NEWS

ငလျင်ကြောင့် အဆောက်အဦးပြိုကျရာမှ ပျောက်ဆုံးနေတဲ့ မြန်မာအလုပ်သမားမိသားစုဝင် တွေအနေနဲ့ လူပျောက်ကြောင်း အမှုဖွင့် တိုင်ကြားရန်လိုအပ်ဟုဆို

CoverLogo
244 Views
 
မတ်လ၂၈ ရက် ကလှုပ်ခဲ့တဲ့ ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချက်တူချက် အနီးရှိ စာရင်းစစ်ရုံး ပြိုကျမှုမှ ပျောက်ဆုံးနေတဲ့ မြန်မာအလုပ်သမားတွေရဲ့ မိသားစုဝင်တွေ အနေနဲ့ လူပျောက်ကြောင်း အမှုဖွင့်တိုင်ကြားရန် လိုအပ်တယ်လို့ ထိုင်းရောက်မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေထံမှ သိရပါတယ်။
 
အဆောက်အဦး ပြိုကျမှု မှာ ပါဝင်သွားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားရဲ့ မိသားစုဝင် တွေအနေနဲ့ နစ်နာကြေး ရရှိဖို့ အမှုဖွင့် တိုင်ကြားရန် မဖြစ်မနေ လာရောက်ဖို့ လိုတယ်လို့ WAG အလုပ်သမားမဟာမိတ်အဖွဲ့မှ တာဝန်ရှိသူကပြောပါတယ်။
 
""အခု အဆောက်အဦး ပြိုကျမှု မှာ မြန်မာအလုပ်သမား ပျောက်ဆုံးက ၃၀ ကျော်လို့ ကြားရတယ် ဒါပေမယ့် အမှုဖွင့် တိုင်ကြားမှု ကိုတော့ဆွေမျိုးရှိတဲ့သူတွေ မဖြစ်မနေ လုပ်စေချင်တယ် ဆွေမျိုး မှာ လည်း မိသားစု အရင်းအချာ ဒါမှမဟုတ် တစ်ဝမ်းကွဲ ပဲ လူပျောက်စာရင်းတိုင်လို့ရမယ် အမှုဖွင့်လို့ရမယ် ဒါကြောင့် အမြန်ဆုံး တိုက်ပြိုတဲ့နေရာ ကို လာပြီး အမှုလာဖွင့်ဖို့ တိုက်တွန်းချင်ပါတယ်""လို့ WAGအဖွဲ့မှ ကိုမုန်တိုင်းကပြောပါတယ်။
ဒါ့အပြင် အဆောက်အဦးပြိုကျတဲ့ ရက်က လည်း ၁၀ ရက် ကျော်လာပြီး ပြန်လည် တူးဖော်တာမှာ တွေ့ရှိရတဲ့ သေဆုံးသူတွေဟာ မည်သူမည်ဝါ ဖြစ်တယ်လို့ ခန့်မှန်းရခက်တဲ့ အတွက် အမှုဖွင့် တိုင်ကြားတာ မှာ ပျောက်ဆုံးနေတဲ့ မြန်မာအလုပ်သမားရဲ့ ခန္ဓာကိုယ်အရွယ်အစား အသားရောင် အဝတ်အစား စတဲ့ ခန့်မှန်းနိုင်မယ့် အချက်အလက်တွေ ကိုပါ ပြောကြားပေးဖို့ လိုတယ်လို့ ဆိုပါတယ်။
 
""ပျောက်ဆုံးသူရဲ့ အမျိုးတွေ အနေနဲ့လူပျောက်စာရင်း တိုင်မယ်ဆိုရင် ဘယ်လိုပုံစံ အသားအရောင် အဝတ်အစား စတာတွေကို ပြောပေးစေချင်တယ် အခုက ရက်ကကြာလာတော့ ထွက်လာတဲ့ body တွေက မိမိအမျိုးဟုတ်မဟုတ် ဆိုတာ Result လုပ်ရတာကြာတဲ့ အတွက် အခုလို အမှတ်အသားကိုပါပြောပေးစေချင်တယ် တကယ်လို့ အမှုဖွင့်ထားတဲ့သူတွေလည်း မပြောရသေးရင် ရဲစခန်းမှာ လူပျောက်စာရင်းတင်ထားတဲ့စာရွက်ကို update လုပ်စေချင်တယ်လို့""WAG အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
၎င်းအဆောက်အဦးပြိုကျတာကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေအပါအဝင် သေဆုံးသူ၁၇ဦး၊ ဒဏ်ရာရရှိသဖြင့်ဆေးကုသမှုခံယူသူ ၉ဦး နဲ့ ပျောက်ဆုံးနေသူ ၇၇ဦးရှိတယ်လို့ ဧပြီ၇ရက် နေ့ ထုတ်ပြန်တဲ့စာရင်းအရသိရပါတယ်။

Related posts

Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026
Cover
မတ်လ အတွင်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာ ၂၀၀ခန့်ကို ထိုင်းမှ စစ်ကော်မရှင် ထံ လွှဲပေး
Mar 31, 2026
Cover
အထောက်အထားမဲ့ မြန်မာလုပ်သား ၉ဦး တင်လာသည့် ကား အဖမ်းခံရ
Mar 27, 2026