NEWS

စစ်တပ်အာဏာသိမ်းပြီး (၇)လတာတိုက်ပွဲများအတွင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း ၁၃၀ ကျော်ဖြစ်ပွား၊ စစ်ကောင်စီတပ်သား ၂၄၉ ဦးသေဆုံးခဲ့

CoverLogo
1.1K Views

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး၊ မေလ (၁၉) ရက်နေ့မှ ဒီဇင်ဘာလ(၃၁) ရက်နေ့အထိ ၇ လအတွင်း တိုက်ပွဲပေါင်း (၁၃၀) ကျော်ဖြစ်ပွားခဲ့ပြီး အနက် KNDF မှပါဝင်ဦးဆောင်တိုက်ခိုက်တဲ့တိုက်ပွဲ ၈၁ ကြိမ်ရှိခဲ့တဲ့အပြင်အဆိုပါတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ (၂၄၉) ဦးရှိပြီး ဒဏ်ရာရသူ (၁၄၉) ဦးရှိခဲ့တယ်လို့KNDF ကဒီကနေ့မှာပဲသတင်းထုတ်ပြန်ပါတယ်။

ကရင်နီအမျိုးသားများ ကွယ်ရေးတပ်  KNDF ဖက်မှ ဒဏ်ရာရသူ (၂၄) ဦးရှိခဲ့ပြီး၊ တိုက်ပွဲအတွင်းကျဆုံးသူမှာ (၁၃) ဦးနှင့် အရပ်သားပြည်သူများ သေဆုံးမှုမှာ (၁၄၆) ဦးအထိရှိခဲ့တယ်လို့လဲထုတ်ပြန်ချက်အရသိရပါတယ်။

"အဘက်ဘက်မှကူညီအား​ပေး ထောက်ပံ့အားဖြည့် လှူဒါန်းပေးကြသော ပြည်သူလူထုများကို ကျေးဇူးအထူးတင်ရှိကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည် အထိ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အဓိဌာန်ပြုပါသည်"လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ကဆိုပါတယ်။

 

လက်ရှိမှာ KNDF တွင် တပ်ရင်း (၁၈)ရင်း ဖွဲ့စည်းနိုင်ခဲ့ပြီး (၁၆) ရင်းကို တင်းပြည့်ကျပ်ပြည့် စနစ်တကျဖွဲ့စည်းနိုင်ကာလက်နက်များတပ်ဆင်လျက်ရှိတဲ့အပြင်ကရင်နီတပ်မတော်၏ စစ်ရေးဦးဆောင်မှုကို ခံယူပြီး အခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်နေတယ်လို့သိရပါတယ်။

 

photo- ​ KNDF (ဒီဇင်ဘာ ၁၈ ရက်က နောင်လုံရွာနှင့် ကွန်နားအတွင်း အကြမ်းဖက်စစ်​ကောင်စီတပ်များမှ  ​နေအိမ်များကိုမီးရှို့ဖျက်စီးခဲ့စဉ်။)
 


Related posts

Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
စစ်ကောင်စီက အလုပ်သမားအဖွဲ့ချုပ် CTUM နဲ့ သမဂ္ဂ အတုအယောင်တွေ ဖွဲ့စည်းထားဟုဆို
Jun 07, 2026
Cover
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်သန်မှုတိကျစွာသိရဖို့နဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး CTUM တိုက်တွန်း
Jun 07, 2026
Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026