NEWS

စစ်မှုထမ်းစာရင်းကောက်ပြီး နောက်ပိုင်း အမျိုးသမီးများပြည်ပကို တရားမဝင်သွားရောက်မှု ပိုများလာ

CoverLogo
705 Views
 
စစ်မှုထမ်းဥပဒေ အရ အသက် ၁၈ နှစ်မှ ၂၇နှစ်အထိ အမျိုးသမီးတွေကို စစ်မှုထမ်းရန် အတွက် ကြိုတင်စာရင်းကောက်ယူပြီးတဲ့ နောက်ပိုင်းအမျိုးသမီးများ ပြည်ပ ကို တရားမဝင် သွားရောက်တာတွေ ပိုများလာတယ်လို့ ပြည်ပလုပ်သားပို့ဆောင်ပေးနေတဲ့ အေဂျင်စီတွေနဲ့ဒေသခံပြည်သူတွေထံ မှ သိရပါတယ်။
စစ်မှုထမ်းဥပဒေ အရ အမျိုးသားတွေ ကို အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ် အတွင်း စစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မ ခေါ်ယူ နေတဲ့ အတွက် စစ်မှုထမ်းဥပဒေ မှာ ပြဌာန်းချက် အတိုင်း အသက် ၁၈ မှ ၂၇ နှစ်အတွင်း အမျိုးသမီး တွေ ကို လည်း မကြာမီ စစ်မှုထမ်းဖို့ အတင်းအဓမ္မခေါ်ယူတာတွေ ပြုလုပ်လာ မှာ ကို စိုးရိမ်တာကြောင့် ပြည်ပကို ထွက်ခွာတာတွေ များလာတယ်လို့ ဆိုပါတယ်။
""ကျွန်မ တို့ ရွာမှာ ကို အထည်ချုပ်ဆင်းနေတဲ့ မိန်းကလေးတွေ အသက် ၁၈ ကနေ ၂၇ နှစ်၂၈နှစ် အထိ အကုန် ထိုင်း ကို တရားမဝင် တွေ သွားကြပြီ ပထမတော့ ယောက်ျားလေးတွေပဲ စစ်မှုထမ်းခေါ်တာဆိုတော့ မိဘတွေ က သားယောက်ျားလေးတွေ အတွက်စိုးရိမ်နေတာ အခုက မိန်းကလေးကို ပါ စစ်မှုထမ်းဖို့ စာရင်းကောက်တာတွေ လုပ်လာတော့ ဒီမှာထားရင် စစ်ထဲလိုက်ရမှာစိုးရိမ်ပြီး အမြန်သွားလို့ရတဲ့ အောက်လမ်းက နေ ပြည်ပ ကို လွှတ်လိုက်တာ ရွာထဲမှာ အခုဆိုရင် အသက်ကြီးရွယ်အိုတွေ ကလေးအမေ တွေ လောက်ပဲကျန်တော့တယ်""လို့ ပဲခူးမြို့နယ် အတွင်းမှ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် ပြည်ပကိုတရားဝင် အလုပ်သွား အလုပ်လုပ်ခွင့်ကို အမျိုးသားများ အား အသက်၁၈နှစ်မှ ၃၅နစ် အထိ မကြာခင်က ကန့်သက်လိုက်ပြီး အမျိုးသမီးတွေ ကိုတော့ အသက်ကန့်သက်ချက် မရှိသေးဘူးလို့ လိုင်စင်ရအေဂျင်စီတွေ ထံ မှ သိရပါတယ်။
""အမျိုးသမီးတွေ ကို တော့ ပြည်ပအလုပ်လုပ်ခွင့် အသက်ကန့်သက်တာမရှိသေးဘူး ဒါပေမယ့် အခုက အမျိုးသမီး လုပ်သား လည်းရှာမရဘူး အတော်လေး နည်းလာတယ် အဓိက က ပတ်စပို့လုပ်ရတာလည်းခက် ပြည်ပကိုတရားဝင် သွားဖို့ကျ အချိန်တစ်ခုပေးရတယ်လေ အာဏာပိုင်တွေကလည်း ကန့်သတ်ချက် တွေ နေ့နဲ့ညတောင်မတူ ဘူး အမျိုးမျိုး ထုတ်နေတော့ အမြန်ထွက်လို့ရမယ့် နည်းနဲ့ အောက်လမ်းကနေ သွားကြတာ တစ်လနဲ့တစ်လ ပိုပြီး များလာတာ""လို့ လိုင်စင်ရအေဂျင်စီမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
လက်ရှိ တွင် စစ်မှုထမ်းဥပဒေကြောင့် ပြည်ပကို တရားမဝင် သွားရောက်တာမှာ အမျိုးသားများနည်းတူ အမျိုးသမီးတွေပါ ပိုများလာပါတယ်။
ဒါ့အပြင် ယခုလပိုင်းတွင်လည်း ထိုင်း-မြန်မာ နယ်စပ်ကတစ်ဆင့် တစ်ဖက်နိုင်ငံ ကို တရားမဝင် ဝင်ရောက်လာတဲ့ အတွက် ဖမ်းခံရတဲ့ မြန်မာအလုပ်သမားတွေ နေ့စဉ် များပြားလျက်ရှိ ပြီး ဖမ်းဆီးခံရသူ အများစုမှာ လူငယ်တွေ ဖြစ်တယ်လို့သိရပါတယ်။

Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026