NEWS

ငမိုးရိပ်ချောင်းရေတက်လာလို့ အနီးအနားက မြို့နယ်တွေ ရေ ၂ ပေခန့်ဝင်ရောက်

CoverLogo
863 Views

ထူးကဲဒီရေတက်လာတာနဲ့အတူ ငမိုးရိပ်ချောင်း ရေတက်လာတဲ့အတွက် အနီးအနားက မြို့နယ်တွေဖြစ်တဲ့ မြောက်ဒဂုံ၊ သင်္ဃန်းကျွန်း နဲ့ မြောက်ဥက္ကလာပ မြို့နယ်တွေမှာ ရေဝင်ရောက်မှုတွေရှိနေပြီး အချို့နေရာတွေမှာ ရေ၂ပေခန့် ဝင်ရောက်လာတယ်လို့ ဒေသခံသတင်းတွေကနေ သိရပါတယ်။ 

စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းမှစကာ ငမိုးရိပ်ရေလှောင်တမံရဲ့  ရေပြည့်မှတ်အထက် ၁၀၇ ပေအထက်ကို  ရေ  ၂ ပေ ကျော်လွန်နေတာ ဖြစ်ပြီးစက်တင်ဘာလ ၂၀ ရက်မှာတော့ အဆိုပါချောင်းနဲ့နီးစပ်ရာ ရပ်ကွက်တွေမှာ ရေများဝင်ရောက်လာရာ အနိမ့်ပိုင်းမှာရှိတဲ့ နေအိမ်တွေအတွင်း ရေဝင်နစ်မြုပ်မှုတွေ ဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။ 

" ငမိုးရိပ်ချောင်းရေလျှံတာ ဘေလီဘက်က နေရာတွေ ရေတက်လာနေတယ်။ မြောက်ဒဂုံဆိုလည်း ၃၃ ရပ်ကွက်ဖက်တွေ အိမ်ထဲရေဝင်တယ်။ ပြီးတော့ သင်္ဃန်းကျွန်း စံပြရပ်ကွက်ဘက်တွေနဲ့ မြောက်ဥက္ကလာ၂ရပ်ကွက် တွေ ရေဝင်နေတယ်ပြောတယ်။ မိုးမရွာပဲ ဒီရေတက်တာဆိုတော့ တော်သေးတယ် ။ ရေ အရမ်းမများဘူး။ မိုးရွာရင်တော့မလွယ်ဘူး။ ဒီရက်တွေမှာ ထူးကဲဒီရေတက်မယ့် သတင်းတွေလည်းကြားထားတော့ ရေကတက်မှာပဲဆိုတာ အကုန်သိနေကြတာပေါ့"လို့ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတစ်ဦးကပြောပါတယ်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဦးဝိစာရလမ်းတစ်လျှောက်တွင် ငမိုးရိပ်ချောင်းမှ ရေများကြောင့် ကားလမ်းများပေါ်အထိပါ ရေများ ရောက်ရှိနေရာ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်တွင်လည်း ရေများ ဝင်ရောက်လာနေသလို ရေကြီးတဲ့ အခြေအနေမျိုးမဟုတ်ပေမယ့် လမ်းများတွင် ရေများ ရှိနေတယ်လို့သိရပါတယ်။ 

ရန်ကုန်မြစ်အတွင်း စက်တင်ဘာလ ၁၇ ရက်နေ့မှ စက် တင်ဘာလ ၂၃ ရက်နေ့အထိသာမာန်ထက် ထူးကဲဒီရေ အမြင့်ပေ၂၀ကျော်ရေတက်ရန် ရှိကြောင်းနဲ့ မြစ်ကမ်းအနီးနဲ့ အနိမ့်ပိုင်းနေထိုင်သူတွေ ရေတက်လာမယ့်အခြေအနေကို သတိပြုကြဖို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ကလည်း ထုတ်ပြန်ထားပါတယ်။ 

Photo-လူမှုကွန်ယက်

 


Related posts

Cover
အာဆင်းနစ် မြစ်ဝှမ်းမှ မိခင်များနှင့် မျိုးဆက်သစ်တို့အတွက် ခြိမ်းခြောက်မှု
Sep 01, 2026
Cover
စစ်ရေးပဋိပက္ခပြင်းထန်ရာဒေသများတွင် အမျိုးသမီးများ၏ အလုပ်အကိုင်ရရှိမှု ၆၂ ရာခိုင်နှုန်းထိကျဆင်း
Aug 10, 2026
Cover
စားအုန်းဆီဖြန့်ဝေမှုကန့်သတ်လိုက်လို့ ပြည်သူတွေ ဆီဈေးကြီးလာတဲ့ဒဏ်ခံနေရ
Aug 07, 2026
Cover
မြစ် ၅ စင်း စိုးရိမ်ရေမှတ်ထက် ရောက်ရှိနေသဖြင့် မြို့နယ် ၅ခု တွင်ရေဘေးအန္တရာယ် သတိထားရန် မိုးဇလ ထုတ်ပြန်
Aug 07, 2026
Cover
စက်သုံးဆီဈေး အကျဘက်ရောက်နေပေမယ့် ဆီဝယ်မရတဲ့ပြဿနာကြုံ​နေရ
Aug 07, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026
Cover
ထိုင်းမြောက်ပိုင်းရှိ မြစ်များတွင် သဘာ၀ပတ်၀န်းကျင် ထိခိုက်ညစ်ညမ်းမှု ​ဖြေရှင်း​ပေးရန် ​တောင်းဆို
Jun 07, 2026
Cover
အမျိုးသမီးများကို ​ငွေ​ကြေးနှင့် စည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့သူ ၂ ဦးကို ထောင် ၁၅ နှစ်စီချ
May 25, 2026