NEWS

စက်သုံးဆီနှင့်စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ရောင်းချပေးခဲ့သည့်နိုင်ငံခြားငွေစာရင်းတင်ပြန်ရန်ဗဟိုဘဏ်ထုတ်ပြန်၊ ပြည်တွင်းဘဏ်အချို့ ဒေါ်လာသုံးစွဲခွင့်ထက်၀က်လျှော့ချလာ

CoverLogo
3.6K Views

ဗဟိုဘဏ်က စက်သုံးဆီအပါအဝင် သွင်းကုန်သမားများကို ဒေါ်လာမရောင်းပေးတော့တဲ့အပြင် စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများနှင့်စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ရောင်းချပေးခဲ့သည့်နိုင်ငံခြားငွေစာရင်းကို ဗဟိုဘဏ်သို့တင်ပြန်ရန်သြဂုတ်၂၅ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က စက်သုံးဆီ အပါအဝင် သွင်းကုန်စီးပွားရေးလုပ်ငန်းများကို ဒေါ်လာလိုသလောက် မရောင်းတော့သည့်အပြင် နိုင်ငံခြားသုံးငွေရောင်း၀ယ်ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရဘဏ်များမှ ပို့ကုန်တင်ပို့သူများထံမှ ပို့ကုန်ရငွေရဲ့ ၃၅ရာခိုင်နှုန်းအနက်ဖြစ်စေ ကင်းလွတ်ခွင့်ရှိတဲ့ ကုမ္ပဏီ ရုံး လူပုဂ္ဂိုလ်များထံမှဖြစ်စေ နိုင်ငံခြားငွေ၀ယ်ယူထားခြင်းနဲ့ စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများနှင့် စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ရောင်းချပေးခဲ့တဲ့ စာရင်းတွေကို  ယခုလ ၂၉ရက်နေ့ ညနေ၅နာရီနောက်ဆုံးထားပြီး  စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်သို့တင်ပြရမယ်လို့  သြဂုတ်၂၅ရက်နေ့ကထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။  

ဒါဟာ ပြင်ပပုဂ္ဂလိကဘဏ်များရဲ့ ပို့ကုန်ရငွေ အရောင်းအဝယ်ကိုပါ ထိန်းချုပ်လိုက်တာကြောင့် ဒေါ်လာလိုအပ်ချက်ကြီးမားကာ  ဒေါ်လာဈေးအမြင့်ဆုံးအထိ  စံချိန်တင်ထိုးတက်တက်လာမဲ့အပြင်  ကုန်ဈေးနှုန်းတွေပါအဆမတန်မြင့်တက်လာမယ်လို့  စီးပွားရေးလုပ်ငန်းရှင်တွေက သုံးသပ်ပြောဆိုနေပါတယ်။  

ဒါ့အပြင်အဆိုပါထုတ်ပြန်ကြေငြာချက်ထုတ်ပြီးမကြာခင်မှာပဲ ပြည်တွင်းဘဏ်အချို့ကလည်း ဗီဇာကဒ်မှ ဖေ့ဘွတ်နှင့်၀က်ဘ်ဆိုက်များသို့ အသုံးပြုသုံးဆွဲနိုင်တဲ့ နိုင်ငံခြားငွေသုံးစွဲနိုင်မှုပမာဏကိုလည်း ထက်၀က်အထိလျှော့ချလိုက်တယ်လို့ သိရပါတယ်။

"အရင်က ကတ်ထဲဒေါ်လာ၂၅၀၀ တန်ဖိုး MMK သိန်းငါးဆယ်ထည့်ထားလို့ရတယ်။ ဒေါ်လာ၂၅၀၀အပြည့်ဆပ်မယ်ဆိုရင် နောက်လဒေါ်လာ၂၅၀၀အပြည့်ဆပ်လို့ရတယ်။ ခုကဒေါ်လာ၂၅၀၀ MMK တန်ဖိုးထည့်ပြီး ဆပ်လို့ရတာကနေ သိန်း၅၀ကနေ ၂၅သိန်းလျော့သွားတယ်။ ဒေါ်လာ၂၅၀၀ ကေန ၁၂၅၀ လျှော့လိုက်တာပါ"လို့ ဒေါ်လာဖြင့်လုပ်ငန်းလည်ပတ်နေသူတစ်ဦးက ဆိုပါတယ်။

ပြည်တွင်းငွေလဲဈေးကွက်မှာလည်း  ဩဂုတ်လ ၂၅ ရက်နေ့အထိ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၀၈၀ ကနေ ၃၁၀၀ အထိဈေးပေါက်ကာ အရောင်း၀ယ်ဖြစ်နေခဲ့ပြီး ဩဂုတ် ၂၅  ရက်နေ့မှစ၍ နှစ်ဆခန့်အထိဈေးထပ်မံ မြင့်တက်လိမ့်မည်ဟု ဈေးကွက်ကျွမ်းကျင်သူများကခန့်မှန်းပြောဆိုထားပါတယ်။

MyanmarLabourNews


Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
အမှောင်ထုတွင်းမှ ရေတွက်ရသော နေ့ရက်များ
May 26, 2026
Cover
လ၀က ဝန်ထမ်းများ ငွေကြေးယူပါက အထောက်အထားအပြည့်စုံဖြင့် တိုင်လျှင် ထိရောက်စွာ အရေးယူမည်ဟု ကြေညာ
May 19, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
မေလ ၁ ရက်နေ့ကစပြီး ပြည်တွင်းအခွန်တိုးမြှင့်ကောက်မယ့်ကြေညာချက်ကြောင့် ကုန်ဈေးနှုန်းတွေပိုတက်လာနိုင်၊ တရက်အခြေခံလုပ်အားခကျပ် ၄၈၀၀ မှာသာရှိနေဆဲ
Apr 24, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026