NEWS

စင်္ကာပူက ခေတ္တပြန်မယ့် မြန်မာအလုပ်သမားတွေ PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားပါက PJ အမျိုးစား သို့ပြောင်းလဲပေးမယ်လို့ မြန်မာသံရုံးကြေညာ

CoverLogo
1K Views
 
စင်္ကာပူ နိုင်ငံ ကနေ အကြောင်းအမျိုးမျိုးကြောင့် ခေတ္တ ပြန်မယ့် မြန်မာအလုပ်သမားတွေ အနေနဲ့ PV နိုင်ငံကူး လက်မှတ်ကိုင်ဆောင်ထားပါက သတ်မှတ်ထားတဲ့စာရွက်စာတမ်းတွေနဲ့ အတူ PJ အမျိုးအစားနိုင်ငံကူး လက်မှတ် ကို မြန်မာသံရုံး မှာ လာရောက် လျှောက် ထားနိုင်တယ် လို့ စင်္ကာပူရှိ မြန်မာသံရုံးက အောက်တိုဘာ၂၄ရက်မှာ အသိပေးကြေညာလိုက်ပါတယ်။
 
PV နိုင်ငံကူးလက်မှတ်နဲ့ စင်္ကာ ပူနိုင်ငံမှာ အလုပ်လုပ်ကိုင်ပြီး နေထိုင်ခွင့်ကတ်ကိုင်ဆောင်ကြတဲ့ မြန်မာနိုင်ငံသားတွေဟာ ၀င်ငွေခွန်ပေးဆောင်ပြီး မှတ်တမ်းတွေနဲ့ မြန်မာနိုင်ငံကို ခေတ္တပြန်၀င်ရောက်အပြီး စင်ကာပူနိုင်ငံသို့ ပြန်ထွက်ခွာရာမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် လည်းကောင်း OWIC ကတ်ပြု လုပ်ရာမှာလည်းကောင်း အဆင်မပြေမှုတွေနဲ့ ကြုံတွေ့နေရတဲ့ အတွက် စင်ကာပူမြို့ ရှိ မြန်မာသံရုံးသို့ ဆက်သွယ် အကူအညီတောင်းခံလာတာတွေရှိနေတယ်လို့ဆိုပါတယ်။
 
ဒါ့ကြောင့် စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်ပြီး ၀င်ငွေခွန်ပေးဆောင်ကြတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာနိုင်ငံသို့ ခေတ္တပြန်ပြီး စင်ကာပူနိုင်ငံကို ပြန် လာရာမှာ အဆင်ပြေစေဖို့ PV အမျိုးအစားကနေ PJ အမျိုးအစား နိုင်ငံကူးလက်မှတ် ပြောင်းလဲ ဆောင်ရွက်ပေးမှာဖြစ်ပြီး သံရုံးရဲ့ Whats App နံ ပါတ်တွေမှာ ရက်ချိန်းရယူနိုင်တယ်လို့ ဆိုပါတယ်။
 
သာမန်အားဖြင့် PV အမျိုးအစားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေအနေနဲ့ သက်တမ်းကုန်ဆုံးရက် ၁၄ လအောက်မှသာ PJ အမျိုးအစားကို ပြောင်းလဲလျှောက်ထားကြဖို့ မြန်မာသံရုံးက အသိပေးထားပါတယ်။
 
မြန်မာနိုင်ငံကို ခေတ္တပြန်မယ့်သူတွေ အနေနဲ့ PV ကနေ PJ ပြောင်းလဲလျှောက်ထားရာမှာ အ သွား/အပြန် လေယာဉ်လက်မှတ် (Confirmed Air Ticket)၊ သက်တမ်းရှိ အလုပ်လုပ်ကိုင်ခွင့်ကတ် (WP/SP/EP/PR (RE-ENTRY FORM 7)၊ နိုင်ငံကူးလက်မှတ်၊ အလုပ်ရှင်/ကုမ္ပဏီခွင့်စာ နိုင်ငံကူး လက် မှတ်ပြောင်းလဲဖို့ အချက်အလက်အပြည့်အစုံနဲ့ ရက်သတ္တပတ်၊ နှစ်ပတ်ကြိုတင်ရက်ချိန်ယူဖို့ လို အပ်ပြီး အပတ်စဉ်သောကြာနေ့တိုင်း သံရုံး ဝက်ဆိုက်နဲ့ လူမှုကွန်ယက် စာမျက်နှာ တို့မှာကြေညာပေးသွားမယ်လို့ သိရပါတယ်။
 
နာ‌ရေးကဲ့သို့ အရေးပေါ်ကိစ္စနဲ့ မြန်မာပြည်ကို ပြန်လိုသူများ အရေးပေါ်ရက်ချိန်းယူဖို့ အဆင်မပြေပါက မြန်မာသံရုံးကို ရုံးချိန် နံနက် ၉ နာရီ ၃၀ မိနစ်မှ ၁၁ နာရီအတွင်း စာရွက်စာတမ်းအပြည့်အစုံနဲ့ လူကိုယ် တိုင်လာရောက် Walk-in ၀န်ဆောင်မှုဆောင်ရွက်နိုင်တယ်လို့လည်း အသိပေးထားပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026