NEWS

ဂျပန်သို့ အလုပ်ဖြင့် ပို့ဆောင်ပေးမည်ဆိုကာ ငွေလိမ်သွားသူကို ထိုင်းမှာပြန်တွေ့၍ မြန်မာသံရုံးသို့ တိုင်ကြားပြီး ငွေပြန်တောင်း

CoverLogo
350 Views
 
ဂျပန်နိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ရမယ်ဆိုပြီး ငွေလိမ်သွားသူကို ထိုင်းနိုင်ငံတွင် ပြန်တွေ့ သဖြင့် မြန်မာအလုပ်သမားသံရုံးကို တိုင်ကြားပြီး ပေးသွင်းထားတဲ့ငွေပြန်တောင်းရာ ပြန်ရခဲ့တယ်လို့ မြန်မာအလုပ်သမားသံအရာရှိရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် က တိုင်ကြားသူရဲ့ ခင်ပွန်းဖြစ်သူဟာ ဂျပန်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်နိုင်ရန်အတွက်ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူမှတ်တိုင်အနီးရှိ Five Star အဆောက်အဦးမှာ ရုံးခန်းဖွင့်လှစ်ထားတဲ့ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီသို့ ကြား Agent ထံမှတစ်ဆင့်ငွေကျပ်သိန်း၆၀ ပေးသွင်းင်းခဲ့ပေမယ့် ဂျပန်နိုင်ငံသို့ သွားရောက်လုပ်ကိုင်ရခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
 
၂၀၂၆ခုနှစ် ဖေဖေါ်ဝါရီ ၂၁ရက်မှာတော့ ငွေလက်ခံခဲ့တဲ့ အေးဂျင့်ဆိုသူကို ထိုင်းနိုင်ငံတွင် အမှတ်မထင် ပြန်တွေ့ခဲ့တဲ့ အတွက် ၎င်းထံ ပေးသွင်းထားတဲ့ ငွေကြေး ကို ပြန်လည်ရရှိ ဖို့ ကူညီပေးရန် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံး သို့ အမျိုးသမီး ဖြစ်သူက တယ်လီဖုန်းဖြင့် ဆက်သွယ်တိုင်ကြားလာတယ်လို့ သိရပါတယ်။
 
ဒါကြောင့် အလုပ်သမားသံမှူးနဲ့ အဖွဲ့ဟာ သက်ဆိုင်သူတွေနဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး ညှိနှိုင်းပေးခဲ့မှုအရ Agent ဆိုသူမှ ကျပ် သိန်း၃ဝ နဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေ ၂၄,၀၀ဝ ကို ဖေဖေါ်ဝါရီ ၂၁ရက်မှာ ပေးချေခဲ့ပြီး ကျန်ရှိတဲ့ ငွေကျပ်သိန်း၃၀ ကို မတ်လ ၂၀ရက်မှာ ထပ်မံပေးချေရန် နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့တယ်လို့ အလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ပါတယ်။
 

Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026