NEWS

ဂျပန်လူမျိုးလေးဦး ထိုင်း- မြန်မာနယ်စပ်တွင် ဖမ်းဆီးခံရ

CoverLogo
440 Views

ထိုင်းနိုင်ငံ၊ တာ့ခ်ပြည်နယ်၊ မဲဆောက်ခရိုင်မှာ ဂျပန်နိုင်ငံသား လေးဦးကို  ထိုင်း-မြန်မာနယ်စပ် တရားမဝင် ဖြတ်ကျော်ဝင်ရောက်မှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ Bangkok Post  မှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက် သောကြာနေ့က ဖမ်းဆီးခဲ့တာလို့ ဖော်ပြထားပြီး မြန်မာနိုင်ငံ၊ မြဝတီမြို့ဘက်ကနေ ထိုင်းဘက်ကို ဖြတ်ကျော်လာစဉ် ဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ 

ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသားတွေက မဲဆောက်ကို ဗန်ကားနဲ့ သွားရောက်ခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်က ဟိုတယ် တစ်ခုမှာ တည်းခိုခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။  ဖေဖော်ဝါရီ ၁ ရက်မှာ အဲ့ဒီဟိုတယ်ကနေ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၁ အနီးက Rim Moei စျေးကို သွားရောက်ခဲ့တာလို့ သိရပါတယ်။  

အဲဒီနေ့ မနက် ၁၁ နာရီမှာ မြန်မာနိုင်ငံသားတစ်ဦးက ဂျပန်အမျိုးသားတွေရဲ့ ခရီးဆောင်အိတ်တွေကို ဟိုတယ် ကနေ ယူပြီး ထိုင်းအကောက်ခွန်ဂိတ်ကို မဖြတ်သန်းဘဲ မြန်မာနိုင်ငံဆီ သယ်ယူသွားခဲ့တယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ်။ 

ဖမ်းဆီးထားတဲ့ ဂျပန်အမျိုးသားတွေက နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ခဲ့ပြီး ဂျပန်နိုင်ငံသားတွေကို ပစ်မှတ် ထားတဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု ဒါမဟုတ် ဖုန်းခေါ်ဆိုမှု လိမ်လည်ဂိုဏ်းတွေမှာ ပါဝင်ခဲ့ဖွယ်ရှိတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ယူဆထားပါတယ်။ 

အမျိုးသားလေးဦးရဲ့ ရာဇဝတ်မှတ်တမ်းတွေကို သံရုံးကို ဆက်သွယ်ပြီးစစ်ဆေးရမှာ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်တဲ့ ပြစ်မှု ဖမ်းဝရမ်းတွေ ရှိနေတယ်ဆိုတာကို  အတည်ပြုထားတယ်လို့ ဆိုပါတယ်။ 

တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာ စိုးရိမ်မှုတွေ  မြင့်တက်နေတာကြောင့် ထိုင်းရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ အာဏာပိုင်တွေက ထိုင်း-မြန်မာနယ်စပ်က တရားမဝင်ထွက်နိုင်တဲ့လမ်းကြောင်းတွေကို  ပိုမို ကင်းလှည့် စောင့်ကြည့်မှု တွေ တိုးမြှင်လုပ်ဆောင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ဆိုပါတယ်။ 

ဂျပန်အမျိုးသားတွေကို မဲဆောက် လူဝင်မှုကြီးကြပ်ရေးရုံးမှာ ထိန်းသိမ်းထားပြီး တရားရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေအတွက် ဘန်ကောက်မြို့လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ဖို့ စိစဉ်ထားတယ်လို့ Bangkok Post မှာ သတင်းဖော်ပြထားပါတယ်။ 

Ref / Photo ; Bangkok Post  
 #MyanmarLabourNews 
 #MNK


Related posts

Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026
Cover
ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်မှ မြန်မာလုပ်သား ၁၀၀ ကျော် လုပ်အားခ ဘတ် ၂သန်းကျော် မရရှိဘဲ အလုပ်ထုတ်ခံရသဖြင့် စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေ
Aug 05, 2026
Cover
ဇွန်လအတွင်း ခွင့်ပြန်လုပ်သား ၂၀၀ ခန့် ပြည်ပထွက်ခွင့် ပယ်ချခံရ
Jul 08, 2026
Cover
မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ယခုလအတွင်း မြန်မာနိုင်ငံသို့ပြန်ပို့
Jun 25, 2026