ်မှုထမ်း စာရင်း ကောက်ယူရာမှာ အသက်မပြည်မီသူနဲ့ အသက်ကျော်လွန်သူတွေ မပါဝင်စေရေး၊ ကာယကံရှင် ဆန္ဒ မပါဝင်ဘဲ အတင်းအကြပ်စာရင်းသွင်းမှု၊ လူစားထိုးတာတွေ၊ ရက်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ မသမာမှုတွေ မရှိစေဖို့ကို ကြပ်မတ် ဆောင်ရွက်ကြဖို့ စစ်ကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
 
လက်ရှိ အသက်မပြည့်သူတွေနဲ့ ကျော်လွန်သူတွေကို စုဆောင်းတာ၊ ငွေကြေးပေးပြီး အစားထိုး ခေါ်ယူတာ၊ စစ်မှုထမ်းသူအတွက်ဆို ပြီး ဒေသခံတွေဆီက အတင်းအကျပ် ငွေကြေး ကောက်ခံတာတွေ ဖြစ်ပေါ် နေပါတယ်။
“အပတ် စဉ် ၂ မှာ ထင်တယ်၊ မေလထဲမှာ တအိမ် တသောင်းခွဲ ဆိုပြီး အိမ်ကို လာကောက်တယ် “ လို့ မြန်မာနိုင်ငံ တောင်ပိုင်း မြို့တမြို့မှာ နေထိုင်သူ အမျိုးသမီးက ပြောပါတယ်။
 
ဒေသတွင်းမှာတော့ လူစားထိုးမှုနဲ့ အတင်းအကြပ်စာရင်းသွင်းခံရတာတွေ အများဆုံး ဖြစ်ပေါ်နေတယ်လို့လည်း အဲ့ဒီ အမျိုးသမီးက ပြောပါတယ်။
 
စစ်မှုထမ်းဆိုင်ရာ အချက်အလက်ကို ရပ်ကွက် ကျေးရွာ အုပ်စုအဆင့် မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့ကို တိုင်း ခရိုင် အဆင့်တွေက ကြပ်မတ်ပေးဖို့ လိုအပ်နေတယ်လို့လည်း စစ်ကောင်စီ အဖွဲ့ဝင် က ဆိုပါတယ်။
 
ပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁ ကနေ ၃ အထိဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ စစ်မှုထမ်း စာရင်သွင်းပြီးမှ ပျက်ကွက်တာ၊ ဆေးအောင်ပြီးပျက်ကွက်တာ၊ သင်တန်းကျောင်းကနေ ခွင့်မဲ့ ပျက်ကွက်တာနဲ့ ကိုယ်ပိုင်အမှတ်ရရှိပြီးမှ ပျက်ကွက်တာတွေလည်း ရှိနေတယ်လို့ အဲဒီ အစည်းအဝေးမှု စစ်ကောင်စီ အဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။
 

Related posts

Cover
“စစ်တပ် အာဏာမသိမ်းခင်က အလုပ်သမားသတင်းတွေ အလုပ်သမားအသံတွေက လက်ရှိ အချိန်လောက် မကြားရပါဘူး။” (FGWM) အင်တာဗျူး
Nov 22, 2025
Cover
အသက် ငါးနှစ်အောက် ကလေးငယ် လေးသိန်း ကျော် အာဟာရချို့တဲ့မှုနဲ့ ရင်ဆိုင်နေရ
Nov 21, 2025
Cover
မြန်မာ နိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်သူဦးရေ ၃ ဒသမ ၆ သန်းရှိဟု UNOCHA ထုတ်ပြန်
Nov 21, 2025
Cover
၂ နှစ်ကျော်အတွင်း ပြည်တွင်းသို့ တရားမဝင် ဝင်ရောက်သည့် နိုင်ငံခြားသား ၇၀၀၀၀ ခန့် ရှိဟုဆို
Nov 15, 2025
Cover
အာဏာသိမ်းစစ်တပ်သို့ ငွေပေးချေမှုများ ရပ်တန်းကရပ်ရန် ထိုင်းရေနံကုမ္ပဏီများကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
Nov 10, 2025
Cover
ဒေါ်မျိုးအေး လွတ်မြောက်မှု လက်ခံရန် အလွန်ခက်ခဲနေ ဟု STUM ထုတ်ပြန်
Nov 07, 2025
Cover
ပြည်တွင်း လုပ်သား ၄၀၀၀ ခန့်အလုပ်အကိုင်ပေးနိုင်မည့် ရင်းနှီးမြုပ်နှံမှု ၄ ခုခွင့်ပြုထားဟု စစ်ကော်မရှင်ထုတ်ပြန်
Nov 06, 2025
Cover
စစ်တပ်ရဲ့ ရွေးကောက်ပွဲကို နယူးဇီလန် အသိအမှတ်မပြု
Nov 05, 2025