NEWS

စက်မှုဇုန်မြို့နယ်တွေမှာ အဆောင်လခများ စံချိန်တင်မြင့်တက်

CoverLogo
2.3K Views

စစ်တပ်မှ အာဏာသိမ်းယူပြီးနောက်ပိုင်း ကုန်ဈေးနှုန်း မြင့်တက်မှုများနှင့် အလုပ်အကိုင် ရှားပါးလာမှုများကြောင့် နယ်မြို့များတွင် နေထိုင်စားသောက်ရန်မဖြစ်နိုင်တော့ သည့်အတွက် အလုပ်အကိုင်များရှာဖွေရန် ရန်ကုန်သို့ ရွှေ့ပြောင်းလာသူအမျာစုမှာ စက်မှုဇုန်ဧရိယာများသို့ ပြောင်းရွှေ့လာခဲ့ကြရတာဖြစ်ပြီး အဆောင်လခ ဈေးနှုန်းများလည်း စံချိန်တင်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

ဥပဒေအရ သတ်မှတ်ထားတဲ့ အနည်းဆုံးလုပ်ခလစာငွေမှာ တစ်ရက်လျှင် ၄၈၀၀ နှုန်း ဖြစ်ပါတယ်။လက်ရှိမှာ စက်ရုံအလုပ်ရုံလုပ်ငန်းခွင်တွေမှာ ဝင်ရောက်လုပ်ကိုင်ပါက ဝင်ဝင်ချင်း ၃၆၀၀ နှုန်းနဲ့ရရှိကြတာဖြစ်ပြီး အနည်းဆုံး ၃ လခန့် လုပ်ကိုင်ပြီးမှ ၄၈၀၀ တိုးမြှင့်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

နယ်ကနေ ရန်ကုန်လိုမြို့ပြကို ရွှေ့ပြောင်းလာရောက်သူအများစုက လူငယ်တွေဖြစ်ပြီး အမျိုးသမီးဉီးရေက ပိုများတယ်လို့ ဆိုပါတယ်။ရန်ကုန်တိုင်းထဲက လူဦးရေ အများဆုံးပြောင်းရွှေ့နေထိုင်တဲ့ လှိုင်သာယာမြို့နယ်မှာတော့ အဆောင်လခက အနည်းဆုံး ၅၀၀၀၀ ကျပ်ကနေ ၁၂၀၀၀၀ ကျပ်ထိ‌ ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

"လှိုင်သာယာမှာ အဆောင်လခ အနည်းဆုံး ၅၀၀၀၀ ကနေစတယ် အရင်က အဲ့လိုအခန်းတွေက ၃၀၀၀၀ လောက်ပဲရှိတယ်။ တိုက်ခန်းငယ်ပုံစံ အိမ်သာရေချိုးခန်းပါတဲ့ အခန်းတွေဆို ၁သိန်းကျော်လောက်ရှိတယ်။ တနင်္ဂနွေနေ့လိုမျိုးဆို အဆောင်ပြောင်းတဲ့လူတွေ အသစ်လာတဲ့လူတွေလိုက်ပို့ရတာများတယ်လို့" သုံးဘီးမောင်းသမားတဦးဖြစ်တဲ့ ကိုဖိုးခွားက ဆိုပါတယ်။

အလုပ်အကိုင်ရှားပါးလို့ ရရာလုပ်ငန်းခွင်မှာ ဝင်ရောက်လုပ်ကိုင်နေကြရတဲ့ အပြင် အခြေခံစားသောက်ကုန်ကုန်ဈေးနှုန်းကြီးမြင့်တာ၊ သွားလာရခက်ခဲတာတွေကလည်း အခြေခံပြည်သူတွေကို အထိနာစေတယ်လို့ ဆိုပါတယ်။အဆိုပါ အချက်တွေကြောင့် ပြည်ပကို ရရာနည်းလမ်းနဲ့ သွားရောက်လုပ်ကိုင်ဖို့ ရွေးချယ်လာကြတယ်လို့ လည်း လူငယ်အချို့ကပြောပါတယ်။

ရန်ကုန်မှာ စစ်တပ်မှအာဏာသိမ်းယူပြီးနောက်ပိုင်း စက်ရုံ ၃၀၀ နီးပါး ပိတ်သိမ်းခဲ့တာဖြစ်ပါတယ်။ လူသစ်ခေါ်တဲ့စက်ရုံအများစုမှာလည်း နေ့စားဝန်ထမ်းများသာခေါ်ယူလေ့ရှိပြီး  အလုပ်သမားအခွင့်အရေးများချိူးဖောက်ခံရခြင်း၊ အချိန်ပိုများ အဆမတန်ဆင်းရခြင်းများ ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

ရန်ကုန်သို့ရွှေ့ပြောင်းသူ မိသားစုအများစုမှာ အဆောင်ငှားရမ်းနေထိုင်ရန် အခက်အခဲများစွာဖြစ်ပေါ်နေပြီး လူဦးရေများရင် ၊ ကလေးပါရင် အဆောင်မငှားတာမျိုးတွေကြုံရတယ်လို့ဆိုပါတယ်။

"ကျနော်တို့ ရန်ကုန်ကို ၂၀၀၈ နာဂစ်အပြီး ဧရာဝတီတိုင်းကတက်လာတယ်။ ဒီမှာအလုပ်အကိုင်မကောင်းတာရယ် စားစရိတ်ကြီးတာရယ်ကြောင့် အဆောင်ငှားနေရာကနေ မတတ်နိုင်တော့ ကျူးကျော်မှာနေခဲ့ရတယ်။ စစ်တပ်က ကျူးကျော်များကို အင်အားသုံးဖယ်ရှားခဲ့တော့ အဆောင်တွေလိုက်ငှားတယ် ကလေးပါရင်မငှားတဲ့အဆောင်တွေများတယ်။ လူများရင်လဲ လက်မခံဘူး ကျနော်တို့ မိသားစု များတော့ အဆောင် ၂ခန်းငှားပြီးနေခဲ့ရတယ်လို့" လှိုင်သာယာမြို့မှာနေထိုင်တဲ့ အဆောင်ငှားနေသူ တဦးကဆိုပါတယ်။

"ဆိုင်ကယ်တွေဖမ်းတာလည်း တရကြမ်းပဲ အပြင်တခါထွက် ရင် အသွားအပြန်ကို ၅ ထောင်အထက်မှာကုန်တယ် သွားရတာတွေလည်း အဆင်မပြေတော့ ဘူး။ မိုးတွင်းကလည်း ဖြစ်တော့ အလုပ်လုပ်ရတာ ဘယ်လိုမှ စိတ်မချမ်းသာနိုင်ဘူး လို့ အမည်မဖော်လိုတဲ့ ကုန်စုံဆိုင်ဖွင့်လှစ်ထားသူတစ်ဦးကပြောပါတယ်။


Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026
Cover
၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး ထိုင်းနိုင်ငံသို့ နည်းလမ်းမျိုးစုံဖြင့် ဝင်ရောက်ခဲ့
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
အမျိုးသမီးငယ်ကို အငှားကိုယ်ဝန်ဆောင် အပြင်  တရုတ်မယားအဖြစ် အဆင့်ဆင့်ရောင်းစားသူကိုထောင်ဒဏ် ၁၀ နှစ်ချ
Jun 24, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026