NEWS

ဂျပန် သို့ ကျွမ်းကျင်လုပ်သားဖြင့် သွားရောက် လိုသူအချို့ အောင်လက်မှတ်အတု များဖြင့် လျှောက်ထားခြင်း များ ရှိနေဟုဆို

CoverLogo
262 Views
 
ဂျပန် နိုင်ငံကို ကျွမ်းကျင်လုပ်သား အဖြစ် သွားရောက် လုပ်ကိုင်ဖို့ လျှောက်ထားသူတွေ ထဲ မှ အချို့ဟာ အောင်လက်မှတ်အတု တွေ ပြုလုပ်၍ တင်ပြလျှောက်ထားတာတွေ ရှိနေတယ်လို့ စစ်ကော်မရှင်ရဲ့ အလုပ်သမားဝန်ကြီးဌာန မှ မြန်မာပြည်ပအလုပ်ကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)ထံ ပေးပို့တဲ့ အကြောင်းကြားစာအရသိရပါတယ်။
 
မြန်မာပြည်ပအလုပ်ကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)ထံ ပေးပို့တဲ့ အကြောင်းကြားစာထဲတွင် ဂျပန်နိုင်ငံတရားရေးဝန်ကြီးဌာန၊လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုအေဂျင်စီ (Immigration services Agency of Japan)နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး တို့မှ ဂျပန်နိုင်ငံ တွင် (Specified skilled worker) အဖြစ် အလုပ်လုပ်ခွင့်နဲ့ ပက်သက်၍ နေထိုင်ခွင့်အဆင့်အတန်းလျှောက်ထားမှု တွင် စိုက်ပျိုးရေးကဏ္ဍ တွင် အောင်လက်မှတ်အတု တွေ ပြုလုပ် ပြီးတင်ပြလျှောက်ထားတဲ့ ဖြစ်စဉ်မှာ မြန်မာနိုင်ငံသား အချို့ပါဝင်နေတယ်လို့ အသိပေးထားပါတယ်။
 
ဒါကြောင့် မြန်မာပြည်ပအလုပ်ကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)အနေနဲ့အောင်လက်မှတ်အတုပြုလုပ်ခြင်းအပါအဝင် မသမာတဲ့ လုပ်ဆောင်မှု တွေမှာ ပါဝင်ပက်သက်ခြင်း မရှိစေရန် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီတွေကို တိုက်တွန်းနှိုးဆော် ဆောင်ရွက်ပေးဖို့ လိုက်နာရမယ့် အချက်တွေကို အကြောင်းကြားစာထဲတွင် ရေးသားထားပါတယ်။
 
"ကျွမ်းကျင် လုပ်သားကတော့ မိမိ အစီစဉ်နဲ့သွားတာရှိသလို အေဂျင်စီနဲ့ ချိတ်ဆက်ပြီး သွားကျတာ လည်းရှိတယ် အခု အကြောင်းကြားစာကတော့ ဂျပန်ကျွမ်းကျင်လုပ်သားစေလွှတ်ခွင့်ရအေဂျင်စီ တွေကို အသိပေးတဲ့ သဘောပါ အခုက အေဂျင်စီတွေက လည်း များလာတော့ စည်းကမ်းလိုက်နာတဲ့ အေဂျင်စီ တွေရှိသလို တချို့ကျတော့လည်း ရသလို လုပ်သားတွေကို ပို့နေကျတာလည်းရှိတယ် ဒီလိုကိစ္စတွေမှာ အရေးယူမှု အပိုင်း ကဌာန ဆိုင်ရာ နဲ့ပဲသက်ဆိုင်တယ် လို့ထင်တယ်""လို့ လိုင်စင်ရအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
 
ဂျပန် နိုင်ငံသို့ ကျွမ်းကျင်လုပ်သားစေလွှတ်ခွင့်ရ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီတွေ အနေနဲ့ လိုက်နာဆောင်ရွက်ရမယ့်အချက်တွေ မှာ ဂျပန်နိုင်ငံရဲ့ စိုက်ပျိုးရေးကဏ္ဍအပါအဝင် လုပ်ငန်းနယ်ပယ်အသီးသီး ကို ကျွမ်းကျင် လုပ်သားစေလွှတ်တာ မှာ ဂျပန်နိုင်ငံရှိ အလုပ်သမားခေါ်ယူတဲ့ ကြီးကြပ်အဖွဲ့အစည်းများ၊အလုပ်ရှင်များနဲ့ ချိတ်ဆက် ပြီး COE လျှောက်ထားမှု တွင် ကျွမ်းကျင် လက်မှတ်တွေကို စနစ်တကျစိစစ်ဆောင်ရွက်ရန်၊COEလျှောက်ထားရာမှာလည်း လုပ်ငန်းနယ်ပယ်အလိုက် ဂျပန်နိုင်ငံရှိ သက်ဆိုင်ရာဌာန များမှ ထုတ်ပေးတဲ့ ကျွမ်းကျင်အောင်လက်မှတ်ဖြင့်သာလျှောက်ထားရန်၊ကျွမ်းကျင်မှု အသိအမှတ်ပြု အောင်လက်မှတ် အတု ပြုလုပ်၍ COE လျှောက်ထားတဲ့ ဖြစ်စဉ် မျိုး မဖြစ်စေရေး စီစစ်ဆောင်ရွက်ဖို့ အသိပေးထားပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026