NEWS

စက်ချို့ယွင်းမှုကြောင့် နိုင်ငံကူးလက်မှတ်ထုတ်ပေး နိုင်ခြင်းမရှိသေးဟု တိုကျိုရှိ မြန်မာသံရုံး ကြေညာ

CoverLogo
275 Views
 
နိုင်ငံကူးလက်မှတ် စာအုပ် ထုတ်ပေးတဲ့ စက် ချို့ယွင်းမှု ဖြစ်တာကြောင့် ဂျပန် ရောက် မြန်မာနိုင်ငံသားတွေ ရဲ့ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး လျှောက်ထားမှု ကို ဆောင်ရွက် ပေးနိုင်ခြင်း မရှိသေးဘူးလို့ ဂျပန်နိုင်ငံတိုကျိုမြို့ရှိ မြန်မာသံရုံးက ဇန်နဝါရီ ၂၉ရက် မှာထုတ်ပြန်ကြေညာပါတယ်။
 
၂၀၂၆ခုနှစ် ဇန်နဝါရီ ၂၇ ရက် က စတင် ၍ လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ တစ်ဆင့်သော်လည်းကောင်း၊ သက်တမ်းတိုးလျှောက်ထားတဲ့ မြန်မာနိုင်ငံကူးလက်မှတ်တွေကို လတ်တလောကာလမှာ ထုတ်ပေးနိုင်ခြင်းမရှိသေး ဘဲ ခေတ္တစောင့်ဆိုင်းဖို့ မြန်မာသံရုံးက ကြေညာထားပါတယ်။
 
လက်ရှိမှာ နိုင်ငံကူးလက်မှတ် စာအုပ် ထုတ်ပေးတဲ့ စက်ကို အမြန်ဆုံးပြန်လည်ပြင်ဆင်နေကြောင်း အသိပေးထားပေမယ့် မည်သည့် ရက်မှာ နိုင်ငံလက်မှတ် စာအုပ် ပြန်ထုတ်ပေး မှာကိုတော့ထည့်သွင်း ကြေညာထားတာ မတွေ့ရဘဲ ပြန်လည်ထုတ်ပေးနိုင်မယ့် အခြေအနေကို ထပ်မံ အသိပေးသွားမယ်လို့ သာ ကြေညာထားပါတယ်။
 
ဒါကြောင့် အရေးကြီးကိစ္စရှိသဖြင့် မြန်မာနိုင်ငံကူးလက်မှတ် ပြန်လည်ရယူလိုသူတွေအနေနဲ့ မြန်မာသံရုံး၊ တိုကျိုမြို့၊ ကောင်စစ်ဌာနရဲ့ အီးမေးလ်ဖြစ်တဲ့ tokyomyanmar959@ gmail.com သို့ ဆက်သွယ် အကြောင်းကြားဖို့ အသိပေးထားပါတယ်။
 
ဂျပန်နိုင်ငံ တွင် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား တစ်သိန်းကျော်ရှိပြီး မြန်မာနိုင်ငံမှ ဂျပန် သို့ အလုပ်သွားရောက် လုပ်ကိုင်သူ တစ်နှစ်လျှင် ၂သောင်းကျော် ရှိကြောင်း သိရပါတယ်။

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026