NEWS

စက်ရုံပိတ်သိမ်းလို့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ မြန်မာအလုပ်သမား ၃၀၀ ကျော် နစ်နာကြေးဘတ် ၁၈ သန်းရရှိ

CoverLogo
372 Views

ထိုင်းနိုင်ငံ မဟာချိုင် တွင်  စက္ကူစက်ရုံ ပိတ်သိမ်းမှုကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့  မြန်မာလုပ်သားများ အပါအဝင် အလုပ်သမား ၃၈၀ ဦး  အတွက်  နစ်နာကြေး ဘတ် ၁၈ သန်း ရရှိခဲ့တယ်လို့ အလုပ်သမားတွေ နဲ့ ကူညီဆောင်ရွက်ပေးတဲ့  M.H.A.C မဟာမိတ်အဖွဲ့ ထံ မှ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယ အပတ်က အလုပ်ရှင် မှ  ကြိုတင်အကြောင်းကြာမျိုး ခြင်းမရှိဘဲ စက်ရုံပိတ်သိမ်းတယ်လို့ဆိုကာ တရားဝင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၃၀၀ ကျော်ကို အလုပ်မှ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။

အခုလို ထုတ်ပယ်ခံရတဲ့ အတွက် အလုပ်သမားတွေက ကျေနပ်မှု မရှိတာကြောင့် ဥပဒေနဲ့အညီ လုပ်သက်အလိုက်  နစ်နာကြေး ရရှိ ဖို့ M.H.A.C မဟာမိတ်အဖွဲ့ ထံ အကူညီ လာရောက် တောင်းရာ မှ အခုလို နစ်နာကြေး ရရှိရန် စွမ်းဆောင်ပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ၂နှစ် အတွင်း နစ်နာကြေး အများဆုံး ရရှိခဲ့ တဲ့ အမှု  ဖြစ်တယ်လို့ လည်း M.H.A.C မဟာမိတ်အဖွဲ့ မှ ကိုရဲမင်းကပြောပါတယ်။

အလုပ်ရှင်က လုပ်သက်(၁)နှစ်မှ (၃)နှစ်မပြည့်သေးတဲ့ အလုပ်သမား  တွေ ကို  နစ်နာကြေးဘတ်(၃၂,၆၇၀)နှင့် လုပ်သက်(၃)နှစ်မှ (၅)နှစ်အထိ အလုပ်သမား တွေကို  နစ်နာကြေး ဘတ် (၆၅,၃၄၀)ကို အလုပ်ရှင်က သဘောတူပေးခဲ့ရာ အလုပ်သမား(၃၈၀)ဦးအတွက် နစ်နာကြေး ဘတ်(၁၈)သန်း (၂) သိန်း(၅)ထောင်(၅)ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

"ပထမ နစ်နာကြေး ကို  အလုပ်ရှင်က တစ်နှစ်လုပ်သက်ရှိရင် ဘတ် ၁၀၀၀၀၊ နှစ်နှစ် လုပ်သက်ရှိရင် ဘတ် ၂၀၀၀၀ နဲ့ ၃နှစ်ကနေ ၅နှစ် အထိကို ၃၀၀၀၀ပဲ ပေးတာ နှစ်ကြီးသမားတွေ က ဒါကို မကျေနပ်ကျတဲ့ အတွက်  သူတို့ပေးတဲ့နစ်နာကြေးကိုမယူသေးဘဲ ကိုရဲမင်း တို့ အဖွဲ့ ကို အကူညီတောင်းတာ အခုတော့ ရသင့်ရထိုက်တဲ့နစ်နာကြေးအပြင် အလုပ်လက်မဲ့ကာလ အတွင်း လူမှုဖူလုံရေး ရန်ပုံငွေရယ် အလုပ်ထွက်စာ ဘိုင်ကျန့်အော် လည်း ရတော့အလုပ်သမားတွေအားလုံး အဆင်ပြေသွားတယ်"" လို့ အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတစ်ဦးကပြောပါတယ်။

ယခု အလုပ်ရှင်အလုပ်သမား ပြသာနာ ကို M.H.A.C မဟာမိတ်အဖွဲ့အပြင် LPN ဖောင်ဒေးရှင်း၊ (NUG )အလုပ်သမားဝန်ကြီးဌာနက လည်း ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026