NEWS

စစ်ဘေးရှောင်သူတွေကို လစဉ်ငွေကျပ် ၂ သောင်းထောက်ပံ့မယ်လို့စစ်ကောင်စီပြော

CoverLogo
533 Views

စစ်ကောင်စီအနေနဲ့အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရတဲ့စစ်ဘေးရှောင်ပြည်သူ တွေ အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်နှစ်သောင်းနှုန်းဖြင့် ၁နှစ်ကြာအထိလစဉ် ထောက်ပံ့ပေးသွားမယ်လို့ အသိပေးထားပါတယ်။ 

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အကြမ်းဖက်မှု၊ လက်နက်ကိုင်သောင်းကျန်းမှု ဖြစ်ပွားခြင်းကြောင့် ပြည်သူတွေရဲ့ ဆုံးရှုံးမှုများကို သဘာဝဘေးအန္တရာယ် သတ်မှတ်ချက်များတွင် အကျုံးဝင်နေတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေကိုတစ်ဦးလျှင် တစ်လငွေကျပ် နှစ်သောင်းနှုန်းဖြင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ လစဉ် ထောက်ပံ့ပေးသွားမယ်လို့ဆိုပါတယ်။ 

" စစ်ဘေးရှောင်တွေကို စစ်ကောင်စီဘက်က ထောက်ပံ့ငွေပေးမယ်ဆိုတာအမှန်တကယ် ရနေသူအခုထိမရှိသေးဘူး။နောက်တစ်ခုက စစ်တပ်ကပေးတဲ့ဒီထောက်ပံ့ငွေ လေး၂သောင်းက ဗုံးကြဲလို့၊ရွာမီးရှို့နေအိမ်တွေ မီးရှို့လို့ပျက်စီးဆုံးရှုံးခဲ့ရတာ၊မိသားစုတွေ ဆုံးရှုံးတစ်ကွဲတစ်ပြား ဖြစ်ခဲ့ရတဲ့အပေါ် နှစ်သိမ့်မှု မဖြစ်နိုင်ပါဘူး။ ပြည်သူတွေလိုချင်တာ စစ်ဖြစ်ပြီးထောက်ပံ့ငွေရတာမျိုးမဟုတ်ပါဘူး။ငြိမ်းငြိမ်းချမ်းချမ်းနဲ့ကိုယ့်နေရာကိုယ့်ဌာနေမှာနေချင်ကြတာပါ။စစ်ကောင်စီပြောတဲ့သဘာဝဘေးစီမံခန့်ခွဲမှုရံပုံငွေအနေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးတွေကပေးတာထက်စာရင် စစ်ဘေးရှောင်စခန်းတွေကတစ်ဆင့်လာပေးရင်တောင် အမှန်တကယ်စစ်ဘေးရှောင်တွေရနိုင်ပါသေးတယ်။အခုဟာက သူတို့ရဲ့ အုပ်ချုပ်ရေးအဆင့်၊ ရပ်ကွက်အုပ်ချုပ်ရေး နေရာတွေမှာတင် စစ်ဘေးရှောင်ထောက်ပံ့တယ်ဆိုတဲ့ပိုက်ဆံတွေက ပျောက်သွားမှာပါ"လို့ ဗုံးဒဏ်ခံရပြီးစစ်ဖြစ်ပွားမှု ဆိုးဝါးခဲ့တဲ့ကရင်နီဒေသ ရှိစစ်ဘေးရှောင်စခန်း မှာနေထိုင်နေသူကပြောပါတယ်။ 

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ နဲ့စစ်ကောင်စီရဲ့ပြည်နယ်အစိုးရအဖွဲ့မျာသဘာဝဘေးစီမံခန့်ခွဲမှု ရန်ပုံငွေစာရင်းအမှတ်များကို စစ်ဘေးရှောင်ထောက်ပံ့‌ ငွေများလွှဲအပ်ပေးသွားမယ်လို့ဆိုထားပါတယ်။ 

စစ်ကောင်စီကတော့ အဲ့ဒီ့ထောက်ပံ့ငွေ ပေးအပ်ရာတွင် သက်ဆိုင်ရာ နယ်မြေများအလိုက် ယာယီနေရပ်စွန့်ခွာနေရသူများအားလုံး ပါဝင်မှုရှိစေရေး၊ စာရင်းတွင် မပါဝင်ဘဲ ကျန်နေခဲ့ရသူများ မရှိစေရေး၊ စနစ်တကျ ထိထိရောက်ရောက် ထောက်ပံ့ပေးအပ်နိုင်ရေး  လုပ်ဖို့ စစ်ဘေးရှောင်စာရင်းကောက်ယူတာတွေလုပ်သွားမယ်လို့လည်းပြောထားပါတယ်။ 

" စစ်ဘေးရှောင်စာရင်းကောက်ပြီး ထောက်ပံ့ငွေပေးမယ်ဆိုတာ နည်းနည်းတော့လန့်မိတယ်။ တစ်ဖက်လှည့်နဲ့ထောက်ပံ့ငွေပေးတယ်ဆိုပြီး စစ်မှုထမ်းခိုင်းဖို့လူစာရင်းကောက်တာမျိုးဖြစ်မှာလည်းစိုးရိမ်ရတော့ စစ်ဘေးရှောင်တွေလည်း ဒီထောက်ပံ့ငွေလေး၂သောင်းကို မယူဖို့ဆုံးဖြတ်တာတွေတော့များတယ်"လို့ ကရင်နီဒေသကစစ်ဘေးရှောင်စခန်းမှာနေထိုင်သူတ‌စ်ဦးကပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်အရေအတွက်စုစုပေါင်း၃.၅သန်းရှိနေရာ အဲ့ဒီ့ထဲမှာ အမျိုးသမီးနဲ့ကလေး စစ်ရှောင်အရေအတွက်ကအမျိုးသား ထက်ပိုများပြီး ကလေးအရေအတွက်၃.၃သန်းဟာ စစ်ဘေးရှောင်နေရကြောင်း ကမ္ဘာကုလသမဂ္ဂ ရဲ့အဖွဲ့အစည်းတွေဖြစ်တဲ့UNOCHA နဲ့ Unicef  အဖွဲ့တွေကအသိပေးထုတ်ပြန်ထားပါတယ်။ 


Related posts

Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026