NEWS

စက်ရုံစီးပွားရေးကျဆင်းနေလို့ဆိုကာ စာချုပ်သက်တမ်းမပြည့်သေးဘဲ  MOU မြန်မာအလုပ်သ မား ၁၈ဦး ကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်

CoverLogo
462 Views

ထိုင်းနိုင်ငံ၊ ချွန်ပူလီ၊ စီလချာမြို့၊နောင်ခမ်းတွင်ရှိတဲ့  ပလပ်စတစ်စက်ရုံ မှာ အလုပ်လုပ်နေတဲ့ MOU မြန်မာအလုပ်သမား ၁၈ဦး ကို စက်ရုံစီးပွားရေးကျဆင်းသည်ဆိုကာ   စာချုပ်သက်တမ်းမပြည့်ခင်  နစ်နာကြေး မပေးဘဲ အလုပ်ထုတ်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့ ထံ က သိရပါတယ်။ 

၎င်း မြန်မာအလုပ်သမား၁၈ဦးမှာ မြန်မာနိုင်ငံ SHWE LANN HPWINT OVERSEA EMPLOYMENT AGENCY (ရွှေလမ်းဖွင့်) အေဂျင်စီနှင့်ချိတ်ဆက်ပြီး ၂၀၂၃ခုနှစ် နိုဝင်ဘာ ၂၂ ရက်က ယင်း စက်ရုံ မှာ အလုပ်စဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

MOU စာချုပ်သက်တမ်းမှာ (၂)နှစ်ဖြစ်သော်လည်း ၂၀၂၄ ခုနှစ်အောက်တိုဘာ ၁၈ရက်  (၁) နှစ်မပြည့်ခင်မှာစက်ရုံမှ ၎င်းတို့ (၁၈)ဦး ကို  စက်ရုံစီးပွားရေးကျဆင်းနေတဲ့ အတွက်  လူလျှော့သည့်ဟုဆိုကာ လက်မှတ်ထိုးခိုင်းတယ်လို့ သိရပါတယ်။ 

လက်မှတ်ထိုးပါက  နောက်လ(နိုဝင်ဘာ ၂၀ )ရက်နေ့အထိအလုပ်ဆင်းရမှာ ဖြစ်ပြီး  လက်မှတ်မထိုးပါက အောက်တိုဘာ  ၁၉ ရက်နေ့ကစအလုပ်ဆင်းစရာမလိုတော့ကြောင်းပြောရာ မြန်မာအလုပ်သမား၁၈ဦး မှာ မည်သူမှလက်မှတ်မထိုးကြတဲ့ အတွက် အောက်တိုဘာ ၁၈ ရက်နေ့ညနေ ၃နာရီချိန်တွင်စက်ရုံမှပြန်ခိုင်းလိုက်တယ်လို့ ဆိုပါတယ်။ 

အခုလို စက်ချုပ်သက်တမ်း မပြည့်မီ စက်ရုံ မှ အလုပ်ထုတ်တဲ့ အတွက် နစ်နာကြေး ပြန်လည် ရရှိဖို့ မြန်မာ အလုပ်သမားတွေကWAG - အလုပ်သမားမဟာမိတ်အဖွဲ့ထံအကူညီတောင်းခံလာတယ်လို့ ဆိုပါတယ်။ 

ယခုကဲ့ သို့ အလုပ်သမား များ နစ်နာမှု နှင့်ပတ်သက်ပြီး WAG - အလုပ်သမားမဟာမိတ်အဖွဲ့ က  ဖြေရှင်းဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။ 

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026