NEWS

စစ်တပ်ရဲ့ ဗုံးကြဲခံရ၊ လက်နက်ကြီး ပစ်ခံရတာတွေကြောင့် အောက်တိုဘာလအတွင်း  အမျိုးသမီး ၇၀ ကျော် သေဆုံး

CoverLogo
295 Views

စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲမှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ၂၀၂၄ အောက်တိုဘာလအ တွင်း မြန်မာနိုင်ငံအနှံ့အပြားမှာ အမျိုးသမီး ၇၀ကျော် သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့(BWU) က နိုဝင်ဘာ ၅ရက်က ထုတ်ပြန်ထားပါတယ်။ 

အသက်ဆုံးရှုံးခဲ့ရသော အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းဗုံးကြဲခံရလို့ သေဆုံးသူ ၄၅ဦး၊  စစ်ကောင်စီတပ်က အကြောင်းမဲ့ သတ်ဖြတ်ခဲ့ရသူ ၁၀ဦး၊ ရပ်ကွက်နေအိမ်တွေပေါ်သို့ လက်နက်ကြီးနဲ့ ပစ်ခတ် ခံရလို့ သေဆုံးခဲ့သူ ကိုးဦး၊ ပဋိပက္ခနဲ့ ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာအကြမ်းခံရတာကြောင့် သေဆုံးသူ လေးဦး အကြောင်းမဲ့ သေနတ်နဲ့ ပစ်သတ်ခံရသူ နှစ်ဦးနှင့် ဒရုန်းတိုက်ခိုက်ခံရလို့ တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

အောက်တိုဘာလအတွင်း အမျိုးသမီးတွေ အများဆုံး သေဆုံးခဲ့သော ဒေသမှာ စစ်ကိုင်းတိုင်းဖြစ်ပြီး ၂၅ဦး သေဆုံးခဲ့ပါတယ်။  

ရခိုင်ပြည်နယ်ဟာ ဒုတိယအများဆုံးဖြစ်ပြီး ၂၂ဦး သေဆုံးခဲ့ပါတယ်။ 

ဒါ့အပြင် အောက်တိုဘာလအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူ အမျိုးသမီး ၄၄ဦးအထိ ရှိတယ်လို့ BWU က ထုတ်ပြန်ထားပါတယ်။ 

လေကြောင်းဗုံးကြခံရမှု ၁၇ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှု ၁၂ဦး၊ ပဋိပက္ခနဲ့ ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းခံရသူ လေးဦး၊ တိုက်ပွဲအတွင်း ကျည်ထိမှန်သူ ၃ဦး၊ ဒရုန်းတိုက်ခိုက်ခံရမှုနှင့် သေနတ်ပစ်ခတ်ခံရတာ ကြောင့် ၂ဦးစီ၊  ‌မြေမြှုပ်မိုင်းကြောင့် ၁ဦး၊ မီးရှို့ခံရသူ ၁ဦးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခံရသူ ၁ဦးစုစုပေါင်း ၄၄ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

မြန်မာ့အမျိုးသမီးသမဂ္ဂအဖွဲ့ဟာ နိုင်ငံအနှံ့အပြားရှိ ဖြစ်ပွားနေသော တိုက်ပွဲများတွင် အမျိုးသမီးတွေ သေဆုံး၊ ဒဏ်ရာရှိသော စာရင်းများကို သတင်းမီဒီယာတွေက ဖော်ပြသော သတင်းတွေကို စောင့်ကြည့် စာရင်းကောက် ယူထားတာဖြစ်တယ်လို့ သိရပါတယ်။ 

စစ်မြေပြင်တွင် သတင်းအချက်အလက်စီးဆင်းမှုများမှာ စိန်ခေါ်မှုတွေ ရှိနေသဖြင့် လက်လှမ်းမှီသလောက် ကောက်ယူထားတာ ဖြစ်ပြီး မြေပြင်အခြေအနေမှာ ယခုထက် ပိုမိုများပြားနိုင်တယ်လို့ သိရပါတယ်။ 

 


Related posts

Cover
“ညည်းချင်း ၂၀၂၅”
Oct 02, 2025
Cover
အိန္ဒိယ_မြန်မာ နယ်စပ်တလျှောက် ပြန့်ကျဲနေသော လူသားချင်းစာနာမှု အကူအညီများနှင့် ခုခံတော်လှန်မှု အစီရင်ခံစာထွက်ရှိ
Sep 11, 2025
Cover
အလုပ်ရှာနေသည့် လူငယ်များကို ပစ်မှတ်ထားလိမ်လည်ပြီး စစ်မှုထမ်းအတွက် ရောင်းစားမှုများလာ
Sep 05, 2025
Cover
ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ကြိုတင်မဲ ပေးလိုပါက ကိုယ်ရေးအချက်အလက် အပြည့်စုံ ဖေါ်ပြပြီး မြန်မာသံရုံး ကိုပေးပို့ တောင်းဆိုနိုင်ဟုဆို
Aug 22, 2025
Cover
စစ်မှုထမ်းပြီးသူများ အလုပ်အကိုင်ရရှိရေး ဟုဆိုကာ စီမံခန့်ခွဲမှုကော်မတီ စစ်ကောင်စီ ဖွဲ့စည်း
Jul 22, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ အပိုင်း ၂
Jun 07, 2025
Cover
မြန်မာနိုင်ငံကို ILO အရေးယူမှု ဘာတွေဆက်ဖြစ်မလဲ။ အပိုင်း ၁
Jun 07, 2025
Cover
Myanmar Jiale Fashion  စက်ရုံ လစာမပေးနိုင်၍ လုပ်ငန်းခွင် ရပ်တန့်နေ
May 06, 2025