NEWS

စစ်ကောင်စီ သတ်မှတ်ထားတဲ့ တရားဝင်ဘဏ်များကတစ်ဆင့်မိသားစုထံငွေလွှဲ သူ မရှိသလောက်နည်းပါး

CoverLogo
432 Views

ပြည်ပနိုင်ငံ တွေ ကို တရားဝင် သွားရောက် အလုပ်လုပ်ကိုင်ရာ မှာ ထိုင်းနဲ့ မလေးရှား ကို သွားရောက် လုပ်ကိုင်တဲ့ သူများပေမယ့် စစ်ကောင်စီ အစိုးရ သတ်မှတ် ထားတဲ့ တရားဝင်ဘဏ်တွေကနေ တစ်ဆင့်မိသားစုထံ  ငွေလွှဲ တာမျိူး မရှိသလောက် နည်းပါးတယ်လို့ ပြည်ပအလုပ်လိုင်စင်ရအေဂျင်စီ တွေ ထံ က သိရပါတယ်။

ပြည်ပရောက် အလုပ်သမားတွေ အနေနဲ့ မိမိတို့ရရှိတဲ့  လုပ်ခလစာ ရဲ့ ၂၅ရာခိုင်နှုန်း ကို တရားဝင်ဘဏ်ကနေတစ်ဆင့် မိသားစုထံ လွှဲပို့ပေးရမယ်လို့ စစ်အစိုးရက ထုတ်ပြန်ကြေညာထားပါတယ်။

လက်ရှိမှာ လည်း ပြည်ပအလုပ်သမား ပို့ဆောင်ပေးတဲ့ အေဂျင်စီ တွေ အနေနဲ့ မိမိတို့ ပို့ဆောင်လိုက်တဲ့  အလုပ်သမားတွေ က သူတို့ရဲ့  လုပ်ခလစာ ကို တရားဝင်ဘဏ်ကနေမိသားစု ထံ ငွေလွှဲပို့ထားတယ်ဆိုတဲ့ အထောက်အထား တွေ ကို အလုပ် သမားဝန်ကြီးဌာနက ဇွန်လ ၂၈ရက် ရက် နောက်ဆုံးထား တင်ပြဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

"နိုင်ငံ တွေ ထဲ မှာတော့ ထိုင်းနဲ့ မလေးရှားကတော့ အများဆုံး သွားကြတယ် အခု ထိုင်း၊ မလေး ပို့တဲ့ အေဂျင်စီ တွေ အနေနဲ့ ပို့လိုက်တဲ့ အလုပ်သမားတွေကို အယောက် ၁၀၀ မေး အဲ့လူတွေအကုန်လုံးက အဆင်ပြေတဲ့နေရာ ကပဲ မိသားစုထံ ငွေလွှဲတာ ဌာနက သတ်မှတ်ထားတဲ့ ဘဏ်က လွှဲတဲ့သူ မရှိသလောက်ကိုနည်းတယ်။ဂျပန် သွားတဲ့ သူတွေ ကတော့ အချို့ သူတို့သတ်မှတ်သလို လွှဲကျတယ် ထိုင်း၊ မလေး က တော့ မလွှဲကြဘူး"လို့ ထိုင်းကို တရားဝင် လုပ်သားပို့ဆောင်ပေးနေတဲ့ အေဂျင်စီ မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ များနဲ့အလုပ်သမားအကြား ချုပ်ဆိုရတယ့် စံစာချုပ် မှာ မိသားစုလွှဲပို့ငွေ ၂၅ရာခိုင်နှုန်း ကို တရားဝင်ဘဏ်တွေကနေ လွှဲပို့ပေးဖို့ ပါရှိသော်လည်း ငွေကြေး လဲလှယ်နှုန်းထား ကွာဟ မှု နဲ့ အခြားအကြောင်းတွေကြောင့် လွှဲပို့သူနည်းတာဖြစ်တယ်လို့ သိရပါတယ်။

" မလေး ငွေ ၁ ရင်းဂစ်ကို အပြင်ပေါက်ဈေးဆိုရင်မြန်မာငွေ ၉၀၀ ကျော်တယ် သူတို့လွှဲခိုင်းတဲ့  ဘဏ်မှာ ဆိုရင် ၆၀၀ ကျော်ပဲပေးတယ်၊ ငွေဈေးကအရမ်းကွာတယ်  ပြည်တွင်းမှာ အဆင်မပြေလို့ ပြည်ပ ထွက် လာရတာ ကို ကျွန်တော်တို့ ရဲ့ လုပ်ခလစာထဲက ခေါင်းပုံဖြတ် ချင်သေးတယ် နိုင်ငံခြားငွေ လိုချင်တယ်ဆိုလည်း ပြင်ပပေါက်ဈေးအတိုင်းပေးလေ အာ့ဆို လွှဲချင်တဲ့သူရှိမှာပေါ့ အခုလို သူတို့ သတ်မှတ်ဈေးနဲ့ ငွေဈေးဖြတ်ပေးမယ်ဆိုရင် ဘယ်သူမှ မလွှဲချင်ဘူး"လို့ မလေးရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ မှ ဒီဇင်ဘာလ အထိ အလုပ်သမား ၅၀ ဦးနဲ့အထက်စေလွှတ်ခဲ့တဲ့အေဂျင်စီ တွေ  က မိမိတို့ ပို့လိုက်တဲ့ အလုပ်သမား မှ တရားဝင်ဘဏ်ကနေ မိသားစုထံ လွှဲပို့ထားကြောင်းအထောက်အထားကို ဇွန်လ ၂၈ရက် နောက်ဆုံးထားတင်ပြရမှာ ဖြစ်သလို လစဉ် လဆန်း၅ရက်ထက် နောက်မကျဘဲ တင်ပြရမှာ ဖြစ်ကာ တင်ပြခြင်း မရှိပါက လုပ်သစေလွှတ်ရေး လုပ်ငန်းစဉ်တွေကို ယာယီဆိုင်းငံထားမယ်လို့ အကြောင်းကြားထားတယ်လို့သိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026