NEWS

စင်္ကာပူ ရောက်မြန်မာများ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပါက မှတ်ပုံတင်ယူရလာမည်ဟု မြန်မာသံရုံးကြေညာ

CoverLogo
851 Views

စင်္ကာပူ နိုင်ငံ မှာ ရောက်ရှိနေတဲ့ မြန်မာ နိုင်ငံသားတွေ အနေနဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာမှာ မိမိရဲ့  နိုင်ငံသားစိစစ်ရေးကတ်ပြား(မှတ်ပုံတင်)ကို မူရင်း(သို့မဟုတ်)မိတ္တူ ယူဆောင်လာရမယ်လို့ စင်္ကာပူရှိ မြန်မာသံရုံးက အောက်တိုဘာ ၉ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ 

စင်္ကာပူရှိ မြန်မာနိုင်ငံသားတွေ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာ မှာ ဝင်ငွေခွန် ပေးဆောင် ပြီးမှ မြန်မာသံရုံးက  ဆောင်ရွက်ပေးတယ်လို့ သိရပါတယ်။ 

ဝင်ငွေခွန် ပေးဆောင်မှု စာရင်းသွင်းရာမှာ မြန်မာနိုင်ငံသား အချို့မှာ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ် (နံပတ်) တွေ မှားယွင်းခြင်း အခြားသူတစ်ဦးရဲ့  နိုင်ငံသား စိစစ်ရေးကတ်ပြား ကို အသုံးပြု ခြင်း တွေ ကို တွေ့ရတယ်လို့ မြန်မာသံရုံး(စင်္ကာပူမြို့)ရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။ 

ဒါကြောင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ခြင်း လုပ်ဆောင်ရာ မှာ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း(သို့မဟုတ်)မိတ္တူ  ကိုမဖြစ်မနေ ယူဆောင်လာဖို့ မြန်မာသံရုံးက အသိပေးထားပါတယ်။ 

""အခု မှတ်ပုံတင်ပါမှ ပတ်စပို့သက်တမ်းတိုးပေးမယ်ဆိုရင် မြန်မာနိုင်ငံမှာကတည်းက  အသက်ပြောင်းပြီး သူများ မှတ်ပုံတင်နဲ့ စာအုပ် လုပ်လာတဲ့ သူတွေ အခက်ခဲ ဖြစ်ပြီ သက်တမ်း ဆက်တိုးလို့မရတော့ဘူးပေါ့ ""လို့ စင်္ကာပူရောက်မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။ 

မြန်မာသံရုံးရဲ့ ကြေညာချက်ထဲ တွင်    နိုင်ငံသားစိစစ်ရေးကတ်ပြား  ပျောက်ဆုံးခဲ့ပါက နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်ထားဖို့နဲ့  အခြားသူရဲ့ နိုင်ငံသား စိစစ်ရေး ကတ်ပြား အမှတ် ကို အသုံးပြု ပြီး ဝင်ငွေခွန် ရှောင်ရှားတာမျိုး မပြုလုပ် ဖို့ အသိပေးထားပါတယ်။ 

 


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026