NEWS

ဂျပန်ဗီဇာ အွန်လိုင်းဘိုကင်စနစ်နှင့် ဧပြီ ၁ ရက်တွင် စတင်လျှောက်ထားနိုင်

CoverLogo
617 Views
 
ဂျပန်ဗီဇာလျှောက်ထားသူဦးရေ ဆက်လက်များပြားနေတာကြောင့် တစ်ဦးချင်းဗီဇာလျှောက်ထားတာတွေ အွန်လိုင်း ဘိုကင်စနစ်သစ်နဲ့သာ ဧပြီ ၁ ရက်မှာ စတင်လျှောက်ထားနိုင်တယ်လို ဂျပန်သံရုံးက မတ် ၁၄ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။
ဂျပန်သံရုံးမှာ ဗီဇာလျှောက်ထားရာမှာ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ဖို့ လျှောက်ထားသူ အားလုံးဆီက ပူးပေါင်းကူညီမှုရရှိပေမဲ့ လျှောက်ထားသူ အရေအတွက် များပြားနေဆဲလို့လည်း ထုတ်ပြန်ချက်မှာ မြန်မာဘာသနဲ့ ရေးသားထားပါတယ်။
အဲဒီလို လျှောက်ထားမှု များပြားနေတာကြောင့် ဗီဇာလျှောက်ထားမှု ပိုမိုအဆင်ပြေစေဖို့ ဧပြီ ၁ ရက်ကစလို့ အွန်လိုင်း ဘိုကင်စနစ်ကို အသုံးပြုသွားမှာလို့ သိရပါတယ်။ ဒါကြောင့် ဂျပန်သံရုံးမှာ ဗီဇာလျှောက်ထား လိုသူတွေအနေနဲ့ အွန်လိုင်းဘိုကင်ကို ကြိုတင်ရယူပြီးမှသာ လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
တဦးချင်း ဗီဇာလျှောက်ထားသူတွေအနေနဲ့ အွန်လိုင်းဘိုကင်ကို ကြိုတင်ရယူပြီးမှသာ လျှောက်ထားနိုင်မှာဖြစ်လို့ ဧပြီလ ၁ ရက်စတင်ပြီး Facebook၊ Telegramနဲ့ ဂျပန်သံရုံးအင်တာနက်စာမျက်နှာတွေမှာ ဖော်ပြပေးမယ့် URL (https://mm-emb-japan.revn.jp/?label=9) ကို အသုံးပြုလုပ်ဆောင်ရမှာလို့ သိရပါတယ်။
တစ်ဦးချင်းစီမဟုတ်တဲ့ ခရီးသွားကုမ္ပဏီတွေ၊ အလုပ်သမားအေဂျင်စီတွေနဲ့ဂျပန်စာသင်တန်းကျောင်းစတဲ့ အဖွဲ့လိုက်လျှောက်ထားတာတွေကတော့ ဂျပန်သံရုံးရဲ့ကိုယ်စားလှယ်လျှောက်ထားခွင့် အဖွဲအစည်းအဖြစ် တရားဝင်မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ ၊အဖွဲအစည်းတွေဆီကို အီးမေးလ်တွေကတဆင့် ကိုယ်ပိုင်အသုံးပြုနိုင်တဲ့ URL က တဆင့် ကြိုတင်ဘိုကင်ရယူနိုင်မှာဖြစ်တယ်လိုလည်း ဂျပန်သံရုံးထုတ်ပြန်ချက်အရ သိရပါတယ်။
သိရှိလိုတဲ့ အချက်အလက်တွေကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ တယ်လီဖုန်းအမှတ် (၉၅-၀၁-၅၄၉၆၄၄-၈) ၊ အီးမေးလ် ryoji@yn.mofa.go.jp ဆီ ဆက်သွယ်‌မေးမြန်းနိုင်တယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Related posts

Cover
စက်ရုံဝန်းအတွင်း အရက်၊ ဘီယာ သောက်သုံး၊ရောင်းချပါက အလုပ်ထုတ်ပြီး ပြစ်နှင်ဒဏ်ပေးနိုင်သော ဥပဒေသစ်ပြဌာန်း
May 21, 2026
Cover
အထောက်အထားမဲ့ လုပ်သားတွေကို ၃ လစီမံချက်နဲ့ ဖမ်းဆီးမယ့် သတင်းကြောင့် မြန်မာလုပ်သားတွေ စိတ်ပူနေရ
May 15, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
"ယိုးဒယားပြည်သွားတောလား"
Apr 18, 2026
Cover
ခွင့်ပြန်လုပ်သား များ ပြည်ပပြန် ထွက်ခွင့်အပေါ် စစ်ကော်မရှင် ပိုမိုတင်းကြပ်
Mar 31, 2026
Cover
အလုပ်သွားရန် မြန်မာလုပ်သားများ စီးလာသောယာဥ် တိုက်မှုဖြစ်ပြီး ၆ ဦးဒဏ်ရာရ
Mar 31, 2026
Cover
လမ်းစရိတ် သိန်း ၆၀၀ ​ကျော်နှင့် ဘတ်ရိုက်ခ၊ စမတ်ကြေး ဘတ်၂သိန်းခန့်ပေးရသည့် မြန်မာလုပ်သား ၁၁ ဦး အလုပ်မရဘဲ လိမ်လည်ခံရ
Mar 31, 2026