NEWS

စစ်မှုထမ်းစုဆောင်းမှုတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ မသမာမှုများ ရှိကြောင်း စစ်ကောင်စီ ဝန်ခံ

CoverLogo
552 Views
စစ်မှုထမ်း ဆင့်ခေါ်ရာမှာ ရက်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ မသမာမှုတွေကို ကြပ်မတ်ဆောင်ရွက်ကြဖို့ စစ်ကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်က လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှု ပြောကြားလိုက်ပါတယ်။ အဲ့ဒီ စစ်မှုထမ်းဆင့်ခေါ် ရေး ဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၂ ရက် က နေပြည်တော် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
 
အဲဒီအစည်းအဝေးဟာ စစ်မှုထမ်းသင်တန်းအမှတ် ၄ ဖွင့်လှစ်ဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်ပြီး ပြည်သူ့ စစ်မှုထမ်း စာရင်း ကောက်ယူရာမှာ အသက်မပြည်မီသူနဲ့ အသက်ကျော်လွန်သူတွေ မပါဝင်စေရေး၊ ကာယကံရှင် ဆန္ဒ မပါဝင်ဘဲ အတင်းအကြပ်စာရင်းသွင်းမှု၊ လူစားထိုးတာတွေ၊ ရက်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ မသမာမှုတွေ မရှိစေဖို့ကို ကြပ်မတ် ဆောင်ရွက်ကြဖို့ စစ်ကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
 
လက်ရှိ အသက်မပြည့်သူတွေနဲ့ ကျော်လွန်သူတွေကို စုဆောင်းတာ၊ ငွေကြေးပေးပြီး အစားထိုး ခေါ်ယူတာ၊ စစ်မှုထမ်းသူအတွက်ဆို ပြီး ဒေသခံတွေဆီက အတင်းအကျပ် ငွေကြေး ကောက်ခံတာတွေ ဖြစ်ပေါ် နေပါတယ်။
“အပတ် စဉ် ၂ မှာ ထင်တယ်၊ မေလထဲမှာ တအိမ် တသောင်းခွဲ ဆိုပြီး အိမ်ကို လာကောက်တယ် “ လို့ မြန်မာနိုင်ငံ တောင်ပိုင်း မြို့တမြို့မှာ နေထိုင်သူ အမျိုးသမီးက ပြောပါတယ်။
 
ဒေသတွင်းမှာတော့ လူစားထိုးမှုနဲ့ အတင်းအကြပ်စာရင်းသွင်းခံရတာတွေ အများဆုံး ဖြစ်ပေါ်နေတယ်လို့လည်း အဲ့ဒီ အမျိုးသမီးက ပြောပါတယ်။
 
စစ်မှုထမ်းဆိုင်ရာ အချက်အလက်ကို ရပ်ကွက် ကျေးရွာ အုပ်စုအဆင့် မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့ကို တိုင်း ခရိုင် အဆင့်တွေက ကြပ်မတ်ပေးဖို့ လိုအပ်နေတယ်လို့လည်း စစ်ကောင်စီ အဖွဲ့ဝင် က ဆိုပါတယ်။
 
ပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁ ကနေ ၃ အထိဖွင့်လှစ်ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ စစ်မှုထမ်း စာရင်သွင်းပြီးမှ ပျက်ကွက်တာ၊ ဆေးအောင်ပြီးပျက်ကွက်တာ၊ သင်တန်းကျောင်းကနေ ခွင့်မဲ့ ပျက်ကွက်တာနဲ့ ကိုယ်ပိုင်အမှတ်ရရှိပြီးမှ ပျက်ကွက်တာတွေလည်း ရှိနေတယ်လို့ အဲဒီ အစည်းအဝေးမှု စစ်ကောင်စီ အဖွဲ့ဝင် ဒုတိယ ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။
 

Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026