NEWS

စင်္ကာပူနိုင်ငံရောက် မြန်မာနိုင်ငံသားများ အတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကိုအထူးအစီစဉ်အနေဖြင့် အစိုးရရုံးပိတ်ရက် တွင် ပြုလုပ်ပေးမည်ဟု သံရုံး ထုတ်ပြန်

CoverLogo
386 Views

စင်္ကာပူ နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို အထူးအစီစဉ် အနေနဲ့ အစိုးရရုံးပိတ်ရက် ဇွန် ၂၃ ရက် (တနဂ်နွေနေ့) နံနက် ၉ နာရီခွဲမှ မွန်လွဲ ၂ နာရီအတွင်းလက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားပါတယ်။ 


မြန်မာနိုင်ငံသား ၁၂၀ ခန့်ကို နေ့စဉ် online appointment စနစ် ၇၅ ဦးခန့်နဲ့  WhatsApp appointment စနစ် ၄၅ ဦးခန့်တို့  ကို နိုင်ငံကူးလက်မှတ် သက်တမ်းတိုး   ပုံမှန်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။ 


သံရုံး website မှ online appointment ရယူရန် အခက်အခဲနှင့် အလုပ်ချိန်အားလပ်ရက် အခြေအနေတွေ ကြောင့် ယခုအခါ စင်ကာပူနိုင်ငံ၌ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် စောင့်ဆိုင်းနေရတဲ့  မြန်မာနိုင်ငံသား အများအပြားရှိနေတာကြောင့် အခုလို လုပ်ဆောင်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ 


ထို့ကြောင့်  အစိုးရရုံးပိတ်ရက် ဇွန် ၂၃ ရက် (တနင်္ဂနွေနေ့) နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၂ နာရီအတွင်း မြန်မာနိုင်ငံသား ၂၀၀ ခန့် (နိုင်ငံကူးလက်မှတ် ကုန်ဆုံးရက် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၃၁ ရက်အထိ) ၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးခြင်းကို အထူးအစီအစဉ်ဖြင့် လက်ခံဆောင်ရွက် ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ 


ဇွန် ၂၃ ရက်တွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ဆောင်ရွက်လိုသူတွေ အနေနဲ့  ဇွန် ၁ ရက်မှ ၁၄ ရက်အတွင်း နိုင်ငံကူးလက်မှတ် စာမျက်နှာနှင့် သက်တမ်းရှိ IC Card ရှေ့၊ နောက် မိတ္တူတို့ကို WhatsApp နံပါတ် (+6581748993) သို့ ပေးပို့ကာ စာရင်းပေးသွင်းနိုင်ပါကြောင်း၊


ဇွန် ၂၃ ရက်တွင် သက်တမ်းတိုး လာရောက်ဆောင်ရွက်ခွင့် ရရှိသူတွေရဲ့ အမည်စာရင်းကို ဇွန် ၁၉ ရက်တွင် သံရုံး website တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။ 


အဆိုပါ နိုင်ငံကူးလက်မှတ်တွေ ကို ဇွန် ၂၅ ရက်မှ ၂၇ ရက် (မွန်းလွဲ ၁ နာရီ ၃ နာရီအတွင်း)၌ ပြန်လည်ထုတ်ပေးမည့်စာရင်းကို ထပ်မံကြေညာ ပေးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ 


ဒါ့အပြင် မြန်မာသံရုံး WhatsApp သို့ စာရင်းပေးသွင်းရာတွင် စာရွက်စာတမ်း အတုပြုလုပ်ခြင်း၊ အခကြေးငွေ ရယူသူများမှတစ်ဆင့် ပေးပို့ခြင်းမျိုး မပြုပါရန်နှင့် အဆိုပါ အထူးအစီအစဉ်အတွက် မြန်မာသံရုံးအနေဖြင့် မည်သည့်ပုဂ္ဂလိကဝန်ဆောင်မှုကုမ္ပဏီ၊ လူပုဂ္ဂိုလ်တို့ကို ဝန်ဆောင်မှုပေးထားခွင့် မရှိပါကြောင်း၊ WhatsApp သို့ အချက်အလက်တွေ ပေးပို့ပြီး အခက်အခဲရှိပါက မြန်မာနိုင်ငံသားအချင်းချင်းအကြား ကူညီစောင့်ရှောက်မှု ပြုပေးကြပါရန် မြန်မာသံရုံးမှ မေတ္တာရပ်ခံပါကြောင်းလည်း ဖော်ပြထားပါတယ်။


Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026