VIDEO

ငွေကိုလွယ်လွယ်နဲ့မပေးလိုက်ဖို့လိုတယ်

CoverLogo
884 Views

 
 
 
ပြည်ပထွက်ခွာ အလုပ်လုပ်ဖို့ ကြိုးစားတဲ့ အထဲမှာ မြန်မာနိုင်ငံက လူအများစုက ထိုင်း မလေးရှား ဂျပန် ကိုရီးယား ဒူဘိုင်း အိုမန် စင်ကာပူ စတဲ့ နိုင်ငံတွေထဲမှာမှ ထိုင်းနိုင်ငံကို အလုပ်သွားလုပ်ဖို့အတွက် အများဆုံးရွေးချယ်ကြတာဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းကို သွားရောက်လုပ်ကိုင်ဖို့အတွက် အနည်းဆုံး မြန်မာငွေ သိန်း ၃၀ ကျော် အကုန်အကျခံပြီးသွားရောက်ဖို့ကြိုးစားနေကြတာပါ။အဲ့ဒီလို သွားရောက်နိုင်ဖို့အတွက် ငွေတိုးချေးယူတာ အိမ်ပေါင် လယ်ပေါင် လုပ်ပြီးသွားရတဲ့ သူတွေအနေနဲ့ လိမ်လည်ခံရပါက လက်ရှိအခြေအနေထက်ပိုမိုဆိုးရွားသွားတာတွေလည်းရှိနေပါတယ်။
ပြည်ပကို ရွှေပြောင်းသွားလာလုပ်ကိုင်ဖို့ ကြိုးစားရာမှာ အယုံလွယ်ပြီး ငွေကြေးကို လွယ်လွယ်ကူကူပေးချေလိုက်တာ စနစ်တကျ မှတ်တမ်းမှတ်ရာ မရှိတာကြောင့် ငွေကြေး လိမ်လည်ခံရမှုတွေရှိနေပြီး ပိုမိုခက်ခဲသွားကြရတဲ့ အခြေအနေတွေဖြစ်ပေါ်နေပါတယ်။
ပြည်ပနိုင်ငံကို သွားရောက်အလုပ်လုပ်ဖို့ ကြိုးစားနေသူတွေအနေနဲ့ ကြုံတွေ့နိုင်တဲ့ အခြေအနေတွေကို ရင်ဆိုင်ဖို့ အတွက် သတင်းအချက်အလက်မှန်မှန်ကန်ကန်ရယူဖို့ လိုအပ်တယ်လို့ BAGO MRC အကြံပေး ဒေါ်သက်သက်အောင်က ပြောဆိုပါတယ်။
ပြည်ပရွှေ့ပြောင်းသွားလာတဲ့အခါမှာ ဘေးကင်းလုံခြုံဖို့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိဖို့နဲ့ လိမ်လည်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားပါက ဘယ်လိုလုပ်ဆောင်ရမလဲ၊ ပြည်ပမထွက်ခွာခင် ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲဆိုတာကို Myanmar Labour News ရဲ့ ရွှေ့ပြောင်း လုပ်သား အစီအစဉ်ကနေ ထပ်မံ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Related posts

Cover
ထိုင်းနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့် မြန်မာလုပ်သား ၆၀ကျော် အဖမ်းခံရ
Mar 09, 2026
Cover
မြန်မာအလုပ်သမား ၂၈ဦး ကို အလုပ်သွင်းပေးမည်ဆိုကာ ပွဲစားက ပိုက်ဆံများလိမ်ယူပြီး ထွက်ပြေး
Mar 09, 2026
Cover
မလေးရှားသွားရန် ဘတ် ၅ သောင်း မှ ၁သိန်း အထိ ပေးလာရသည့် မြန်မာလုပ်သား ၆၀ နီးပါး ထိုင်းတွင်အဖမ်းခံရ
Mar 07, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်သည့် စက်ရုံကို သက်ဆိုင်ရာသို့ တိုင်ကြားပြီးနောက် မြန်မာလုပ်သား ၁၀၀ ကျော် အခွင့်အရေးများပြန်ရ
Mar 07, 2026
Cover
ဘန်ကောက်ငလျင်ကြောင့် သေဆုံးခဲ့သော မြန်မာလုပ်သားများ တစ်ဦးလျှင် လျော်ကြေး ဘတ် ၁ သန်း
Mar 05, 2026
Cover
သက်တမ်းတိုး အလုပ်ရှင် ပြောင်းမည့်သူများ အွန်လိုင်းစနစ်ဖြင့် ယနေ့မှ စတင်ဆောင်ရွက်နိုင်ပြီဟုဆို
Mar 05, 2026
Cover
မြန်မာလုပ်သားတစ်ဦး ဘတ် ၆ သန်း ထိုင်းထီပေါက်
Mar 03, 2026
Cover
ချွန်ဘူရီတွင် စက်ရုံကြိုပို့ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလုပ်သား၁၅ဦးခန့် ဒဏ်ရာရ
Mar 02, 2026