NEWS

စစ်မှုထမ်းစာရင်းကောက်ပြီး နောက်ပိုင်း အမျိုးသမီးများပြည်ပကို တရားမဝင်သွားရောက်မှု ပိုများလာ

CoverLogo
532 Views
 
စစ်မှုထမ်းဥပဒေ အရ အသက် ၁၈ နှစ်မှ ၂၇နှစ်အထိ အမျိုးသမီးတွေကို စစ်မှုထမ်းရန် အတွက် ကြိုတင်စာရင်းကောက်ယူပြီးတဲ့ နောက်ပိုင်းအမျိုးသမီးများ ပြည်ပ ကို တရားမဝင် သွားရောက်တာတွေ ပိုများလာတယ်လို့ ပြည်ပလုပ်သားပို့ဆောင်ပေးနေတဲ့ အေဂျင်စီတွေနဲ့ဒေသခံပြည်သူတွေထံ မှ သိရပါတယ်။
စစ်မှုထမ်းဥပဒေ အရ အမျိုးသားတွေ ကို အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ် အတွင်း စစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မ ခေါ်ယူ နေတဲ့ အတွက် စစ်မှုထမ်းဥပဒေ မှာ ပြဌာန်းချက် အတိုင်း အသက် ၁၈ မှ ၂၇ နှစ်အတွင်း အမျိုးသမီး တွေ ကို လည်း မကြာမီ စစ်မှုထမ်းဖို့ အတင်းအဓမ္မခေါ်ယူတာတွေ ပြုလုပ်လာ မှာ ကို စိုးရိမ်တာကြောင့် ပြည်ပကို ထွက်ခွာတာတွေ များလာတယ်လို့ ဆိုပါတယ်။
""ကျွန်မ တို့ ရွာမှာ ကို အထည်ချုပ်ဆင်းနေတဲ့ မိန်းကလေးတွေ အသက် ၁၈ ကနေ ၂၇ နှစ်၂၈နှစ် အထိ အကုန် ထိုင်း ကို တရားမဝင် တွေ သွားကြပြီ ပထမတော့ ယောက်ျားလေးတွေပဲ စစ်မှုထမ်းခေါ်တာဆိုတော့ မိဘတွေ က သားယောက်ျားလေးတွေ အတွက်စိုးရိမ်နေတာ အခုက မိန်းကလေးကို ပါ စစ်မှုထမ်းဖို့ စာရင်းကောက်တာတွေ လုပ်လာတော့ ဒီမှာထားရင် စစ်ထဲလိုက်ရမှာစိုးရိမ်ပြီး အမြန်သွားလို့ရတဲ့ အောက်လမ်းက နေ ပြည်ပ ကို လွှတ်လိုက်တာ ရွာထဲမှာ အခုဆိုရင် အသက်ကြီးရွယ်အိုတွေ ကလေးအမေ တွေ လောက်ပဲကျန်တော့တယ်""လို့ ပဲခူးမြို့နယ် အတွင်းမှ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်မှုထမ်းဥပဒေကြောင့် ပြည်ပကိုတရားဝင် အလုပ်သွား အလုပ်လုပ်ခွင့်ကို အမျိုးသားများ အား အသက်၁၈နှစ်မှ ၃၅နစ် အထိ မကြာခင်က ကန့်သက်လိုက်ပြီး အမျိုးသမီးတွေ ကိုတော့ အသက်ကန့်သက်ချက် မရှိသေးဘူးလို့ လိုင်စင်ရအေဂျင်စီတွေ ထံ မှ သိရပါတယ်။
""အမျိုးသမီးတွေ ကို တော့ ပြည်ပအလုပ်လုပ်ခွင့် အသက်ကန့်သက်တာမရှိသေးဘူး ဒါပေမယ့် အခုက အမျိုးသမီး လုပ်သား လည်းရှာမရဘူး အတော်လေး နည်းလာတယ် အဓိက က ပတ်စပို့လုပ်ရတာလည်းခက် ပြည်ပကိုတရားဝင် သွားဖို့ကျ အချိန်တစ်ခုပေးရတယ်လေ အာဏာပိုင်တွေကလည်း ကန့်သတ်ချက် တွေ နေ့နဲ့ညတောင်မတူ ဘူး အမျိုးမျိုး ထုတ်နေတော့ အမြန်ထွက်လို့ရမယ့် နည်းနဲ့ အောက်လမ်းကနေ သွားကြတာ တစ်လနဲ့တစ်လ ပိုပြီး များလာတာ""လို့ လိုင်စင်ရအေဂျင်စီမှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
လက်ရှိ တွင် စစ်မှုထမ်းဥပဒေကြောင့် ပြည်ပကို တရားမဝင် သွားရောက်တာမှာ အမျိုးသားများနည်းတူ အမျိုးသမီးတွေပါ ပိုများလာပါတယ်။
ဒါ့အပြင် ယခုလပိုင်းတွင်လည်း ထိုင်း-မြန်မာ နယ်စပ်ကတစ်ဆင့် တစ်ဖက်နိုင်ငံ ကို တရားမဝင် ဝင်ရောက်လာတဲ့ အတွက် ဖမ်းခံရတဲ့ မြန်မာအလုပ်သမားတွေ နေ့စဉ် များပြားလျက်ရှိ ပြီး ဖမ်းဆီးခံရသူ အများစုမှာ လူငယ်တွေ ဖြစ်တယ်လို့သိရပါတယ်။

Related posts

Cover
တိုင်းရင်းသူ ၃ဦးကို အလုပ်ရမည်ဟု လိမ်ခေါ်ပြီး တရုတ်အမျိုးသားထံ ပြည့်တန်ဆာအဖြစ် ရိုက်နှက်ကာ အဓမ္မစေခိုင်း
Jan 10, 2026
Cover
မကွေးအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား ၃၅ဦးကို ရိုက်နှက်ပြီး ၁လ နီးပါး တိုက်ပိတ်ထား ဟု PPNM ထုတ်ပြန်
Jan 10, 2026
Cover
ပွဲစားခ ဘတ်တစ်သောင်းဝန်းကျင်ပေးခဲ့ရသည့် မြန်မာလုပ်သား ၅၀ကျော် လုပ်သက် ရှစ်လဝန်းကျင်တွင် အလုပ်ထုတ်ခံရ
Jan 10, 2026
Cover
ဆိုင်ကယ် စီးလာသည့် မြန်မာလုပ်သား ၂ဦး ကို လမ်းကြောင်းမှားဝင်လာသည့် ကားမှ ဝင်တိုက် ၁ ဦးသေဆုံး
Jan 10, 2026
Cover
ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ အထောက်အထားမဲ့ မြန်မာလုပ်သား၈ဦး နှင့် အလုပ်ရှင် အဖမ်းခံရ
Jan 10, 2026
Cover
ပွဲစားခ ဘတ်၂သောင်း ပေးပြီး အလုံပိတ်ကားဖြင့် ခိုးဝင်လာရသည့် မြန်မာလုပ်သား၂၅ဦး အဖမ်းခံရ
Jan 09, 2026
Cover
CI စာအုပ် သက်တမ်းတိုး လုပ်ငန်းစဉ် ဇန်နဝါရီ ၁၆ ရက် အထိ ရက်ထပ်တိုး ဆောင်ရွက်ပေးမည်ဟု ကြေညာ
Jan 09, 2026
Cover
ကမ္ဘောဒီးယားတွင် အလုပ်ရမည်ဆိုကာ လူငယ် ၄ ဦး ကျားဖြန့်အလုပ်ရုံသို့ လိမ်လည်ရောင်းစားခံရ
Jan 08, 2026