NEWS

ဂျပန်နိုင်ငံအတွက် အလုပ်ခေါ်စာ တင်ပြခွင့် အေဂျင်စီ တစ်ခုလျင် တစ်လ ၁၅ဦးအထိ သာခွင့်ပြု

CoverLogo
1.1K Views

ဂျပန်နိုင်ငံ အတွက် အလုပ်ခေါ်စာ တင်ပြခွင့် ကို ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ တစ်ခု လျင် အလုပ်သမား ၁၅ဦး အထိသာ ခွင့်ပြုပြီး တစ်လလျှင် တစ်ကြိမ်သာ တင်ပြခွင့် ပြုမယ်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက မတ်လ၂၃ရက် မှာ နိုင်ငံ ပိုင်သတင်းစာကနေ ထုတ်ပြန်လိုက်ပါတယ်။

မတ်လ၂၂ရက် က လည်း ထိုင်းနိုင်ငံ အတွက် အလုပ်ခေါ်စာ တင်ပြခွင့် ကို အေဂျင်စီ တစ်ခုလျှင် အလုပ်သမား ၅၀ဦးထိသာ လက်ခံ ပြီး တစ်လ ကို တစ်ကြိမ်သာ တင်ပြခွင့် ပြုမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။

"ဂျပန်က ကုမ္ပဏီ တစ်ခု က တခါတည်း လူဦးရေ ၁၅ ယောက်အထိ ခေါ်တာမရှိသလောက် နည်းတယ် အခု က အလုပ်ခေါ်စာ ကို တစ်လ တစ်ကြိမ်ပဲ တင်ပြခွင့် ပေးမယ် ဆိုရင် တကယ်လို့ ငါးယောက်ပဲခေါ်တဲ့ အလုပ်ခေါ်စာဆိုရင် တစ်လ ကို ငါးယောက်ပဲ ရမယ့် သဘော ဖြစ်နေတယ် အေဂျင်စီ တွေ အတွက် လုပ်ရကိုင်ရ အလွန်ခက်ခဲ လာပြီ""လို့ လိုင်စင်ရအေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ထုတ်ပြန်ချက် တွင် ၂၀၂၅ ဇန်နဝါရီ ၃၀ ရက်မတိုင်ခင် စာချုပ်ချုပ်ဆိုပြီးသား အေဂျင်စီတွေလည်း လူဦးရေ ၁၅ ဦးထက်ပိုနေပါက  ယခု လ ၂၅ ရက်ကစပြီး ပြင်ဆင်တင်ပြပေးရမှာဖြစ်ကာ တစ်လ ကိုတစ်ကြိမ်သာ တင်ပြ နိုင်မယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံရဲ့အလုပ်ခေါ်စာအသစ်တွေကို တော့ မေ လ၂ ရက်မှာ ပြန်လည်လက်ခံသွားမယ်လို့လည်း သိရပါတယ်။

ကျန်နိုင်ငံ တွေ ဖြစ်တဲ့ ကိုရီးယား၊ စင်ကာပူ၊ မလေးရှားနဲ့ အခြားနိုင်ငံ တွေ အတွက် ဆောင်ရွက်ရမယ့် လုပ်ငန်း အစီအစဉ်များကိုလည်း ဆက်လက်ဖော်ပြပေးမယ်လို့ အသိပေးထားပါတယ်။

 


Related posts

Cover
မလေးရှားတွင် အဖမ်းခံထားရသည့် မြန်မာနိုင်ငံသား ၅၀၀၀ခန့်ကို သင်္ဘောဖြင့် နေရပ်သို့ ပြန်ပို့ရန် စီစဉ်နေ
Aug 10, 2026
Cover
ပွဲစားပြုလုပ်ပေးသည့် စာရွက်စာတမ်းများ စစ်ကြည့်ရာမှ အတုများဖြစ်နေ
Aug 10, 2026
Cover
ထိုင်းတွင် နှစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်သည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၉၀ နီးပါး ဖမ်းဆီးခံရ
Aug 10, 2026
Cover
ရွှေလီရှိ အထည်ချုပ်စက်ရုံ မှ အထောက်အထားမဲ့ မြန်မာလုပ်သား ၄၆ ဦးကို နေရပ် ပြန်ပို့၊ ပြည်ဝင်ခွင့်ပိတ်
Aug 07, 2026
Cover
မလေးရှား အော်ပရာစီ ဖမ်းဆီးမှုကို လွတ်မြောက်​အောင် ကြိုးစားရင်း မြန်မာအမျိုးသမီးတစ်ဦး အဆောက်အအုံပေါ်မှ ပြုတ်ကျသေဆုံး
Aug 07, 2026
Cover
အစိုးရဝန်ထမ်းများ နိုင်ငံကူးလက်မှတ်ပြုလုပ်ထားပါက ပြန်လည်အပ်နှံဖို့ ညွှန်ကြား မအပ်နှံပါက စုံခုံဖွဲ့၍ အရေးယူမည်ဟုဆို
Aug 07, 2026
Cover
Plan B လမ်းကြောင်းဖြင့် ပြည်ပသွား​ရောက် အလုပ်လုပ်ကိုင်မည့် လူငယ်များကို ပြစ်မှတ်ထားဖမ်းဆီးလာ
Aug 07, 2026
Cover
အလုပ်လုပ်ခွင့်ပါမစ်စောင့်ဆိုင်းနေရသည့် ရွှေ့ပြောင်းလုပ်သားများအတွက် သူဌေးပြောင်း အလုပ်ပြောင်းနိုင်မည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်ထုတ်ပေးမည်
Aug 06, 2026