NEWS

ဂျပန်မှ  မြန်မာလုပ်သား ၁၃၀၀ ကျော် ခေါ်ယူရာတွင်  အမျိုးသမီးလုပ်သား ၁၀၀၀ ကျော်ပါဝင်

CoverLogo
775 Views

ဂျပန် နိုင်ငံ မှ မြန်မာအလုပ်သမား ၁၃၀၀ ကျော် ထပ်မံခေါ်ယူတာမှာ အမျိုးသမီး လုပ်သား ၁၀၀၀ ကျော် ပါဝင်တယ်လို့ ဂျပန်နိုင်ငံတိုကျိုမြို့ရှိ မြန်မာသံရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဂျပန်ကုမ္ပဏီ ၄၃၁ ခု မှ မြန်မာအလုပ်သမား ၁၃၅၅ ဦးခေါ်ယူတာမှာ အမျိုးသားလုပ်သား ၃၀၀ကျော်နဲ့ အမျိုးသမီး လုပ်သား ၁၀၀၀ကျော် ပါဝင်တာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာသံရုံး တိုကျို မြို့ အနေနဲ့ ဂျပန် နိုင်ငံစက်ရုံ အလုပ်ရုံတွေက ခေါ်ယူတဲ့ အလုပ်ခေါ်စာ Demand Letter တွေကို မှန်ကန်မှုရှိမရှိ စိစစ်လျက်ရာ ၂၀၂၄ခုနှစ် စက်တင်ဘာလ ၁၁ ရက်အထိလက်ခံရရှိ စိစစ်ပြီးစီး ပြီ ဖြစ်ကာ လက်ရှိမှာ အလုပ်ကမ်းလှမ်းစာ ၄၃၁ခုနဲ့ ပက်သက်တဲ့ အချက်အလက်တွေ ကို ယခုလို အသိပေး ထုတ်ပြန်တာလို့ ဆိုထားပါတယ်။

အလုပ်ကမ်းလှမ်းစာ ၄၃၁ခု တွင် စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့သက်ကြီးစောင့်ရှောက်ရေး လုပ်ငန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

""ဂျပန် ကို အမျိုးသမီး လုပ်သား အများဆုံး ခေါ်တာက သက်ကြီးစောင့်ရှောက်ရေး အတွက် ခေါ်တာများတယ် အခြား ကုန်ထုတ်လုပ်ငန်းတို့ စားသောက်ဆိုင်တွေလည်း အမျိုးသမီး လုပ်သားတွေခေါ်ပေမယ့် နည်းတယ်  အဲ့တော့ အလုပ်ရွေးနေရင် စောင့်ရတာ ကြာမှာဆိုတော့ မြန်မြန် ဂျပန်  ထွက်ချင် တဲ့ အမျိုးသမီး လုပ်သားတွေက သက်ကြီးစောင့်ရှောက် နဲ့ သွားတာ များလာတယ်""လို့ဂျပန် ကို လုပ်သားပို့ဆောင်ပေးနေတဲ့ လိုင်စင်ရအေဂျင်စီမှတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

ကိုဗစ်ကာလပြီးနောက်ပိုင်း ဂျပန် နိုင်ငံ က မြန်မာလုပ်သားခေါ်ယူတာ ယခင် ထက် ၅ဆ ခန့် များ လာသလို
ပြည်တွင်း နိုင်ငံရေးအခြေနေကြောင့် ဂျပန်အပါအဝင် ပြည်ပ ကို သွားရောက်အလုပ် လုပ်ကိုင်တဲ့ လူငယ်တွေ လည်း ယခင်ထက် ပိုမိုများပြားလာတယ်လို့ သိရပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026